သဘာဝနည်းနဲ့ အဆုတ်အားကောင်းအောင် မြှင့်တင်ခြင်း
|ဒီနေ့ခေတ်လို အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပိုမိုလိုအပ်လာတဲ့ကာလမှာ ငွေကုန်ကြေးကျလည်း သက်သာသလို လိုက်နာနိုင်ရင်လည်း လိုက်နာနိုင်သလောက် အကျိုးရှိစေမယ့်
အဆုတ်အားကောင်း စေမယ့် သဘာဝနည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
၁။အသက်ပြင်းပြင်းရှူခြင်း
အသက်ပြင်းပြင်းရှူပေးခြင်းက အဆုတ်အားကောင်းစေမယ့် နည်းလမ်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။
မနက်စောစောလမ်းလျှောက်ပေးပြီးလတ်ဆတ်တဲ့ လေကိုတဝကြီးရှူရှိုက်ပေးခြင်းက အဆုတ်ကို သန့်စင်စေပါတယ်။
၂။ ရေသောက်သုံးပေးခြင်း
ရေများများသောက်သုံးပေးခြင်းဖြင့် အဆုတ်တွင်းကိုလေဝင်ဖို့ရာလုပ်ဆောင်ချက်တွေကို တိုးတက် ကောင်းမွန် စေပါတယ်။
၃။ အားကစားလုပ်ဆောင်ခြင်း
မနက်ခင်းလမ်းလျှောက်ခြင်းအပြင် ရေကူးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းတွေလို အားကစားလုပ်ဆောင်ခြင်းက အဆုတ်ကျန်းမာရေးကို ထိရောက်စွာကောင်းမွန်စေပါတယ်
၄။ ကြက်သွန်ဖြူစားပေးခြင်း
ကြက်သွန်ဖြူကတော့အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေပြီး ယောင်ရမ်းမှုများကိုလျော့ကျစေကာ သန့်စင်ပေးနိုင်ပါတယ်။
၅။ ဗီတာမင်စီ ပါဝင်သောသီးနှံများစားပေးခြင်း လိမ္မော်သီး၊ ရှောက်ချိုသီးလိုသီးနှံများက အဆုတ် အားကောင်းဖို့ရာ ကူညီပံ့ပိုးပေးနိုင်ပြီး ကူးစက်ရောဂါတွေကို လျော့ချပေးနိုင်ပါတယ်။
၆။ ရီရီမောမောနေထိုင်ခြင်း
မကြာခနရီရီမောမောနေထိုင်ခြင်း ဟာ ဝမ်းဗိုက်ကြွက်သားအလုပ်လုပ်မှုနဲ့ အဆုတ်ရဲ့ ကြွက်သား လုပ်ဆောင်မှု စွမ်းရည်ကို တိုးတက်စေပါတယ်
၇။ပေါ့ပါးသွက်လက်စွာနေထိုင်ခြင်း
နေ့စဉ်နေ့တိုင်း လှုပ်ရှားဆောင်ရွက်မှုတွေကို တိုးမြှင့်ပြီးစိတ်ရောကိုယ်ပါပေါ့ပါးသွက်လက်စွာ နေထိုင်ခြင်းက ကျန်းမာတဲ့ အဆုတ်နဲ့ ကျန်းမာတဲ့ နှလုံးကိုပိုင်ဆိုင် စေပါတယ်
၈။ ဆေးလိပ် ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကို အဓိကထိခိုက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီးတော့ ဆေးလိပ်သောက်ခြင်း/ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း အားလုံးကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဘယတစ်ခုခုရှိနေပြီဆိုတာကိုသိနိုင်မယ့် အကြောင်းတွေအနေနဲ့
-ပုံမှန်အလုပ်တွေလုပ်ရင်းကနအသက်ရှူကျပ်ခြင်း
-အသက်ရှူတဲ့အခါ နာကြင်ခံစားရခြင်း
-လှုပ်ရှားမှုတစ်ခုပြောင်းလဲတဲ့အခါ မူးဝေတတ်ခြင်း
-ချောင်းဆိုးခြင်း
-လေရှူသွင်းရာလမ်းကြောင်းမှာ နာကြင်မှုခံစားရခြင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီအချက်တွေခံစားရမယ် ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်
