စီးပွားဖြစ် ငှက်ပျောစိုက်ပျိုးနည်းအဆင့်ဆင့်

Sharing is caring!

ဖီးကြမ်း

ဈေးကွက်ကလည်းကျယ်ပြန့်တယ်။ လူကြိုက်များတယ်။ စိုက်ပြီး ၈ လ၊ ၁၀ လ အတွင်း ငှက်ပျောခိုင်ထွက်ပြီး အခိုင်ထွက်ပြီးတာနဲ့ ၃ လ၊၄ လ ကြာရင် အခိုင်ခုတ်ယူနိုင်ပါတယ်။ ငှက်ပျောစိုက်ရင် ငွေရမှုကို တွက်ချက်နိုင်အောင်စိုက်ပါ။ ဘာငှက်ပျောစိုက်စိုက် စိုက်ပုံ

စိုက်နည်းကတော့ သိပ်မကွာခြားပါဘူး။

မြေ

မြေက မြေသားထူထူ၊ ရေစီးဆင်းမှုကောင်းရမယ်။ နှုန်းမြေကို ပိုကြိက်တယ်။ ငှက်ပျောပင်က မြေကောင်းကြိုက်တယ်ဆိုတာ သိထားပါ။ မြေငန်မဖြစ်ပါ။ လေပူတိုက်ရင် အပင်မဖြစ်ပါ။

မျိုး

စိုက်တဲ့မျိုးက မျိုးကောင်းတာကို ရွေးချယ်ယူပါ။ သားတက်က စိုက်တာမှာ လှံစို့သားတက်နဲ့ ရေစို့သားတက်ဆိုပြီး နှစ်မျိုးရှိတယ်။ ရေစို့သားတက်က ရွက်ပြားပိုကြီးတယ်။ လှံစို့က လှံစို့ဆိုတဲ့အတိုင်း ရွက်ပြားသေးပြီး လှံသွားပုံရှိတယ်။ အခိုင်ကျတာကျ‌တော့ လှံစို့

က(၁၁)လ နဲ့ကျတယ်။ရေစို့က ကြာတယ်။(၁၅)လ၊ (၁၆)လ၊ မစိုက်ခင် သားတက်‌တွေကို အမြစ်ဟောင်းတွေနဲ့ အသားပိုတွေကို ကတုံး တုံးပေးရတယ်။ စိုက်မယ့်နေရာ ခြ၊ ပုရွတ်ဆိတ်ပေါရင် မြေအောင်းပိုးသတ်ဆေး ထည့်စိုက်ပါ။

စိုက်ခင်း

ထယ်နက်နက်ထိုး၊ ထွန်မွှေပြီး မြေညှိ၊ စိုက်ကျင်းတူး၊ ( ၂ )ပေ ပတ်လည်ကျင်းထဲကို မြေဆွေး၊ နောက်ချေး၊ တီစူပါ၊ ထုံးကျောက်မှုန့် နို့ဆီတစ်ဘူးလောက် မစိုက်ခင် ကျင်းထဲထည့်။

မြေဩဇာ

ပုလဲဓာတ်မြေဩဇာကို (၁၅)ရက်ခြား (၅)ကြိမ်လောက်ထည့်၊ အရေးကြီးတာက ပိုတက်စီယမ်ပဲ၊ စိုက်ပြီး( ၂ )လကျော်နဲ့ (၄)လမှာထည့်။ ငှက်ပျောသီးမှာ အများဆုံးပါတဲ့ဓာတ်က ပိုတက်စီယမ်ပါ။ ဒါကြောင့် ပိုတက်စီယမ်၊ ပြာ၊ စက်ဖွဲပြာများများကျွေးပါ။

တစ်ပင်နဲ့တစ်ပင် (၁၂ ပေ)ခွာစိုက်ရင် တစ်ဧက ပျိုးပင် (၃၀၂ ) ပင်ရမယ်။ လေးကွက်ကြား မစိုက်ချင်ရင် တြိဂံပုံစိုက်ပါ။ မြေညီညာမှု၊ နိမ့်မြင့် ကြည့်စိုက်ရမယ်။ (၁၂) ပေတော့ ခြားရမယ်။ ရေသွင်းနိုင်ဖို့ ရေမြောင်းရှိရမယ်။ လိုရင်(၇) ရက် တစ်ကြိမ်ရေသွင်းရမယ်။

