ကိုဗစ်ကြောင့် ​အောက်စီဂျင်ကျ​သော် ဒီလိုအနေအထားနဲ့ အသက်ရှုပေးပါ(ရုပ်သံဖိုင်)

Sharing is caring!

​ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်း​ရေး)အကောင့်မှ ကူးယူဖော်ပြပါသည်။

အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း ​အောက်စီဂျင်ကျသွားရင် ​မှောက်လျက်အ​နေအထား (Prone Position) နဲ့ ​အောက်စီဂျင်​ပေး​​လေ့ရှိတယ်။ ​ပေးဘို့လည်း

Recommend လုပ်ထားပြီးဖြစ်တယ်။ မှောက်လျှက်အ​နေအထားက ကိုဗစ်ဆိုးရွားလူနာ​တွေမှာ အဆုတ်​လေအိတ်​တော်​တော်များများကို ​အောက်စီဂျင်ပိုရ​စေတယ်လို့ ဆိုပါတယ်။ အခု​

နောက်ပိုင်း သု​တေသနများအရ ကိုဗစ်အသင့်အတင့်ဆိုးတဲ့ လူနာ​တွေ၊ Home care လုပ်​ရင်း​အောက်စီဂျင်ကျ​နေတဲ့ ကိုဗစ်လူနာ​တွေမှာ လည်း ​အဆုတ်​လေအိတ်​တွေထဲ အောက်စီ

ဂျင်​ရောက်ရှိဘို့ ​မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလို့ရပါတယ်။ သု​တေသနအရ ​မှောက်လျှက်အသက်ရှူနည်းပြုလုပ်ခြင်းဖြင့် ​အောက်စီဂျင်ပိုရ​စေရုံမျှမက ICU ပို့မယ့်ပမာဏ

လည်း​လျော့သွား​စေမယ်။ လည်​ချောင်းထဲ အသက်ရှူပိုက် ထည့်ရမယ့်ပမာဏလည်း ​လျော့သွား​စေမယ်။ ICU ​ရောက်ခဲ့ရင်လည်း ​အဲဒီမှာ ​နေရမယ့်အချိန်တိုသွား​စေမယ်။ ​ဆေးရုံ

တက်ရမယ့်ရက်​တွေ ​လျော့သွား​စေမယ်။ အသိသာဆုံးက​တော့ လူနာရဲ့ Well being ပါဘဲ။ ​အောက်စီဂျင်ပိုရ​နေ​တော့ လူနာက ​နေရထိုင်ရ အရမ်းသက်သာ​နေတယ်မဟုတ်လား။

ဒီ​တော့ကာ ​မှောက်လျှက် အသက်ရှူခြင်းလုပ်ဖို့အတွက်—

၁။ ဘာ​တွေလိုအပ်မလဲ။

၂။ ဘယ်​လောက်ကြာကြာလုပ်လို့ရသလဲ။

၃။ ဘယ်လိုလူနာမျိုး​တွေဆိုမလုပ်သင့်ဘူးလဲ။

ဆိုတာ​တွေ သိဘို့လိုအပ်လာပါမယ်။

၁။ ဘာ​တွေလိုအပ်မလဲဆိုရင် ​မှောက်လျက်အ​နေအထားအတွက် ​မလိုလားအပ်တဲ့နာကျင်မှု​တွေမဖြစ်​စေဘို့ အခုအခံ ​ခေါင်းအုံး ၅ လုံး​လောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်

ပါ)။ ​အောက်စီဂျင်​ပေးလက်စဆိုရင် ဆက်​ပေးထားဘို့ လိုပါမယ်။ ​အောက်စီဂျင်ပိုက်​တွေ ​ခေါက်​​နေတာ ပြုတ်​နေတာ မဖြစ်ဘို့ ​သေချာစစ်​ဆေးရပါမယ်။

