ကညနမှာ မော်တော်ယဉ် သက်တမ်းတိုးရင် ဘာတွေလိုမလဲ လာမေးနေသူတွေအတွက်
Sharing is caring!
ကညန ရုံးတွေမှာ မော်တော်ယာဉ်သက်တမ်းတိုးအမည်ပြောင်း ဆောင်ရွက်မည့်မိတ်ဆွေများအတွက်လိုအပ်သည့် စာရွက်စာတမ်းများ…..
၁။ ယာဉ်မှတ်ပုံတင်စာအုပ် ( Owner Book )
၂။ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ( Wheel Tax )
၃။ မြန်မာ့အာမခံလုပ်ငန်းစာအုပ် ( အစိမ်းရောင်စာအုပ် )
၄။ အခွန်ဆောင်ထားသူ၏မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
၅။ အိမ်ထောင်စုစာရင်း မူရင်း နှင့် မိတ္တူ
၆။ အခွန်ရုံးမှထုတ်ပေးသည့် အခွန်ဆောင်ထားသည့်စာရွက်၂ ရွက် (အစိမ်းရောင် စာရွက် ) ၊ တစ်ချို့အခွန်ရုံးမှာ စာရွက် အညိုရောင်စာအိတ်ဖြင့်ထည့်ပေးပါသည်။
၇။ ယာဉ်အရောင်းအဝယ်စာချုပ် မူရင်း နှင့် မိတ္တူ
၈။ ကိုယ်စားလှယ် မှတ်ပုံတင်မူရင် မိတ္တူ
မှတ်ချက်။ ။ Owner Book & Wheel Tax ပြန်ရပါက အမည် လိပ်စာ မှတ်ပုံတင်အမှတ်တို့အား သေချာစစ်ဆေးပါ။ အမှားပါ ပါက သက်ဆိုင်ရာဌာနစိတ်မှ ဝန်ထမ်းအားပြော၍ ပြင်ဆင်ပေးပါလိမ့်မည်။
—————————————————————————————————–
အခွန်ရုံးမှာအခွန်ဆောင်မယ်ဆိုရင်…မေးထားတဲ့မိတ်ဆွေများအတွက်ကိုယ်တွေ့လုပ်ဆောင်သိထားသလောက်အစဉ်ပြေစေရန်မျှဝေပေးလိုက်ရပါသည်ခင်ဗျာ။အမှားပါခဲ့ရင်ခွင်လွှတ်ပေးပါခင်ဗျာ….🙏🙏🙏🙏🙏
-အုံနာဘုတ်မူရင်း
-ဝိတတ်
-ကားဝယ်ရောင်းစာချုပ် အမည်ပြောင်းမည့်ပိုင်ရှင်ကိုယ်တိုင်ဝယ်ယူအမည်ဖြစ်ရမည်။
-ကားမလို…ကားပုံ….၄ပုံ
-အိမ်ထောင်စုမူရင်း.မှတ်ပုံတင်မူရင်း..တို့ဖြင့်…အိမ်ထောင်စုစာရင်းပေါက်သည့်မြို့နယ်အခွန်ရုံးသို့တိုက်ရိုက်ပေးဆောင်ရာဖြတ်ပါ..ပီးလျှင်..သက်ဆိုင်ရာ မြို့နယ်အလိုက်မြန်မာ့စီးပွားရေးဘဏ်တွင်ငွေပေးသွင်းပါ..ပီးလျှင်အခွန်ရုံးတွင်အခွန်စိမ်းထုတ်ယူပါ…
-နောက်တမျိုး..အိမ်ထောင်စုစာရင်းမရှိသူများ ယာယီအိမ်ထောင်စုစာရင်းဖြင့် ရပ်ကွက်ထောက်ခံစာပါရယူကာ..ဝိတတ်ပါ မြို့နယ် အခွန်ရုံးတွင်သာအခွန်ဆောင်နိုင်ပီး..ယခင်ဝိတတ်လိပ်စာ.အတိုင်းသာပြန်ရမည်ဖြစ်သည်…
-အပူးကားများ အားလုံး အမည်ပြောင်းနိုင်သည်..ပြန်ရမည့်..မှတ်ချက်..ကားသည်..MDY ဖြစ်ပါက MDY သာပြန်ရနိုင်မည်..YGN..ဖြစ်ပါကYGN သာပြန်ရနိုင်မည်..MDY နှင့်YGN တို့သည်.city မြို့တော်ဖြစ်သောကြောင့်
ရောင်းဈေးတန်းအရအပူးကို နယ်ဝင် နယ်ထွက်ခွင့်မပြုပါ….
-တခြားကားအားလုံးသည်..YGN..MDYဖြစ်ခဲ့ပါက owner ဆန္ဒအရ နယ်အုံနာဖြစ်ခဲ့ပါက.နယ်ထွက်စေလိုလျှင် နယ်ထွက်နိုင်ပြီး..ယခင်အတိုင်းထားလိုလျှင်လည်းထားနိုင်သည်….
မှတ်ချက်….နယ်ကားများကို MDY..YGN.အိမ်ထောင်စုစာရင်းပိုင်ဆိုင်သူများဖြစ်ခဲ့လျှင်လည်း..city ဖြစ်တဲ့..MDY..YGN အားလုံးဝ..လုံးဝပြောင်းလဲပေးဝင်မည်မဟုပ်ပါ..
(..အပူးကားများcompanyအမည်ပေါက်ဖြစ်ပါက..company နဲ့တိုက်ရိုက်ချုပ်ဆိုသောစာချုပ်.သို့မဟုပ်ပါက..company letter head နဲ့ ခံဝန်ကတိ..ပါရပါမယ်..
မရှိသူများ အခွန်ရုံးကို ကူညီတောင်းပါ..ခံဝန်နမူနာတွေပေးပါလိမ့်မယ်..)- အခွန်သွားဆောင်လိုသောလူကြီးမင်းများ ကိုယ်တိုင်မသွားအားလျှင် ကိုယ်စားလှယ်လွှတ်လို့ရပါတယ်..
-ဝင်ငွေခွန်ရှိသူ မည်သူမဆို..ဝ..င..၈.ပုံစံဖြင့်ဖြစ်စေ..လစာခွန်..စာအုပ်ဖြစ်စေ..အခွန်ခနှိမ်နိုင်သည်..တရက်တည်းနဲ့မပီးပါ..အထက်က approve ယူပြီးမှ ပြန်ချိန်းပါမည်..သင်္ဘောသားများ..ဒေါ်လာကို ဝင်ငွေခွန်ပေးဆောင်ခဲ့သည့် ခုနှစ်
ပေါက်ဈေးအတိုင်းသာ..ပြန်တွက်ပေးမည်ဖြစ်သည့်..ယခုပေါက်ဈေးမရပါ….
Zawgyi Version
—————————————————————————————————–
-အုံနာဘုတ်မူရင်း
-ဝိတတ်
-ကားမလို…ကားပုံ….၄ပုံ
Add a Comment
Your email address will not be published. Required fields are marked *