အိမ်ရှင်မတွေကို စိတ်ညစ်စေတဲ့ဆန်ပိုးများမလာအောင် ကာကွယ်နည်း
|အိမ်ရှင်မများအတွက်သတင်းကောင်း ဆန်ပိုးမလာအောင်ကာကွယ်နည်းများ တင်ပေးလိုက်ပါတယ်နော်။
ဆန်ပိုးဆိုတာ မီးဖိုချောင်ထဲဝင်ရတဲ့ စာဖိုမှူးတွေ အိမ်ထောင်ရှင်မတွေအတွက် ရန်သူတွေထဲကတစ်ယောက်ပါ။ဆန်ပိုးဟာ တော်တော်ကိုစိတ်အနှောက်အယှက် ပေးပါတယ်။
သတိမထားလိုက်ပဲ ချက်လိုက်မိရင်လည်း ထမင်းက ပိုးနံ့ကြီးနံနေတတ်ပြန်ပါတယ်။အဲဒါကြောင့် ခုဆန်ပိုးတွေ မတက်အောင် ဆန်အိုးထဲထည့်ပြီး ကြိုတင်ကာကွယ်တဲ့နည်းပေးမှာဖြစ်
ပြီးထိုနည်းလမ်းလေးတွေနဲ့တိုက်ထုတ်လိုက်ကြရအောင်။
1.ဂျင်းတက် များထည့်ထားခြင်း။
2.အောင်မဲညိုပန်းထည့်ခြင်း။
3.ထင်းရှူးဆီ ချောင်းလေးများထည့်ထားခြင်း။
4.ငရုတ်သီးခြောက်ကြီးများထည့်ထားခြင်း။
5.ဩဇာရွက်ခြောက်ထည့်ခြင်း။
6.လောက်သေရွက်ထည့်ခြင်း။
7.ကြက်သွန်နီထည့်ထားခြင်း။
အထူးသတိထားရမှာကတော့ ဆန်တွေကိုနေပူမလှန်းရပါ။လှန်းပြီးရင်ပိုးတွေပြေးပေမယ့် ချက်ပီးသွားရင် ထမင်းတွေပျက်စီးနေတတ်ပါတယ်။
Credit
Zawgyi Version
Credit