ဓါတုဆိုးဆေးမပါပဲ ကိုယ်တိုင်ငါးမုန့်ကြော်လေး လုပ်စားကြစို့

Sharing is caring!

နှစ်သက်ရာငါးခြစ် ၁၀ကျပ်သား ( ခု လုပ်ပြထားတာ ငါးမြစ်ချင်း ခြစ်နဲ့ပါ) ကို ဂျင်း ဆား ဟင်းခပ်မှုန့် နဲ့ စေးပိုင်နေအောင် ထောင်းပြီးကော်မှုန့် ၁၀ကျပ်သားနဲ့ သေချာ နှံ့စပ်

အောင် ရောနယ်ရပါမယ်နှံ့ပြီဆိုရင်အချင်း ၂လက်မလောက် အလုံးရှည်လေး ရအောင် လှိမ့်ပြီး ပုံသွင်းပါမယ်။ပြီးရင် ၄၅ မိနစ်လောက် ပေါင်းပါမယ်ကျက်ရင် အအေးခံ ပြီး

ရေခဲသေတ္တာ အအေးခန်း ( အခဲခန်းမဟုတ်) ထဲ ၃/၄ နာရီလောက် ထားပါမယ်လှီးလို့ကောင်းမယ့်အနေအထား ခပ်မာမာလေး ဖြစ်လာရင်ဓါးထက်ထက်နဲ့ ပါးပါးလှီးပြီး ဗန်းထဲထ

ည့်လှန်းပါမယ်ကောင်းကောင်းခြောက်ပြီဆိုရင်ကြော်စားတော့မယ်နော်😋။

Handmade စစ်စစ်လေး လုပ်စားရင်းမိသားစုတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်လိုအပ်တာရှိရင်လည်း ဖြည့်ပေးပါနော်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

မယ်ဆိုး

😊မှတ်ချက်😊

( တစ်ယောက်ချင်း ဖြေနေရင် လူတိုင်း မဖတ်မိမှာ စိုး လို့ ထပ်ဖြည့်လိုက်ပါတယ်နော်) နှစ်သက်ရာ ငါးခြစ်လို့ ရေးထားတာက တခြားငါးတွေနဲ့လုပ်တာလည်း တွေ့ရလို့ပါ

မယ်ဆိုး လက်တွေ့ လုပ်ပြထားတာက ငါးမြစ်ချင်း ခြစ်နဲ့ပါငါးပေါ်မူတည်ပြီး အပွကွာတယ်လို့တော့ သိရပါတယ်ဒီငါးတစ်မျိုးထဲနဲ့ လုပ်ဖူးသေးတာမို့ တခြားငါးအကြောင်းတော့ မပြော

တတ်ပါဘူးကော်မှုန့်လို့ပြောမယ့်အစားမွှေးကော်မှုန့်လို့ ပြောရင် ပို ရှင်းမယ်နော်😇(Tapioca Starch ) နော်နောက် ဆား ထည့်တဲ့အခါ ကိုယ်သုံးမယ့်ငါးခြစ်ပမာဏကို ဟင်း

ချက်တဲ့ခါ ထည့်မယ်မှန်းတာထက် နည်းနည်းလျှော့ထည့်ပါတယ် ငန်သွားတတ်ပါတယ်နော်အကြိုက်မတူလို့ အတိအကျ မရေးပေးထားတာပါကိုယ်ကြိုက်လို့ လေ့လာစမ်းသပ်ရင်း

အဆင်ပြေတာမို့ ဝါသနာတူသူတွေအတွက် စေတနာ သန့်သန့်နဲ့ မျှဝေပေးတာပါ မိသားစုတွေ ကိုယ်တိုင်လုပ်စားကြဖို့အတွက်သာရည်ရွယ်ထားတဲ့ post ပါနော်

အပြုသဘောဆောင်တဲ့ လိုအပ်တာတွေ ဖြည့်စွက်အကြံပေးကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

*Credit#

Zawgyi Version






မယ်ဆိုး

😊မှတ်ချက်😊







*Credit#

Add a Comment

Your email address will not be published. Required fields are marked *