အပင်စိုက်သူတိုင်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အမြစ်နဲ့ အရွက်အတွက် အားဆေး ပြုလုပ်နည်း

Sharing is caring!

လိုအပ်မယ့် ပစ္စည်းတွေကတော့ လွယ်လွယ်နဲ့ ရနိုင်တဲ့ အိမ်တွင်းပစ္စည်းတွေပါပဲ။ ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ။ သကြား ထမင်းစားဇွန်း-2 ဇွန်း။ နို့ချဉ် ၅၀ စီစီ ။

ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့် မွှေပေးပါ။ ထမင်းသိုးမှ အရည်အားလုံး သမသွားပါက ၅ မိနစ်ခန့် အနည်ထိုင်အောင် စောင့်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။

စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ။ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွှေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားပါ။ ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တစ်ရစ်ခန့် ချန်

ထားးပါ GAS ထွက်ရန် ဖြစ်ပါတယ်။(၃) ရက်မြောက်နေ့တွင် ထပ်ပြီးလုပ်ပါ။ အဖုံးကို တစ်ရစ် ချန်ပြီး ပြန်ပိတ်ပါ။ ၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုးဂျူလင်စီကို ရပါပြီ။

ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့ အရွက်များ အတွက်ကို များစွာ အကျိုးးပြုပါတယ်။ N ဒြပ် အများဆုံးပါဝင်သောကြောင့် ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။

အပင်ထဲထည့်ပါက အမြစ်ရှင်သန်ပြီး အစာစားကောင်းပါတယ်။ အရွက်မှ ဆေးရည်ကို တိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွား စေပါတယ်။ ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။

အရွက်ဖျန်းဖို့အတွက် – ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း – အပင်လောင်းရန်အတွက်- ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း တို့ ဖြစ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

Zawgyi Version

လိုအပ္မယ့္ ပစၥည္းေတြကေတာ့ လြယ္လြယ္နဲ႔ ရႏိုင္တဲ့ အိမ္တြင္းပစၥည္းေတြပါပဲ။ ထမင္းသိုး ဆန္တစ္ဗူးခ်က္ခန႔္ ။ သၾကား ထမင္းစားဇြန္း-2 ဇြန္း။ ႏို႔ခ်ဥ္ ၅၀ စီစီ ။

ထမင္းသိုးထဲ ေရ လီတာဝက္ခန႔္ ေလာင္းထည့္ပါ။ ၿပီးေနာက္ ၅ မိနစ္ခန႔္ ေမႊေပးပါ။ ထမင္းသိုးမွ အရည္အားလုံး သမသြားပါက ၅ မိနစ္ခန႔္ အနည္ထိုင္ေအာင္ ေစာင့္ပါ။ အနည္ထိုင္သြားပါက ေရစစ္ျဖင့္ စစ္ယူပါ။

စစ္ယူထားေသာ ထမင္းသိုးေရထဲသို႔ သၾကား ၂ ဇြန္း ႏို႔ခ်ဥ္ဘူး ၅၀ စီစီ ေဖါက္ထည့္ပါ။ သမသြားေအာင္နဲ႔ သၾကားမ်ား ေပ်ာ္ေအာင္ ေမႊပါ။ အားလုံး သမသြားၿပီ ဆိုပါက ေရသန႔္ဘူးလြတ္ထဲထည့္ၿပီး အရိပ္ထဲထားပါ။ ဘူးအဖုံးကိုေတာ့ အလုံမပိတ္ဘဲ တစ္ရစ္ခန႔္ ခ်န္

ထားးပါ GAS ထြက္ရန္ ျဖစ္ပါတယ္။(၃) ရက္ေျမာက္ေန႔တြင္ ထပ္ၿပီးလုပ္ပါ။ အဖုံးကို တစ္ရစ္ ခ်န္ၿပီး ျပန္ပိတ္ပါ။ ၇ ရက္ေျမာက္မွာေတာ့ အသင့္သုံး ထမင္းသိုးဂ်ဴလင္စီကို ရပါၿပီ။

ဒီေဆးရည္သည္ အပင္၏ အျမစ္နဲ႔ အ႐ြက္မ်ား အတြက္ကို မ်ားစြာ အက်ိဳးးျပဳပါတယ္။ N ျဒပ္ အမ်ားဆုံးပါဝင္ေသာေၾကာင့္ ဖ်န္းၿပီး သုံးရက္နဲ႔ငါးရက္ၾကာပါက သိသာလာပါလိမ့္မယ္။

အပင္ထဲထည့္ပါက အျမစ္ရွင္သန္ၿပီး အစာစားေကာင္းပါတယ္။ အ႐ြက္မွ ေဆးရည္ကို တိုက္႐ိုက္ စားသုံးႏိုင္ေသာေၾကာင့္ အ႐ြက္မ်ား သန္မာႀကီးထြား ေစပါတယ္။ ကြမ္းသမားမ်ား အ႐ြက္စား အပင္မ်ား အတြက္ လက္ေတြ႕ ျဖစ္ထြန္းေစပါတယ္။

အ႐ြက္ဖ်န္းဖို႔အတြက္ – ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၅ ဇြန္း – အပင္ေလာင္းရန္အတြက္- ေဆးဖ်န္းပုံးတစ္ပုံးကို ေဆးရည္ ၁၀ ဇြန္း တို႔ ျဖစ္ပါတယ္။

အားလုံးပဲ အဆင္ေျပၾကပါေစ။

Add a Comment

Your email address will not be published.