၂။ ဘယ်​လောက်ကြာကြာ လုပ်လို့ရမလဲဆိုရင် ​မှောက်လျက် တစ်ကြိမ်ကို မိနစ် ၃၀ က​နေ ၂ နာရီ​လောက်အထိ ထားလို့ရပါတယ်။ ၁ နာရီထက်ပို​နေနိုင်ရင်​တော့ အ​ကောင်းဆုံး

ပါ။ တစ်​နေ့ကို ၁၆ နာရီအထိ ​မှောက်လျှက်​နေလို့ရပါတယ်။ ကျန်အချိန်​တွေက​တော့ အစာစားဖို့၊ ​ဆေး​သောက်ဖို့၊ သန့်ရှင်း​ရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မ​

မှောက်သင့်ပါဘူး။

၃။ ဘယ်လိုလူနာမျိုး​တွေ မလုပ်သင့်ဘူလဲဆိုရင် —

-ကိုယ်ဝန်ရင့်တဲ့သူ​တွေ (Pregnancy)

-အဝလွန်ဗိုက်ပူတဲ့သူ​တွေ (Morbid Obesity)

-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာ​နေသူ​တွေ (Spondylolisthesis, scoliosis etc)

-​​ခြေ​ထောက်​သွေး​ကြောပိတ်​ရောဂါရှိသူ​တွေ (DVT)

-ဦး​ခေါင်းတွင်းဖိအားများ​နေသူ​တွေ (Increase ICP)

– ​သွေးအရမ်းတိုး၊ နှလုံး​​ကြောင့်အ​မော​ဖောက်​နေတဲ့သူ​တွေ

– လတ်တ​လော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူ​တွေ

စတဲ့သူ​တွေက​တော့ ​မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။

​မှောက်လျှက်အပြင် ​ဘေး​စောင်းအ​နေအထား၊ တစ်ဝက်ထိုင်ခြေ (၆၀ံ) ပက်လက်ခြေဆင်း အ​နေအထား​တွေကလည်း အ​ရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)

​နောက်ထပ်ဖြည့်စွက်ချင်တာက ဒီလိုအ​နေထားနဲ့ အသက်ရှူ​နေလျက်နဲ့မှ ​အောက်စီဂျင်က မတက်လာဘူး၊ လူနာက ​မောတာမသက်သာဘူးဆိုရင် ဆက်မလုပ်သင့်ပဲ ​နီးစပ်ရာကျန်းမာ​

ရေးဝန်ထမ်းများနဲ့ ဆက်လက်တိုင်ပင်သင့်ပါတယ်။ ပြန်လည်သန်စွမ်း​ရေးဆရာဝန်တစ်​ယောက်အ​နေနဲ့ လူနာအ​နေအထားမှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်​ရေးဟာလည်း အ​ရေးပါတာ​

ကြောင့် ​ဆောင်ရန်/​ရှောင်ရန်များနှင့်တကွ သတိပြု လိုက်နာကျင့်သုံးနိုင်​စေဘို့ တင်ပြလိုက်ပါတယ်။

​ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်း​ရေး)

(၁၁-၇-၂၀၂၁)

ရုပ်သံဖိုင် ကြည့်ရန်နှိပ်ပါ

Zawgyi Version

​ေဒါက္တာသိန္းသန္းဝင္း (ျပန္လည္သန္စြမ္း​ေရး)အေကာင့္မွ ကူးယူေဖာ္ျပပါသည္။

အရင္က ကိုဗစ္လူနာမ်ား ICU မွာတင္ရင္း ​ေအာက္စီဂ်င္က်သြားရင္ ​ေမွာက္လ်က္အ​ေနအထား (Prone Position) နဲ႔ ​ေအာက္စီဂ်င္​ေပး​​ေလ့ရွိတယ္။ ​ေပးဘို႔လည္း

Recommend လုပ္ထားၿပီးျဖစ္တယ္။ ေမွာက္လွ်က္အ​ေနအထားက ကိုဗစ္ဆိုး႐ြားလူနာ​ေတြမွာ အဆုတ္​ေလအိတ္​ေတာ္​ေတာ္မ်ားမ်ားကို ​ေအာက္စီဂ်င္ပိုရ​ေစတယ္လို႔ ဆိုပါတယ္။ အခု​

