ဗုဒ္ဓဘာသာနှင့်ပါချုပ်ဆရာတော်ကြီးကို စော်ကားသူမှ မြို့နေလူထုကို တောင်းပန်
|မကြာခင် ရက်ပိုင်းက အင်တာနက် စာမျက်နှာပေါ်မှာ Kyaw Win Thant အမည်ရှိတဲ့ Facebook အကောင့်ကနေပြီးတော့ သာသနာတော်နဲ့ ရဟန်းသံဃာတော်များ ၊ ပါချုပ်ဆရာတော်ကြီးကိုပါ ဆဲဆို ရိုင်းစိုင်းခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို လက်မခံနိုင်တဲ့ အင်တာနက် သုံးစွဲသူတွေအကြားမှာ အပြင်းအထန် ဝေဖန်မှုတွေဖြစ်တည်လာခဲ့ပါတယ်။
ဒီလိုပြောဆိုသူဟာ မိတ္ထီလာမြို့ က ဖြစ်ပြီးတော့ သူ့ကိုသိတဲ့ မြို့နေလူထုက ထိုရိုင်းစိုင်းသူ ကို အရေးယူနိုင်ရေးအပြင် ကိုယ်ထိလက်ရောက်ဆုံးမ နိုင်ဖို့အတွက် လူအများစုစည်းခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို ပြောဆိုခဲ့သူအနေနဲ့ သူမှားယွင်းခဲ့ကြောင်း ၊ အားလံးု စိတ်မချမ်းမြေ့စရာဖြစ်အောင် ပြောဆိုခဲ့မှုအတွက် တောင်းပန်ကြောင်းကို အင်တာနက် စာမျက်နှာမှတဆင့် ဆောင်ရွက်ခဲ့ပေမယ့် လူအများကတော့ လုံးဝ ကျေနပ်ခဲ့မှု မရှိကြတာကိုတွေ့ရပါတယ်။
ယခုလည်း မြို့နေလူထု ကို သူ့အနေနဲ့ တောင်းပန်ကြောင်းသိရပါတယ်။ ဒါပေမယ့် တောင်းပန်မှုကို လက်မခံပဲ တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
Zawgyi Version
မၾကာခင္ ရက္ပိုင္းက အင္တာနက္ စာမ်က္ႏွာေပၚမွာ Kyaw Win Thant အမည္ရွိတဲ့ Facebook အေကာင့္ကေနၿပီးေတာ့ သာသနာေတာ္နဲ႔ ရဟန္းသံဃာေတာ္မ်ား ၊ ပါခ်ဳပ္ဆရာေတာ္ႀကီးကိုပါ ဆဲဆို ႐ိုင္းစိုင္းခဲ့တဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ပြားခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ကို လက္မခံႏိုင္တဲ့ အင္တာနက္ သုံးစြဲသူေတြအၾကားမွာ အျပင္းအထန္ ေဝဖန္မႈေတြျဖစ္တည္လာခဲ့ပါတယ္။
ဒီလိုေျပာဆိုသူဟာ မိတၳီလာၿမိဳ႕ က ျဖစ္ၿပီးေတာ့ သူ႔ကိုသိတဲ့ ၿမိဳ႕ေနလူထုက ထို႐ိုင္းစိုင္းသူ ကို အေရးယူႏိုင္ေရးအျပင္ ကိုယ္ထိလက္ေရာက္ဆုံးမ ႏိုင္ဖို႔အတြက္ လူအမ်ားစုစည္းခဲ့ၾကတယ္လို႔ သိရပါတယ္။
အခုလို ေျပာဆိုခဲ့သူအေနနဲ႔ သူမွားယြင္းခဲ့ေၾကာင္း ၊ အားလံးု စိတ္မခ်မ္းေျမ့စရာျဖစ္ေအာင္ ေျပာဆိုခဲ့မႈအတြက္ ေတာင္းပန္ေၾကာင္းကို အင္တာနက္ စာမ်က္ႏွာမွတဆင့္ ေဆာင္႐ြက္ခဲ့ေပမယ့္ လူအမ်ားကေတာ့ လုံးဝ ေက်နပ္ခဲ့မႈ မရွိၾကတာကိုေတြ႕ရပါတယ္။
ယခုလည္း ၿမိဳ႕ေနလူထု ကို သူ႔အေနနဲ႔ ေတာင္းပန္ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ေတာင္းပန္မႈကို လက္မခံပဲ တည္ဆဲဥပေဒအရ တရားစြဲဆိုသြားမယ္လို႔ သိရပါတယ္။