မနက်ဖြန် မိုးကြီးမည့် ဒေသများ နဲ့ မြို့နယ်များ စာရင်း
Sharing is caring!
မနက်ဖန် အင်္ဂါနေ့ (၂၉/၆/၂၀၂၁) အတွက် မိုးအခြေအနေ ကြိုတင်ခန့်မှန်းချက်များ….. Skymet-India နှင့် Meteoblue app: Switzerland (၂)မျိုးဖြင့်ဖေါ်ပြထားပါသည် ။
🌦️ ပုံ-၁ (Skymet-India)
(မိုးရေချိန်ကို မီလီမီတာဖြင့်တရက်စာ(၂၄ နာရီအတွက်)ဖေါ်ပြပါထားသည်)
👉🏿 မိုးနေချိန်ကို mm/day (၂၄ နာရီ/၁ရက်အတွင်းရွာသွန်းသော မီလီမီတာ မိုးရေချိန်)
အစိမ်းနုရောင် 0~5 mm ( 0~0.2 လက္မ) ၊
အစိမ်းရင့်ရောင် 5~10 mm ( 0.2~0.4 လက္မ) ၊
အဝါရောင် 10~20 mm ( 0.4~0.8 လက္မ)
လိမ္မော်ဝါ 20~30 mm (0.8~1.2 လက္မ)
⚠️ ⚠️ ထို့အထက် လိမ္မော်နီ/အနီ/အနီပုပ်အရောင်များ စသည် ဖြင့် ဒေသများသည် မိုးများ>>>မိုးကြီးနိုင်သောဒေသများအဖြစ် မှတ်ယူပါ ။
🌦️ ပုံ-၂ မှ ၁၀ အထိ (Meteoblue app:/ Switzerland )
(မနက် ၁း၀၀/ ၄း၀၀/ ၇း၀၀ / ၁ဝး၀၀ /နေ့ ၁း၀၀/ ညနေ ၄း၀၀ / ည ၇း၀၀/ ၁ဝး၀၀/နောက်တစ်နေ့မနက် ၁း၀၀ )အထိ
(မိုးရေချိန်ကို လက္မဖြင့် ၃နာရီစာ ဖေါ်ပြထားပါသည်)
တနည်းအားဖြင့် …..
👉🏿 အပြာရောင် (မိုးပါးပါး) မှသည် >>> အစိမ်းရောင် >>> အစိမ်းနုရောင် >>> အဝါနုရောင် (မိုးများ) …..>>> ⚠️⚠️ အနီရောင် (မိုးကြီး) ညွန်းဆိုပါသည်။
👉🏿 (မိမိတို့အရပ်ဒေသ ဘယ်အချိန်လောက်မိုးရွာနိုင်သည်/ဘယ်လောက်ရွာနိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်ပါသည်)
❗မနက်ဖန် (၂၉/၆/၂၀၂၁) မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ တချို့တို့တွင် ရံဖန်ရံခါလေပြင်းများ ±20mph ဝန်းကျင်ရှိနိုင်ပါသည်။(ပုံ-၁၁/၁၃)
❗ ကချင်ပြည်နယ်( အထူးသဖြင့် ဆွန်ပရာဘွန်နှင့်အနောက်ဖက်ဒေသများ/ ကချင်ပြည်နယ်၏အရှေ့ဖက်ခြမ်းနှင့်ဆက်စပ်နယ်စပ်ဒေများ) နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတချို့တို့တွင် နေရာကွက်မိုးများနိုင်/မိုးကြီးနိုင်ပါသည်။
❗ ဧရာဝတီနှင့်ချင်းတွင်းမြစ်များ၏ မြစ်ဖျားခံရာ မြောက်ပိုင်းဒေသများတွင် မိုးများ ရွာသွန်း ၊မိုးများလာခြင်းကြောင့် ထိုမြစ်တို့၏ လက်တက် ချောင်း/မြစ်‌ရေများအသီးသီး‌သည်လည်း မြင့်တက်လာနေပါသည်။ သတိပါအမျိုးတို့ ….
(Posted @ 2130 hr/ 28th. June, 2021).
Zawgyi Version
🌦️ ပုံ-၁ (Skymet-India)
(မနက် ၁း၀၀/ ၄း၀၀/ ရး၀၀ / ၁ဝး၀၀ /နေ့ ၁း၀၀/ ညနေ ၄း၀၀ / ည ရး၀၀/ ၁ဝး၀၀/နောက်တစ်နေ့မနက် ၁း၀၀ )အထိ
တနည်းအားဖြင့် …..
Add a Comment
Your email address will not be published. Required fields are marked *