ရေမဝပ်စေနဲ့ ငှက်ပျောပင်သားတက် ထပ်ထွက်လာမယ်။( ၂ )တက်ပဲချန်ပြီး ကျန်တာခုတ်ပြစ်။

စိုက်ချိန်

စိုက်တာက မိုးတွင်းစိုက်ရတယ်။ စက်တင်ဘာ၊ အောက်တိုဘာမှာ အပင်တွေကြားဝင် မြေဆွပေးရတယ်။ မိုးမှာရေမဝပ်စေနဲ့၊ နွေနဲ့ဆောင်းမှာ ရေသွင်း၊ အပင်မှာရွက်ခြောက်တွေ ဖယ်ရှင်းပါ။ ငှက်ပျောခင်းဟာ လွန်ရောကျွံရော (၃) နှစ်ခန့်ထားပါ။ အပင်တွေကြား ထွန်ဝင်

ပြီး အသစ်ပြန်စိုက်ပါ။

ပျိုးပင် ပင်သစ်မွေးရမယ်။ တောဝင်ရင် ငှက်ပျောသီးတွေထဲ အစေ့တွေပါတယ်။ ဒါကြောင့် ခင်းသစ်ပြန်စိုက်ရတယ်။ အလင်းရောင်များများရဖို့လိုတယ်။ လောင်းရိပ်ကြောက်တယ်၊ ပေါင်းလည်းမကြိက်ဘူး။ မြေဩဇာစားတဲ့ ငှက်ပျောက ကျွေးလိုက်သမျှစားနိုင်အောင်

ပေါင်းရှင်းပါ။ လေပြင်းတိုက်ရင် မကြိုက်ပါ။ တောင်စောင်းတွေစိုက်ရင် လေပူနဲ့လေပြင်း လေကာပင်ကာပြီး စိုက်ရတယ်။ မီးတောင်ချော်မြေတွေကြိုက်တယ်။

ရောဂါ

အပင်ကိုပြုစုရင်း ထိခိုက်မိတဲ့ ဒဏ်ရာက မှိုဝင်ပြီး အပင်ညှိုးတဲ့ ပနားမားရောဂါ၊ အပင်ကို တူးထုတ်ပစ်ရတယ်။ ဖြစ်ပြီးရင် (၃)နှစ်လောက်ကြာမှ ထပ်တည်ရမယ်။ ရွက်ပျောက်၊ ထိပ်စုရောဂါထက်ပိုဆိုးတယ်။ ပိုးက အမြစ်ထိုးပိုးပဲ၊ အပင်တွေကျိုးကျတယ်။ အပင်ခြေမှာ

လောက်ကောင်နဲ့ ကျိုင်းကောင်ကဖျက်တယ်၊ ပက်ခြေမှာ အမှိုက်နဲ့ မြက်တွေရှိရင် ဖြစ်တယ်။ ပင်စည်ထိုးပိုးလည်း ဂရုစိုက်ရမယ်။

စနစ်တကျပြုစုရင် တစ်ကြိမ်စိုက်ထားက (၃)နှစ်လောက်မထိ အကျိုးခံစားရတာ ငှက်ပျောပင်ပဲ။ အစာကျွေးတာက ငှက်ပျောပင်ခြေက မြက်တွေခုတ်ရှင်း၊ မြေစာမြက်၊ သမန်းမြက်၊ ကိုင်းမြက်၊ သက်ငယ်မရှိရဘူး။ ပြီးရင် မြက်ခြောက်တွေကို ပင်ခြေမှာ အစိုဓာတ်

ရအောင် ပြန်ဖုံးတာလို့သိရတယ်။ ဒါက ဧရာဝတီတိုင်း ကျုံပျောဘက်မှာ ပြုလုပ်ကြတယ်။

ကိုရဲ(စိုက်ပျိုးရေး)

တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။

Zawgyi Version

ဖီးၾကမ္း

ေဈးကြက္ကလည္းက်ယ္ျပန႔္တယ္။ လူႀကိဳက္မ်ားတယ္။ စိုက္ၿပီး ၈ လ၊ ၁၀ လ အတြင္း ငွက္ေပ်ာခိုင္ထြက္ၿပီး အခိုင္ထြက္ၿပီးတာနဲ႔ ၃ လ၊၄ လ ၾကာရင္ အခိုင္ခုတ္ယူႏိုင္ပါတယ္။ ငွက္ေပ်ာစိုက္ရင္ ေငြရမႈကို တြက္ခ်က္ႏိုင္ေအာင္စိုက္ပါ။ ဘာငွက္ေပ်ာစိုက္စိုက္ စိုက္ပုံ