ဒေါက်တာနိုင်း (ဆေး-၁)
Zawgyi Version
ဒီေန႔ေခတ္လို အဆုတ္က်န္းမာေရးကို ဂ႐ုစိုက္ၾကဖို႔ ပိုမိုလိုအပ္လာတဲ့ကာလမွာ ေငြကုန္ေၾကးက်လည္း သက္သာသလို လိုက္နာႏိုင္ရင္လည္း လိုက္နာႏိုင္သေလာက္ အက်ိဳးရွိေစမယ့္
အဆုတ္အားေကာင္း ေစမယ့္ သဘာဝနည္းလမ္းအခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။
၁။အသက္ျပင္းျပင္းရႉျခင္း
အသက္ျပင္းျပင္းရႉေပးျခင္းက အဆုတ္အားေကာင္းေစမယ့္ နည္းလမ္းေတြထဲက တစ္ခ်က္ပဲ ျဖစ္ပါတယ္။
မနက္ေစာေစာလမ္းေလွ်ာက္ေပးၿပီးလတ္ဆတ္တဲ့ ေလကိုတဝႀကီးရႉရႈိက္ေပးျခင္းက အဆုတ္ကို သန႔္စင္ေစပါတယ္။
၂။ ေရေသာက္သုံးေပးျခင္း
ေရမ်ားမ်ားေသာက္သုံးေပးျခင္းျဖင့္ အဆုတ္တြင္းကိုေလဝင္ဖို႔ရာလုပ္ေဆာင္ခ်က္ေတြကို တိုးတက္ ေကာင္းမြန္ ေစပါတယ္။
၃။ အားကစားလုပ္ေဆာင္ျခင္း
မနက္ခင္းလမ္းေလွ်ာက္ျခင္းအျပင္ ေရကူးျခင္း၊ ေတာင္တက္ျခင္း၊ စက္ဘီးစီးျခင္းေတြလို အားကစားလုပ္ေဆာင္ျခင္းက အဆုတ္က်န္းမာေရးကို ထိေရာက္စြာေကာင္းမြန္ေစပါတယ္
၄။ ၾကက္သြန္ျဖဴစားေပးျခင္း
ၾကက္သြန္ျဖဴကေတာ့အသက္ရႉလမ္းေၾကာင္းကိုေကာင္းမြန္ေစၿပီး ေယာင္ရမ္းမႈမ်ားကိုေလ်ာ့က်ေစကာ သန႔္စင္ေပးႏိုင္ပါတယ္။
၅။ ဗီတာမင္စီ ပါဝင္ေသာသီးႏွံမ်ားစားေပးျခင္း လိေမၼာ္သီး၊ ေရွာက္ခ်ိဳသီးလိုသီးႏွံမ်ားက အဆုတ္ အားေကာင္းဖို႔ရာ ကူညီပံ့ပိုးေပးႏိုင္ၿပီး ကူးစက္ေရာဂါေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။
၆။ ရီရီေမာေမာေနထိုင္ျခင္း
မၾကာခနရီရီေမာေမာေနထိုင္ျခင္း ဟာ ဝမ္းဗိုက္ႂကြက္သားအလုပ္လုပ္မႈနဲ႔ အဆုတ္ရဲ႕ ႂကြက္သား လုပ္ေဆာင္မႈ စြမ္းရည္ကို တိုးတက္ေစပါတယ္
၇။ေပါ့ပါးသြက္လက္စြာေနထိုင္ျခင္း
ေန႔စဥ္ေန႔တိုင္း လႈပ္ရွားေဆာင္႐ြက္မႈေတြကို တိုးျမႇင့္ၿပီးစိတ္ေရာကိုယ္ပါေပါ့ပါးသြက္လက္စြာ ေနထိုင္ျခင္းက က်န္းမာတဲ့ အဆုတ္နဲ႔ က်န္းမာတဲ့ ႏွလုံးကိုပိုင္ဆိုင္ ေစပါတယ္
၈။ ေဆးလိပ္ ျဖတ္ျခင္း
ေဆးလိပ္ေသာက္ျခင္းကေတာ့ အဆုတ္ကို အဓိကထိခိုက္ေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ၿပီးေတာ့ ေဆးလိပ္ေသာက္ျခင္း/ေဆးလိပ္ေငြ႕ရႉရႈိက္ျခင္း အားလုံးကိုေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။
အဆုတ္နဲ႔ပတ္သက္တဲ့ ေရာဂါဘယတစ္ခုခုရွိေနၿပီဆိုတာကိုသိႏိုင္မယ့္ အေၾကာင္းေတြအေနနဲ႔
-ပုံမွန္အလုပ္ေတြလုပ္ရင္းကနအသက္ရႉက်ပ္ျခင္း
-အသက္ရႉတဲ့အခါ နာၾကင္ခံစားရျခင္း
-လႈပ္ရွားမႈတစ္ခုေျပာင္းလဲတဲ့အခါ မူးေဝတတ္ျခင္း
-ေခ်ာင္းဆိုးျခင္း
-ေလရႉသြင္းရာလမ္းေၾကာင္းမွာ နာၾကင္မႈခံစားရျခင္း စတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။
ဒီအခ်က္ေတြခံစားရမယ္ ဆိုရင္ေတာ့ သက္ဆိုင္ရာဆရာဝန္နဲ႔ျပသၿပီး ေဆးကုသမႈခံယူသင့္ပါတယ္
ေဒါက္တာႏိုင္း (ေဆး-၁)