လူတိုင်းသိသင့်တဲ့ ကိုဗစ် ၁၉ အရေးပေါ် Hotline ဖုန်းများ
|ယခုအချိန်မှာဆိုရင်တော့ COVID-19 အသွင်ပြောင်းဗိုင်းရပ်စ်ပိုးက မြန်မာနိုင်ငံအတွင်းမှာ တတိယလှိုင်းအဖြစ် ကူးစက်မှုတွေပြန့်ပွားလျက်ရှိနေပါတယ်။
ပြည်သူများအတွက် COVID -19 ရောဂါနှင့်ပတ်သတ်ပြီး တိကျမှန်ကန်သောသတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်ရည်ရွယ်ပြီး “Blue Ocean
Operating Management” မှ “COVID-19 Call Center” ကို ဖွင့်လှစ်ပေးထားပါတယ်ခင်ဗျား။
ဖွင့်လှစ်ပေးထားတဲ့ Hotline တွေကတော့
☎️ 1876 (MPT )
☎️ 8876 (Telenor, Mytel)
☎️ 1877 (MPT)
☎️ 8877 (Telenor, Mytel)
☎️ 2019 အခမဲ့ Hotline (MPT, Telenor, Ooredoo, Mytel ) အစရှိတဲ့ Hotline တွေပဲဖြစ်ပါတယ်။
📲 အဆိုပါ Hotline တွေကို ဖုန်းခေါ်ဆိုပြီး Oxygen ရရှိနိုင်မယ့်နေရာများ၊ လူနာတင်ယာဉ်ခေါ်ဆိုနိုင်မယ့်ဖုန်းနံပါတ်များ၊ ဆေးဝါးမှာယူနိုင်မယ့်နေရာများ ၊ COVID-19 ရောဂါ
နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်များ၊ ကာကွယ်နိုင်မယ့်နည်းလမ်းများကိုနားဆင်နိုင်ပါတယ်။
Hotline လိုင်းခွဲတွေအနေနဲ့
📞Oxygen ရရှိနိုင်မည့် နေရာများအားသိရှိလိုပါက နံပါတ် ၁ ကိုနှိပ်ပါ။
📞Covid 19 Positive ဖြစ်ပြီး Oxygen မရရှိသေးချိန် ခန္တာကိုယ်အတွင်း Oxygen Level ပြန်တက်လာအောင် ပြုလုပ်နိုင်မည့်နည်းလမ်းများအကြောင်း သိရှိလိုပါက နံပါတ် ၂ ကိုနှိပ်ပါ။
📞အရေးပေါ်လူနာတင်ယဉ်ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များသိရှိလိုပါက နံပါတ် ၃ ကိုနှိပ်ပါ။
📞ဆေးဝါးများ မှာယူရရှိနိုင်မည့်နေရာများအား သိရှိလိုပါက နံပါတ် ၄ ကိုနှိပ်ပါ။
📞ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် လက္ခဏာ များအားသိရှိလိုပါက နံပါတ် ၅ ကိုနှိပ်ပါ။
📞ကူးစက်နိုင်သောနည်းလမ်းများအကြောင်းသိရှိလိုပါက နံပတ် ၆ ကိုနှိပ်ပါ။
📞ကာကွယ်နိုင်သောနည်းလမ်းများအကြောင်းသိရှိလိုပါက နံပတ် ၇ ကိုနှိပ်ပါ။
📲 ပြည်သူများအနေဖြင့် ကျန်းမာရေးအသိမပေါ့ဆဘဲ အောက်ပါအချက်အလက်များကို စနစ်တကျလိုက်နာကျင့်သုံးမှသာ COVID-19 ကူးစက်မှုရောဂါမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
( ၁) လူစုလူဝေးရှိရာနေရာများကို ရှောင်ကြဉ်ကြရန်။
(၂) အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရန်။
(၃) အပြင်မှပြန်လာချိန်နှင့် အရာဝတ္ထုများကိုင်တွယ်ပြီးချိန်တွင် လက်ကို Handgel (သို့မဟုတ်) ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စင်ကြယ်စွာဆေးကြောကြရန်။
(၄) တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ပေ (သို့မဟုတ်) ၆ပေအကွာတွင် နေထိုင်ရန်အထူးလိုအပ်ပါတယ်ခင်ဗျာ။
#covid19callcenter
#blueocean