စိုက္နည္းကေတာ့ သိပ္မကြာျခားပါဘူး။

ေျမ

ေျမက ေျမသားထူထူ၊ ေရစီးဆင္းမႈေကာင္းရမယ္။ ႏႈန္းေျမကို ပိုႀကိက္တယ္။ ငွက္ေပ်ာပင္က ေျမေကာင္းႀကိဳက္တယ္ဆိုတာ သိထားပါ။ ေျမငန္မျဖစ္ပါ။ ေလပူတိုက္ရင္ အပင္မျဖစ္ပါ။

မ်ိဳး

စိုက္တဲ့မ်ိဳးက မ်ိဳးေကာင္းတာကို ေ႐ြးခ်ယ္ယူပါ။ သားတက္က စိုက္တာမွာ လွံစို႔သားတက္နဲ႔ ေရစို႔သားတက္ဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ ေရစို႔သားတက္က ႐ြက္ျပားပိုႀကီးတယ္။ လွံစို႔က လွံစို႔ဆိုတဲ့အတိုင္း ႐ြက္ျပားေသးၿပီး လွံသြားပုံရွိတယ္။ အခိုင္က်တာက်‌ေတာ့ လွံစို႔

က(၁၁)လ နဲ႔က်တယ္။ေရစို႔က ၾကာတယ္။(၁၅)လ၊ (၁၆)လ၊ မစိုက္ခင္ သားတက္‌ေတြကို အျမစ္ေဟာင္းေတြနဲ႔ အသားပိုေတြကို ကတုံး တုံးေပးရတယ္။ စိုက္မယ့္ေနရာ ျခ၊ ပု႐ြတ္ဆိတ္ေပါရင္ ေျမေအာင္းပိုးသတ္ေဆး ထည့္စိုက္ပါ။

စိုက္ခင္း

ထယ္နက္နက္ထိုး၊ ထြန္ေမႊၿပီး ေျမညႇိ၊ စိုက္က်င္းတူး၊ ( ၂ )ေပ ပတ္လည္က်င္းထဲကို ေျမေဆြး၊ ေနာက္ေခ်း၊ တီစူပါ၊ ထုံးေက်ာက္မႈန႔္ ႏို႔ဆီတစ္ဘူးေလာက္ မစိုက္ခင္ က်င္းထဲထည့္။

ေျမဩဇာ

ပုလဲဓာတ္ေျမဩဇာကို (၁၅)ရက္ျခား (၅)ႀကိမ္ေလာက္ထည့္၊ အေရးႀကီးတာက ပိုတက္စီယမ္ပဲ၊ စိုက္ၿပီး( ၂ )လေက်ာ္နဲ႔ (၄)လမွာထည့္။ ငွက္ေပ်ာသီးမွာ အမ်ားဆုံးပါတဲ့ဓာတ္က ပိုတက္စီယမ္ပါ။ ဒါေၾကာင့္ ပိုတက္စီယမ္၊ ျပာ၊ စက္ဖြဲျပာမ်ားမ်ားေကြၽးပါ။

တစ္ပင္နဲ႔တစ္ပင္ (၁၂ ေပ)ခြာစိုက္ရင္ တစ္ဧက ပ်ိဳးပင္ (၃၀၂ ) ပင္ရမယ္။ ေလးကြက္ၾကား မစိုက္ခ်င္ရင္ ႀတိဂံပုံစိုက္ပါ။ ေျမညီညာမႈ၊ နိမ့္ျမင့္ ၾကည့္စိုက္ရမယ္။ (၁၂) ေပေတာ့ ျခားရမယ္။ ေရသြင္းႏိုင္ဖို႔ ေရေျမာင္းရွိရမယ္။ လိုရင္(၇) ရက္ တစ္ႀကိမ္ေရသြင္းရမယ္။