ေနာက္ပိုင္း သု​ေတသနမ်ားအရ ကိုဗစ္အသင့္အတင့္ဆိုးတဲ့ လူနာ​ေတြ၊ Home care လုပ္​ရင္း​ေအာက္စီဂ်င္က်​ေနတဲ့ ကိုဗစ္လူနာ​ေတြမွာ လည္း ​အဆုတ္​ေလအိတ္​ေတြထဲ ေအာက္စီ

ဂ်င္​ေရာက္ရွိဘို႔ ​ေမွာက္လွ်က္အသက္ရႉနည္းကို အသုံးျပဳလို႔ရပါတယ္။ သု​ေတသနအရ ​ေမွာက္လွ်က္အသက္ရႉနည္းျပဳလုပ္ျခင္းျဖင့္ ​ေအာက္စီဂ်င္ပိုရ​ေစ႐ုံမွ်မက ICU ပို႔မယ့္ပမာဏ

လည္း​ေလ်ာ့သြား​ေစမယ္။ လည္​ေခ်ာင္းထဲ အသက္ရႉပိုက္ ထည့္ရမယ့္ပမာဏလည္း ​ေလ်ာ့သြား​ေစမယ္။ ICU ​ေရာက္ခဲ့ရင္လည္း ​အဲဒီမွာ ​ေနရမယ့္အခ်ိန္တိုသြား​ေစမယ္။ ​ေဆး႐ုံ

တက္ရမယ့္ရက္​ေတြ ​ေလ်ာ့သြား​ေစမယ္။ အသိသာဆုံးက​ေတာ့ လူနာရဲ႕ Well being ပါဘဲ။ ​ေအာက္စီဂ်င္ပိုရ​ေန​ေတာ့ လူနာက ​ေနရထိုင္ရ အရမ္းသက္သာ​ေနတယ္မဟုတ္လား။

ဒီ​ေတာ့ကာ ​ေမွာက္လွ်က္ အသက္ရႉျခင္းလုပ္ဖို႔အတြက္—

၁။ ဘာ​ေတြလိုအပ္မလဲ။

၂။ ဘယ္​ေလာက္ၾကာၾကာလုပ္လို႔ရသလဲ။

၃။ ဘယ္လိုလူနာမ်ိဳး​ေတြဆိုမလုပ္သင့္ဘူးလဲ။

ဆိုတာ​ေတြ သိဘို႔လိုအပ္လာပါမယ္။

၁။ ဘာ​ေတြလိုအပ္မလဲဆိုရင္ ​ေမွာက္လ်က္အ​ေနအထားအတြက္ ​မလိုလားအပ္တဲ့နာက်င္မႈ​ေတြမျဖစ္​ေစဘို႔ အခုအခံ ​ေခါင္းအုံး ၅ လုံး​ေလာက္ လိုပါမယ္။ (ပုံ ၁၊ ပုံ ၂ တြင္ၾကည့္

ပါ)။ ​ေအာက္စီဂ်င္​ေပးလက္စဆိုရင္ ဆက္​ေပးထားဘို႔ လိုပါမယ္။ ​ေအာက္စီဂ်င္ပိုက္​ေတြ ​ေခါက္​​ေနတာ ျပဳတ္​ေနတာ မျဖစ္ဘို႔ ​ေသခ်ာစစ္​ေဆးရပါမယ္။

၂။ ဘယ္​ေလာက္ၾကာၾကာ လုပ္လို႔ရမလဲဆိုရင္ ​ေမွာက္လ်က္ တစ္ႀကိမ္ကို မိနစ္ ၃၀ က​ေန ၂ နာရီ​ေလာက္အထိ ထားလို႔ရပါတယ္။ ၁ နာရီထက္ပို​ေနႏိုင္ရင္​ေတာ့ အ​ေကာင္းဆုံး

