ဗောက်ထသူများအတွက် အရှင်းပျောက်စေမယ့် ထိရောက်တဲ့ သဘာဝနည်းလမ်း

Sharing is caring!

ဗောက်ထတဲ့သူများအတွက် အရှင်းပျောက်စေမယ့် ထိရောက်တဲ့ သဘာဝနည်းလမ်းဗောက်ထတဲ့ ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ …

လှပထူထဲပြီး ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တာကတော့ အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။သို့ပေမယ့် နရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများ ကပ်ညှိခြင်း၊ဆံပင်မကြာခဏဆေးဆိုးပုံသွင်းခြင်းတို့ကို

အပူဒဏ်နဲ့ ဓာတုဆေးဝါးများကြောင့် ဆံသားပျက်စီးပြီး ဆံဖျားနှစ်ခွဖြစ်လာစေပါတယ်။ဒါ့ပြင် သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွ မသောက်သုံးဘူးဆိုရင်တော့ဦးရေပြားက အစိုဓာတ်မရရှိတဲ့အတွက်ကြောင့် ဗောက်ထတတ်ပါတယ်။

ဗောက်ထတဲ့ ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့်သဘာဝပေါင်းတင်နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။

၁) ဒိန်ချဉ် ဖန်ခွက် ၁ ခွက်၊သံပုယိုရည် စားပွဲတင်ဇွန်းတစ်ဇွန်းနှင့်ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ။

ထို့နောက်မှာတော့ ဆံပင်အရင်းကနေ အဖျားအထိ သေချာသုတ်လိမ်းပေးပါ။

ပြီးရင် ခေါင်းကို Shower Cap နှင့် အုပ်ထားပေးပြီး မိနစ် ၃၀ ခန့် စောင့်ပေးပါ။

မိနစ် ၃၀ ပြည့်ပြီဆိုရင်တော့ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးလိုက်ပါ။

တစ်ပတ်ကို တစ်ကြိမ်(သို့) နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါက ဗောက်တွေပျောက်ကင်းသွားမှာပါ။

၂) ငှက်ပျောသီးမှည့် ၂ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။

ပထမဆုံး ငှက်ပျောသီးမှည့်ကို ပန်းကန်လုံးထဲ ထည့်ပြီး ခက်ရင်ဖြင့် ချေပေးပါ။

ထို့နောက် သံလွင်ဆီ၊ ပျားရည်နှင့် သံပုယိုရည်တို့ကို လောင်းထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် ဦးရေပြားနှင့် ဆံကေသာကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။

မိနစ် ၃၀ ခန့်လောက် ထားပြီးတဲ့အခါမှာတော့ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းဖြင့် တစ်ပတ်ကို တစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ေါင်းပေါ်က ဗောက်တွေ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

၃) ထောပတ်သီးမှည့် တစ်လုံး၊ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောပြီး မွှေပေးရပါမယ်။

အရင်ဆုံး ထောပတ်သီးကို ပန်းကန်လုံးထဲထည့်ပြီးခက်ရင်းဖြင့် အနှစ်ဖြစ်သွားအောင် ချေပါ။

ပြီးနောက် ပျားရည်နှင့် သံလွင်ဆီတို့ကို ရောပြီး ထပ်မွှေပေးပါ။

ထို့နောက်မှာတော့ ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးပါ။

၄၅ မိနစ်ခန့်လောက်ကြာပြီးနောက်မှာတော့ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးရင် ရပါပြီ။

ဒီပေါင်းတင်နည်းကတော့ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရင်ရပါပြီ။

၄) ကြက်ဥအကာ ၂ လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ဇွန်းတို့ကို ပန်းကန်လုံးထဲထည့်ပြီး မွှေပေးပါ။

ထို့နောက် ဆံပင်ကို အရင်းကနေအဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် ဆာလဖာမပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ရေအေးဖြင့် ခေါင်းလျှော်ပေးပါ။

တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ထိ အသုံးပြုနိုင်ပါတယ်။

ကဲ…ဒီလိုဆိုရင်တော့ ဆံသားပျက်စီးပြီးဗောက်ထလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Credit

Zawgyi Version

ေဗာက္ထတဲ့သူမ်ားအတြက္ အရွင္းေပ်ာက္ေစမယ့္ ထိေရာက္တဲ့ သဘာဝနည္းလမ္းေဗာက္ထတဲ့ ဆံေကသာပိုင္ရွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္ သဘာဝနည္းလမ္းမ်ား …

လွပထူထဲၿပီး ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ ဆံေကသာကို ပိုင္ဆိုင္ခ်င္တာကေတာ့ အမ်ိဳးသမီးတိုင္းရဲ႕ အိပ္မက္ပါ။သို႔ေပမယ့္ နေရာင္ျခည္ဒဏ္၊ ဖုန္မႈန႔္နဲ႔ အညစ္အေၾကးမ်ား ကပ္ညႇိျခင္း၊ဆံပင္မၾကာခဏေဆးဆိုးပုံသြင္းျခင္းတို႔ကို