ေရမဝပ္ေစနဲ႔ ငွက္ေပ်ာပင္သားတက္ ထပ္ထြက္လာမယ္။( ၂ )တက္ပဲခ်န္ၿပီး က်န္တာခုတ္ျပစ္။

စိုက္ခ်ိန္

စိုက္တာက မိုးတြင္းစိုက္ရတယ္။ စက္တင္ဘာ၊ ေအာက္တိုဘာမွာ အပင္ေတြၾကားဝင္ ေျမဆြေပးရတယ္။ မိုးမွာေရမဝပ္ေစနဲ႔၊ ေႏြနဲ႔ေဆာင္းမွာ ေရသြင္း၊ အပင္မွာ႐ြက္ေျခာက္ေတြ ဖယ္ရွင္းပါ။ ငွက္ေပ်ာခင္းဟာ လြန္ေရာကြၽံေရာ (၃) ႏွစ္ခန႔္ထားပါ။ အပင္ေတြၾကား ထြန္ဝင္

ၿပီး အသစ္ျပန္စိုက္ပါ။

ပ်ိဳးပင္ ပင္သစ္ေမြးရမယ္။ ေတာဝင္ရင္ ငွက္ေပ်ာသီးေတြထဲ အေစ့ေတြပါတယ္။ ဒါေၾကာင့္ ခင္းသစ္ျပန္စိုက္ရတယ္။ အလင္းေရာင္မ်ားမ်ားရဖို႔လိုတယ္။ ေလာင္းရိပ္ေၾကာက္တယ္၊ ေပါင္းလည္းမႀကိက္ဘူး။ ေျမဩဇာစားတဲ့ ငွက္ေပ်ာက ေကြၽးလိုက္သမွ်စားႏိုင္ေအာင္

ေပါင္းရွင္းပါ။ ေလျပင္းတိုက္ရင္ မႀကိဳက္ပါ။ ေတာင္ေစာင္းေတြစိုက္ရင္ ေလပူနဲ႔ေလျပင္း ေလကာပင္ကာၿပီး စိုက္ရတယ္။ မီးေတာင္ေခ်ာ္ေျမေတြႀကိဳက္တယ္။

ေရာဂါ

အပင္ကိုျပဳစုရင္း ထိခိုက္မိတဲ့ ဒဏ္ရာက မႈိဝင္ၿပီး အပင္ညႇိဳးတဲ့ ပနားမားေရာဂါ၊ အပင္ကို တူးထုတ္ပစ္ရတယ္။ ျဖစ္ၿပီးရင္ (၃)ႏွစ္ေလာက္ၾကာမွ ထပ္တည္ရမယ္။ ႐ြက္ေပ်ာက္၊ ထိပ္စုေရာဂါထက္ပိုဆိုးတယ္။ ပိုးက အျမစ္ထိုးပိုးပဲ၊ အပင္ေတြက်ိဳးက်တယ္။ အပင္ေျခမွာ

ေလာက္ေကာင္နဲ႔ က်ိဳင္းေကာင္ကဖ်က္တယ္၊ ပက္ေျခမွာ အမႈိက္နဲ႔ ျမက္ေတြရွိရင္ ျဖစ္တယ္။ ပင္စည္ထိုးပိုးလည္း ဂ႐ုစိုက္ရမယ္။

စနစ္တက်ျပဳစုရင္ တစ္ႀကိမ္စိုက္ထားက (၃)ႏွစ္ေလာက္မထိ အက်ိဳးခံစားရတာ ငွက္ေပ်ာပင္ပဲ။ အစာေကြၽးတာက ငွက္ေပ်ာပင္ေျခက ျမက္ေတြခုတ္ရွင္း၊ ေျမစာျမက္၊ သမန္းျမက္၊ ကိုင္းျမက္၊ သက္ငယ္မရွိရဘူး။ ၿပီးရင္ ျမက္ေျခာက္ေတြကို ပင္ေျခမွာ အစိုဓာတ္

ရေအာင္ ျပန္ဖုံးတာလို႔သိရတယ္။ ဒါက ဧရာဝတီတိုင္း က်ဳံေပ်ာဘက္မွာ ျပဳလုပ္ၾကတယ္။

ကိုရဲ(စိုက္ပ်ိဳးေရး)

ေတာင္သူဦးႀကီးမ်ား အဆင္ေျပေအာင္ျမင္ၾကပါေစ။

Add a Comment

Your email address will not be published. Required fields are marked *