ဒီဆေးကို သောက်နေကြရင် အခု ရပ်လိုက်ပါ
Sharing is caring!
ကိုဗစ်ပျောက်တယ်ဆိုလို့ အဲ့ဒီဆေး သောက်လိုက်တာအရေပြားမှာအရည်ကြည်ဖုတွေထပြီးအနာတွေဖြစ်မျက်လုံးတွေနှုတ်ခမ်းတွေမှာလည်းအနာတွေဖြစ်ကုန်တယ်နေမကောင်းချင်သလို
ဖြစ်တာနဲ့ Online ကမှာသောက်တဲ့ ကိုဗစ်ပျောက်ဆေး ဆိုတာသောက်လိုက်တာ အဲ့လိုတွေဖြစ်သွားတယ် ဆေးမတည့်တာပါ “Steven Johnson syndrome” လို့ခေါ်ပါ
တယ် ။
– ရှားပါတယ် ။
– ဒါပေမယ့်ဖြစ်ရင် အန္တရာယ်အလွန်ကြီးပါတယ် ။
– အရမ်းခံစားရပါတယ် (အရမ်းနာပါတယ်) ။
– သေတောင်သေပါတယ် ။
အရည်ကြည်ဖုတွေထွက်လာတယ်ပေါက်ကုန်တယ် (အရမ်းနာပါတယ်)အရေခွံတွေလန်တယ် ( ရေဓာတ်ဆုံးရှုံးပါတယ်မျက်လုံးလည်းထိသလို အမြင်အာရုံဆုံးရှုံးတက်ပါတယ် ။
အများအားဖြင့် Sulphur ပါတဲ့ဆေးမတည့်သူတွေ၊ Uric acid ကျတဲ့ဆေး Allopurinol နဲ့ မတည့်သူတွေ မှာ ရှားပေမယ့် တွေ့ရတတ်ပါတယ်။Sulphur ပါတဲ့ ပိုး
သတ် ဆေးတို့Allopurinol တို့ဟာ လိုအပ်လို့ ပေးရတာဖြစ်လို့ ဖြစ်နိုင်တယ်လို့ ကြိုမှာပြီး ပေးတာဖြစ်လို့ စဖြစ်တာနဲ့ ဆေးရပ်ပြီး ဆေးရုံအမြန်ပြဖြစ်ပြီး ကုသမှုအမြန် ခံယူရ
လျှင် သက်သာပျောက်ကင်းနိုင်ပါတယ်။အခုဆေးကတော့”သူတို့ ရိုးရာတိုင်းရင်းဆေး” ဖြစ်ပြီး တုပ်ကွေးလိုမျိုး ဖျားနာကိုက်ခဲတဲ့ ရောဂါတွေမှာ သုံးတယ်လို့သိရပါတယ်။
ပြောရရင် ဒို့တွေဆီက “အဖျားကျသွေးဆေး” လိုပဲပေါ့။ကိုဗစ်မှာ ဖြစ်တဲ့လူရဲ့ (၈၀ ရာခိုင်နှုန်း) က သူ့အလိုလိုပြန်ကောင်းတယ်လေ အဲ့တော့ လူတိုင်း ဒီဆေးကိုသောက်နေကြရင်
အလိုလိုပြန်ကောင်းမယ် ၈၀ ရာခိုင်နှုန်း က ကိုယ်တွေ့ဆိုပြီး Share နေကြတော့ထူးခြားမှုမရှိ၊ အကျိုးမရှိတဲ့ ဆေးကိုသောက်ပြီး အခုလိုကြောက်ဖို့ ကောင်းတဲ့ ဘေးထွက်ဆိုးကျိုး
ရလာနိုင်တယ် ဆိုတာ သတိပေးလိုရင်းပါ။(ဆေးသောက်ပြီး ဝေဒနာခံစားခဲ့ရတဲ့ လူနာနှင့် မိသားစုမှ အခြားသူများဘေးမဖြစ်စေရန် ဓာတ်ပုံအသုံးပြုခွင့်ပေး၍ ပုံအသုံးပြုပါသည်)
ကျန်းမာရေးဗဟုသုတတိုးပြီးသက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
10:05 am/05.08.2021
Zawgyi Version
တယ် ။
– ရှားပါတယ် ။
– သေတောင်သေပါတယ် ။
Dr ဘုန်းစည်သူလွင်
10:05 am/05.08.2021
Add a Comment
Your email address will not be published. Required fields are marked *