အပူဒဏ္နဲ႔ ဓာတုေဆးဝါးမ်ားေၾကာင့္ ဆံသားပ်က္စီးၿပီး ဆံဖ်ားႏွစ္ခြျဖစ္လာေစပါတယ္။ဒါ့ျပင္ သင့္ခႏၶာကိုယ္က ေရဓာတ္လုံေလာက္စြ မေသာက္သုံးဘူးဆိုရင္ေတာ့ဦးေရျပားက အစိုဓာတ္မရရွိတဲ့အတြက္ေၾကာင့္ ေဗာက္ထတတ္ပါတယ္။

ေဗာက္ထတဲ့ ဆံေကသာပိုင္ရွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္သဘာဝေပါင္းတင္နည္းလမ္းမ်ားကို ေဝမွ်ေပးလိုက္ပါတယ္။

၁) ဒိန္ခ်ဥ္ ဖန္ခြက္ ၁ ခြက္၊သံပုယိုရည္ စားပြဲတင္ဇြန္းတစ္ဇြန္းႏွင့္ပ်ားရည္စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ကို ပန္းကန္လုံးတစ္လုံးထဲမွာ ေရာေမႊေပးလိုက္ပါ။

ထို႔ေနာက္မွာေတာ့ ဆံပင္အရင္းကေန အဖ်ားအထိ ေသခ်ာသုတ္လိမ္းေပးပါ။

ၿပီးရင္ ေခါင္းကို Shower Cap ႏွင့္ အုပ္ထားေပးၿပီး မိနစ္ ၃၀ ခန႔္ ေစာင့္ေပးပါ။

မိနစ္ ၃၀ ျပည့္ၿပီဆိုရင္ေတာ့ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ျဖင့္ ေလွ်ာ္ေပးလိုက္ပါ။

တစ္ပတ္ကို တစ္ႀကိမ္(သို႔) ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးပါက ေဗာက္ေတြေပ်ာက္ကင္းသြားမွာပါ။

၂) ငွက္ေပ်ာသီးမွည့္ ၂ လုံး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါတယ္။

ပထမဆုံး ငွက္ေပ်ာသီးမွည့္ကို ပန္းကန္လုံးထဲ ထည့္ၿပီး ခက္ရင္ျဖင့္ ေခ်ေပးပါ။

ထို႔ေနာက္ သံလြင္ဆီ၊ ပ်ားရည္ႏွင့္ သံပုယိုရည္တို႔ကို ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။

ထို႔ေနာက္ ဦးေရျပားႏွင့္ ဆံေကသာကို သုတ္လိမ္းေပးၿပီး ႏွိပ္နယ္ေပးလိုက္ပါ။

မိနစ္ ၃၀ ခန႔္ေလာက္ ထားၿပီးတဲ့အခါမွာေတာ့ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

ဒီနည္းျဖင့္ တစ္ပတ္ကို တစ္ႀကိမ္ခန႔္ျပဳလုပ္ေပးမယ္ဆိုရင္ ေါင္းေပၚက ေဗာက္ေတြ သိသိသာသာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

၃) ေထာပတ္သီးမွည့္ တစ္လုံး၊ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းႏွင့္ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ကို ေရာၿပီး ေမႊေပးရပါမယ္။

အရင္ဆုံး ေထာပတ္သီးကို ပန္းကန္လုံးထဲထည့္ၿပီးခက္ရင္းျဖင့္ အႏွစ္ျဖစ္သြားေအာင္ ေခ်ပါ။

ၿပီးေနာက္ ပ်ားရည္ႏွင့္ သံလြင္ဆီတို႔ကို ေရာၿပီး ထပ္ေမႊေပးပါ။

ထို႔ေနာက္မွာေတာ့ ဆံပင္အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးပါ။

၄၅ မိနစ္ခန႔္ေလာက္ၾကာၿပီးေနာက္မွာေတာ့ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ျဖင့္ ေလွ်ာ္ေပးရင္ ရပါၿပီ။

ဒီေပါင္းတင္နည္းကေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ ျပဳလုပ္ေပးရင္ရပါၿပီ။

၄) ၾကက္ဥအကာ ၂ လုံးနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ဇြန္းတို႔ကို ပန္းကန္လုံးထဲထည့္ၿပီး ေမႊေပးပါ။

ထို႔ေနာက္ ဆံပင္ကို အရင္းကေနအဖ်ားအထိ သုတ္လိမ္းေပးလိုက္ပါ။

ထို႔ေနာက္ ဆာလဖာမပါတဲ့ ေခါင္းေလွ်ာ္ရည္ကို သုံးၿပီး ေရေအးျဖင့္ ေခါင္းေလွ်ာ္ေပးပါ။

တစ္ပတ္ကို တစ္ႀကိမ္မွ ႏွစ္ႀကိမ္ထိ အသုံးျပဳႏိုင္ပါတယ္။

ကဲ…ဒီလိုဆိုရင္ေတာ့ ဆံသားပ်က္စီးၿပီးေဗာက္ထလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္ အသုံးဝင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Credit

Add a Comment

Your email address will not be published. Required fields are marked *