စိုက်ပျိုးတောင်သူများ သတိပြုနိုင်စေဖို့ မုတ်သုန်ဆုတ်ခွာချိန်

Sharing is caring!

မြန်မာနိုင်ငံ တောင်သူများသည် မုတ်သုန်မိုးကို အမှီပြု့၍ စိုက်ပျိုးလုပ်ကိုင်ရသည်။ ယခု September လသည် မိုးနှောင်း နိဂုံးချုပ်သည့် ကာလဖြစ်သည်။

ထိုကြောင့် စိုက်ပျိုးလုပ်ကိုင်သူများ သတိချပ်နိုင်ရန် မုတ်သုန်ဆုတ်ခွာရက်ကို ကြိုတင် တင်ပြအပ်ပါသည်။

မုတ်သုန်လေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ 2021 September 13 မှ 18 ရက်အတွင်း ဆုတ်ခွာပါမည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ 2021 September 19မှ 24 ရက်အတွင်း ဆုတ်ခွါပါမည်။ မြစ်ဝကျွန်းပေါ် ဒေသမှ 2021 September 25 မှ 30ရက်အတွင်း ဆုတ်ခွါပါမည်။

မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံတဝှမ်းလုံးမှ 2021 October 1ရက်နေ့မှ 6 ရက်နေ့အတွင်း ဆုတ်ခွါမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

မုတ်သုန်လေ ဆုတ်ခွါရက်သာဖြစ်ပြီး ဘင်္ဂလားပင်လယ်အတွင်း လေထုမငြိမ်သက်မှုများ၊ အရှေ့ဘက်မှ မုန်တိုင်းအကြွင်းအကျန်များ ၊လေဖိအားနည်းရပ်ဝန်းများ ၊

ဆိုင်ကလုန်းများ ဖြစ်ပေါ်ပါက မြန်မာနိုင်ငံအနေဖြင့် မိုးအနည်းနှင့်အများဆိုသလို ရရှိနိုင်ပါ‌‌သေးသည်။

Zawgyi Version

ျမန္မာႏိုင္ငံ ေတာင္သူမ်ားသည္ မုတ္သုန္မိုးကို အမွီျပဳ႕၍ စိုက္ပ်ိဳးလုပ္ကိုင္ရသည္။ ယခု September လသည္ မိုးေႏွာင္း နိဂုံးခ်ဳပ္သည့္ ကာလျဖစ္သည္။

ထိုေၾကာင့္ စိုက္ပ်ိဳးလုပ္ကိုင္သူမ်ား သတိခ်ပ္ႏိုင္ရန္ မုတ္သုန္ဆုတ္ခြာရက္ကို ႀကိဳတင္ တင္ျပအပ္ပါသည္။

မုတ္သုန္ေလသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွ 2021 September 13 မွ 18 ရက္အတြင္း ဆုတ္ခြာပါမည္။

ျမန္မာႏိုင္ငံ အလယ္ပိုင္းမွ 2021 September 19မွ 24 ရက္အတြင္း ဆုတ္ခြါပါမည္။ ျမစ္ဝကြၽန္းေပၚ ေဒသမွ 2021 September 25 မွ 30ရက္အတြင္း ဆုတ္ခြါပါမည္။

ျမန္မာႏိုင္ငံ ေတာင္ပိုင္းႏွင့္ ျမန္မာႏိုင္ငံတဝွမ္းလုံးမွ 2021 October 1ရက္ေန႔မွ 6 ရက္ေန႔အတြင္း ဆုတ္ခြါမည္ျဖစ္ေၾကာင္း ႀကိဳတင္ အသိေပးအပ္ပါသည္။

မုတ္သုန္ေလ ဆုတ္ခြါရက္သာျဖစ္ၿပီး ဘဂၤလားပင္လယ္အတြင္း ေလထုမၿငိမ္သက္မႈမ်ား၊ အေရွ႕ဘက္မွ မုန္တိုင္းအႂကြင္းအက်န္မ်ား ၊ေလဖိအားနည္းရပ္ဝန္းမ်ား ၊

ဆိုင္ကလုန္းမ်ား ျဖစ္ေပၚပါက ျမန္မာႏိုင္ငံအေနျဖင့္ မိုးအနည္းႏွင့္အမ်ားဆိုသလို ရရွိႏိုင္ပါ‌‌ေသးသည္။

Add a Comment

Your email address will not be published. Required fields are marked *