ယနေ့ခေတ် လူငယ်တွေ မသိကြတော့တဲ့ ဘိလပ်မြေနှင့် သံချောင်း တွက်နည်း
|ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲမေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
“ကုဗကျင်း”
======
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ကွန်ကရစ်လောင်းခြင်းတို့မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်ကုဗကျင်းထွက်လာပါပြီ။- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုးကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်သဲကျင်းဝက် ကျောက် ၁ ကျင်း1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း
အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
“စကွဲယားကျင်း”
=========
စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
– ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
– နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှ
ာ
အုတ် ၅၅၀ လုံး
– 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
“သံချောင်း”
======
– သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက
ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
– 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
– ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
– ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
– ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
– ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
“ဘိလပ်မြေ”
=======
– ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး
အိတ်၂၀ ဟာ ၁ တန်ပါ။
– သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
– ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ
သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
Zawgyi Version
ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲေမးတတ္လို႔ အၾကမ္းတြက္လို႔ရေအာင္ပါ။ျမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ႔ ေျပာၾကပါတယ္။ကုဗက်င္းနဲ စကြဲယားက်င္း ဆိုၿပီးရွိပါတယ္။
“ကုဗက်င္း”
======
ကုဗက်င္းက အလ်ား အနံ အျမင့္ ၃ ခု ေျမႇာက္တာပါ။၃ ခုေျမႇာက္လို႔ ၁၀၀ ရရင္ ၁ က်င္းပါ။
၅၀ ဆို က်င္းဝက္၊ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။ကုဗက်င္းကို ၉ လက္မနဲ႔အထက္ အုတ္စီျခင္းတို႔ကြန္ကရစ္ေလာင္းျခင္းတို႔ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆုံးသုံးပါတယ္။
ရွိသမွ် အလ်ားအနံအျမင့္ေတြ လိုက္ေျမႇာက္ ေပါင္းလိုက္ရင္ကုဗက်င္းထြက္လာပါၿပီ။- ေျမႀကီး၁ က်င္းဆို ၁၀ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။
1:3:6 အခ်ိဳးကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန္႔သဲက်င္းဝက္ ေက်ာက္ ၁ က်င္း1:2:4 အခ်ိဳး
ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန္႔သဲက်င္းဝက္ ေက်ာက္ ၁ က်င္း
1: 1-1/2 အခ်ိဳး
ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန္႔
သဲက်င္းဝက္ ေက်ာက္၁ က်င္း
အုတ္ဖိနပ္ေတြမွာ အသုံးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း
ကုဗတစ္က်င္းဆို ၁၃၅၀ လုံး၊
ဘိလပ္ေျမကေတာ့ သုံးတဲ့အခ်ိဳးမွာမူတည္ပါတယ္။
အမ်ားသုံးတဲ့ 1:4 အခ်ိဳးဆို
ဘိလပ္ေျမ ၆ အိတ္နီးပါး၊ သဲ .၂၈ က်င္းတစ္မတ္ သာသာေလာက္။
“စကြဲယားက်င္း”
=========
စကြဲယားက်င္း အလ်ားနဲ႔ အနံ ပဲေျမႇာက္ၿပီး ၁၀၀ ဆို ၁ က်င္း။
– ၄လက္မခြဲ အုတ္စီျခင္း
ေဆးသုတ္ျခင္းတို႔
အမိုးမိုးျခင္းတို႔
ေႂကြျပားကပ္ျခင္းတို႔မွာ သုံးပါတယ္။
– နံရံေတြမွာ အသုံးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွ
ာ
အုတ္ ၅၅၀ လုံး
– 1:4 အခ်ိဳး ဘိလပ္ေျမ 2.7 အိတ္ သဲ .11 က်င္း
“သံေခ်ာင္း”
======
– သံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက
ေပ ၄၀/ ၁၂ မီတာရွိရပါတယ္။
သို႔ေပမယ့္ ၃၉ေပ ၆ လက္မေလာက္ဆို မွန္တယ္ေျပာရပါမယ္။
ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို႔ မရပါဘူး။
တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရက
– 10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း
– ၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း
– ၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း
– ၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း
– ၂၅ မီလီ က်ပ္လုံးမွာ (1) မွာ ၂၁ ေခ်ာင္း ရွိပါတယ္။
“ဘိလပ္ေျမ”
=======
– ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးၿပီး
အိတ္၂၀ ဟာ ၁ တန္ပါ။
– သံေခ်ာင္းေတြဆက္ဖို႔လိုရင္ တိုင္ေတြမွာ
အနည္းဆုံး အဆ ၄၀ ထပ္မိေနေစ ရပါမယ္။
– ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိ
သုံးတတ္ပါတယ္။
ခိုခ်င္ရင္ေတာ့ ၅၀ဆေလာက္ ဆို ရေလာက္ပါတယ္။
အခုေနာက္ပိုင္း မီတာနဲ႔သုံးလာပါတယ္။
ဆက္သြယ္ခ်က္က
၁မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူးရွိပါတယ္။
လက္သမားနဲ႔ ယွဥ္ေျပာလို႔ရတဲ့အေခၚပါ။
1 M မီတာ= 3.281 ေပ
1 လက္မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကြဲယား= 10.78 ေပစကြဲယား
ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cuft