မြန်မာပြည်မှာ အရေးပေါ်လိုအပ်နေတဲ့ အရာ
Sharing is caring!
O2 အရေးတကြီးလိုနေတဲ့လူနာမိသားစုကို40L အောက်စီဂျင်ဆလင်ဒါအိုးကိုအောက်စီဂျင်ပါမယ်ပြောဆိုပြီးအောက်စီဂျင်မပါဘဲ ၁၁ သိန်းနဲ့လာချရောင်းသွားတယ်၊အားလုံးဆင်ပြီး
အောက်စီဂျင်စပေးတော့ အထဲမှာအောက်စီဂျင်မပါတဲ့အိုးအလွတ်ဖြစ်နေလို့တော်တော်ဒုက္ခရောက်ပြီးလူနာပါဆုံးပါးသွားတယ်၊အောက်စီဂျင် 40L အိုးကိုမဖြစ်မနေလိုအပ်နေတဲ့မိသားစုကို
၁၆ သိန်းနဲ့ရောင်းတယ်၊အာဂွန်ဓာတ်ငွေ့ဆလင်ဒါကိုအောက်စီဂျင်အိုးပါဆိုပြီး40L အိုးတွေကိုတစ်အိုးကို ၈ သိန်းကျော်နဲ့အရေးပေါ်လူနာတွေကိုရောင်းပေးကြတယ်၊RegulatorFlow
meter တပ်အောက်စီဂျင်ပေးပြီးသုံးမိနစ်အကြာမှာ လူနာ နှစ်ယောက်ဆုံးပါးသွားတယ်၊မျက်နှာနဲ့ ခြေလက်တွေချက်ချင်းမဲပြာသွားတယ်၊အောက်စီဂျင်အိုးလိုနေတဲ့သူတွေ၊
Oxygen Concentrator စက်လိုနေတဲ့သူတွေ၊Flow meter လိုနေတဲ့သူတွေကိုPre Order အတွက် 50% ငွေကြိုလွှဲရမယ်ပြောပြီးငွေလွှဲခိုင်းတယ်၊ပြီးတော့ Block တယ်၊
အကောင့် D ပစ်လိုက်ပြီးငွေတွေလိမ်တယ်၊လူနာရှင်တွေမှာတစ်ပူကနေ နှစ်ပူဖြစ်ကုန်ရော၊ဌက်သိုက်ဗူးအသေး40ml တစ်ဗူးကို ၇၀၀၀ ကျပ်တဲ့ပုံမှန် ၃၂၀၀ လောက်သာရှိတဲ့ဈေးက
နေ တစ်ဆကျော်ခုန်တက်သွားတယ်၊မြန်မာပြည်မှာ အခုအချိန်အရေးတကြီးလိုနေတဲ့အရာကအောက်စီဂျင်လည်း မဟုတ်ဘူး၊Flow meter လည်းမဟုတ်ဘူး၊ကုသဆေးဝါးတွေလည်း
မဟုတ်၊သူ့နေရာမှာ ငါဆိုရင်ဆိုတဲ့ကိုယ်ချင်းစာတရားလေးထားဖို့ အရေးတကြီးလိုနေတာပါ၊ကျွန်တော်အမြဲပြောခဲ့ဖူးပါတယ်၊လူရယ်လို့ဖြစ်လာရင်စာ တတ်ရမယ်ဆိုတာ၊Letter စာကို
ပြောတာမဟုတ်ပါအခုပြောတဲ့ ကိုယ်ချင်းစာတတ်ဖို့ကိုပြောတာပါဗျာ…ကိုဗစ်ဝေဒနာခံစားနေရသူမိသားစုများအနေနဲ့လူလိမ်များကို သတိထားကြဖို့သတိပေးချင်ပါတယ်ဗျာ၊
ကိုဗစ်ဝေဒနာခံစားနေတဲ့ကျွန်တော့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက်ပြန်ကောင်းလာတာ၊ယခင်အတိုင်း ပုံမှန်ဖုန်းပြောလာနိုင်၊စားနိုင် သောက်နိုင်လာကြပါပြီ၊
ကိုဗစ်ကို တိုက်ဖျက်ဖို့အတွက်ကဒီရောဂါကို ငါ နိုင်ကို နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်ထားနိုင်ရင်ယုံကြည်စိတ်ထားရင်၅၀ ရာခိုင်နှုန်း သက်သာပျောက်ကင်းပါတယ်ဗျ၊၊
ဒါကြောင့် ဒီကာလကနေဒီကပ်ရောဂါကနေ ငါတို့တွေ ကျော် ကို ကျော်နိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး ကျော်ဖြတ်ကြရအောင်ဗျာ။မိတ်ဆွေများအားလုံး
ကပ်သုံးပါးမှကျော်လွှားနိုင်ကြပါစေ၊
ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
Zawgyi Version
ချစ်ခြင်းအားဖြင့်
Add a Comment
Your email address will not be published. Required fields are marked *