ပါ။ တစ္​ေန႔ကို ၁၆ နာရီအထိ ​ေမွာက္လွ်က္​ေနလို႔ရပါတယ္။ က်န္အခ်ိန္​ေတြက​ေတာ့ အစာစားဖို႔၊ ​ေဆး​ေသာက္ဖို႔၊ သန္႔ရွင္း​ေရးလုပ္ဖို႔ပါဘဲ။ အစာစားၿပီး ၁ နာရီအတြင္းလည္း မ​

ေမွာက္သင့္ပါဘူး။

၃။ ဘယ္လိုလူနာမ်ိဳး​ေတြ မလုပ္သင့္ဘူလဲဆိုရင္ —

-ကိုယ္ဝန္ရင့္တဲ့သူ​ေတြ (Pregnancy)

-အဝလြန္ဗိုက္ပူတဲ့သူ​ေတြ (Morbid Obesity)

-ခါး႐ိုးဆစ္ျပႆနာရွိလို႔ ခါးနာ​ေနသူ​ေတြ (Spondylolisthesis, scoliosis etc)

-​​ေျခ​ေထာက္​ေသြး​ေၾကာပိတ္​ေရာဂါရွိသူ​ေတြ (DVT)

-ဦး​ေခါင္းတြင္းဖိအားမ်ား​ေနသူ​ေတြ (Increase ICP)

– ​ေသြးအရမ္းတိုး၊ ႏွလုံး​​ေၾကာင့္အ​ေမာ​ေဖာက္​ေနတဲ့သူ​ေတြ

– လတ္တ​ေလာ ရင္ဘတ္ထိခိုက္ဒဏ္ရာနဲ႔ ဝမ္းဗိုက္ခြဲစိတ္ထားသူ​ေတြ

စတဲ့သူ​ေတြက​ေတာ့ ​ေမွာက္လွ်က္ အသက္ရႉျခင္းကို မလုပ္သင့္ပါဘူး။

​ေမွာက္လွ်က္အျပင္ ​ေဘး​ေစာင္းအ​ေနအထား၊ တစ္ဝက္ထိုင္ေျခ (၆၀ံ) ပက္လက္ေျခဆင္း အ​ေနအထား​ေတြကလည္း အ​ေရးႀကီးပါတယ္။ (ပုံ ၃၊ ပုံ ၄ တြင္ၾကည့္ပါ)

​ေနာက္ထပ္ျဖည့္စြက္ခ်င္တာက ဒီလိုအ​ေနထားနဲ႔ အသက္ရႉ​ေနလ်က္နဲ႔မွ ​ေအာက္စီဂ်င္က မတက္လာဘူး၊ လူနာက ​ေမာတာမသက္သာဘူးဆိုရင္ ဆက္မလုပ္သင့္ပဲ ​နီးစပ္ရာက်န္းမာ​

ေရးဝန္ထမ္းမ်ားနဲ႔ ဆက္လက္တိုင္ပင္သင့္ပါတယ္။ ျပန္လည္သန္စြမ္း​ေရးဆရာဝန္တစ္​ေယာက္အ​ေနနဲ႔ လူနာအ​ေနအထားမွန္ကန္စြာျဖင့္ အသက္ဝဝရႉႏိုင္​ေရးဟာလည္း အ​ေရးပါတာ​

ေၾကာင့္ ​ေဆာင္ရန္/​ေရွာင္ရန္မ်ားႏွင့္တကြ သတိျပဳ လိုက္နာက်င့္သုံးႏိုင္​ေစဘို႔ တင္ျပလိုက္ပါတယ္။

​ေဒါက္တာသိန္းသန္းဝင္း (ျပန္လည္သန္စြမ္း​ေရး)

(၁၁-၇-၂၀၂၁)

႐ုပ္သံဖိုင္ ၾကည့္ရန္ႏွိပ္ပါ

Add a Comment

Your email address will not be published. Required fields are marked *