မြေကွက်ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးပါ

Sharing is caring!

လယ်ယာမြေတွေကို…အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာတွေတော်တော်များများကျွန်တော်ကိုလာအကူအညီတောင်းကြတယ်….

ကျွန်တော်ပထမဦးဆုံးပြောချင်တာကမိမိဝယ်ယူလိုက်တဲ့လယ်ယာမြေသည်…အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား…..အရင်ကြည့်ရမယ်…

အိုခေ…အခြားနည်းသုံးစွဲခွင့် လန- ၃၀

ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း…..

၁။ သာသနမြေအတွက်လား

၂။ စက်ရုံမြေအတွက်လား

၃။ နှစ်ရှည်အတွက်လား

၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်….

အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူး…..
.

ပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်…..

နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်..ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည် ။

ငြိမ်းကို

(လယ၃၀ ခွင့်ပြုချက်ပုံစံကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ )

#မြေအမျိုးအစား အမျိုးမျိုး

@အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ-

#မြေပိုင်မြေ ။ ။ မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

#ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

#ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။

#လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

#ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။

#မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်

ပါသည်။

#စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချ

သတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

#ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။

#ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

ဗဟုသုတအဖြစ်မျှဝေပါသည်

Zawgyi Version

လယ္ယာေျမေတြကို…အကြက္႐ိုက္ေရာင္းသူဆီမွဝယ္မိတဲ့ျပႆနာေတြေတာ္ေတာ္မ်ားမ်ားကြၽန္ေတာ္ကိုလာအကူအညီေတာင္းၾကတယ္….

ကြၽန္ေတာ္ပထမဦးဆုံးေျပာခ်င္တာကမိမိဝယ္ယူလိုက္တဲ့လယ္ယာေျမသည္…အျခားနည္းသုံးစြဲခြင့္ လန(လန၃၀)က်ၿပီးသားေျမလား…..အရင္ၾကည့္ရမယ္…

အိုေခ…အျခားနည္းသုံးစြဲခြင့္ လန- ၃၀

က်ၿပီးသားဆိုရင္….ဘာအတြက္က်တာလည္း…..

၁။ သာသနေျမအတြက္လား

၂။ စက္႐ုံေျမအတြက္လား

၃။ ႏွစ္ရွည္အတြက္လား

၄။ အိမ္ယာေဆာက္လုပ္ခြင့္ အတြက္လားဆိုတဲ့…အေၾကာင္းအရာေတြရွိပါတယ္….

အျခားနည္းသုံးစြဲခြင့္ရတိုင္း ေျမကြက္႐ိုက္ေရာင္းၿပီးဝယ္လို႔မရပါဘူး…..
.

ပုံစံ ၁၀၅. ၁၀၆ ရွိ႐ုံနဲ႔ေျမယာပိုင္ဆိုင္ေၾကာင္းအေထာက္အထားမဟုတ္ပါဘူး.. ေျမနယ္နမိတ္သက္မွတ္ခ်က္နဲ႔ေျမရာဇဝင္သာျဖစ္ပါတယ္…..

ေနာက္ဆုံးေျပာခ်င္တာကေတာ့…ကိုယ္ေခြၽးနဲစာနဲ႔ဝယ္ယူမဲ့ မိတ္ေဆြမ်ားသည္..ကိုယ္ဝယ္ယူမဲ့ေျမအေၾကာင္းသိရွိနားလည္မွသာဝယ္ယူရန္အႀကံေပးခ်င္ပါသည္ ။

ၿငိမ္းကို

(လယ၃၀ ခြင့္ျပဳခ်က္ပုံစံကိုပါ ပူးတြဲေဖာ္ျပေပးလိုက္ပါတယ္။ )

#ေျမအမ်ိဳးအစား အမ်ိဳးမ်ိဳး

@အိမ္ၿခံေျမအေၾကာင္း လုပ္ကိုင္ေနသူမ်ား သိကိုသိထားသင့္တဲ့ ေျမအမ်ိဳးအစားေတြကို ေဖၚျပေပးပါမည္။

အိမ္ၿခံေျမနယ္ပယ္နဲ႔ တိုက္႐ိုက္ဆက္စပ္တဲ့ ေျမအမ်ိဳးအစားေတြမွာ-

#ေျမပိုင္ေျမ ။ ။ ေျမပိုင္ေျမဆိုတာဟာ ၿမိဳ႕ေတာ္ရဲ႕ နယ္နိမိတ္အတြင္းမွာ စနစ္တက် ၿမိဳ႕ကြက္‌ေဖာ္ထုတ္ကာ ေရာင္းခ်ခဲ့စဥ္က ပိုင္ဆိုင္ထားၿပီး ေျမပိုင္ရွင္အခြင့္အေရးအျပည့္ရွိတဲ့ ေျမအမ်ိဳးအစားကို ဆိုလိုပါတယ္။

#ဘိုးဘြားပိုင္ေျမ ။ ။ ေအာက္ျမန္မာႏိုင္ငံ ေက်း႐ြာမ်ားအက္ဥပေဒ ပုဒ္မ ၄၊ ပုဒ္မခြဲ (၁၀) အရ ဘိုးဘြားမိဘမ်ားလက္ထက္က “ဓမၼဦးခ်” ပိုင္ဆိုင္လာခဲ့ၿပီး လႊဲေျပာင္းဆက္ခံခြင့္ရွိကာ “မစိုက္ပ်ိဳးသည့္ေျမ” အမ်ိဳးအစားကို ဘိုးဘြားပိုင္ေျမလို႔ သတ္မွတ္ပါတယ္။

#ဂရန္ရွိေျမပိုင္ေျမ ။ ။ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား ဥပေဒပုဒ္မ ၇(က) အရခြင့္ျပဳထားသည့္ ဘိုးဘပိုင္ေျမကဲ့သို႔ အခြင့္အေရး အဆင့္အတန္းရွိတဲ့ ‌ေျမကို ဂရန္ရွိေျမပိုင္ေျမလို႔ေခၚပါသည္။

#လိုင္စင္ေျမ ။ ။ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အပိုဒ္ – ၃၀၊ ၃၄ တို႔အရ၊ ေကာ္မတီကသတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ယာယီအသုံးျပဳခြင့္ေပးထားေသာ ေျမကို လိုင္စင္ေျမလို႔ေခၚပါသည္။

#ပါမစ္ေျမ ။ ။ ေကာ္မတီကသတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔အညီ “လူေနအိမ္” သိုမဟုတ္ “အေဆာက္အအုံေဆာက္လုပ္ေနထိုင္ ခြင့္” ျပဳထားေသာ ေျမကို ပါမစ္ေျမလို႔ ဆိုလိုပါသည္။

#ေျမငွားဂရန္ေျမ ။ ။ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား ဥပေဒ ၇/၈ ႏွင့္ နည္းဥပေဒ အပိုဒ္ ၂၉ တို႔အရ ေကာ္မတီကစည္းကမ္းခ်က္မ်ား သတ္မွတ္ၿပီး ႏွစ္ကာလ အပိုင္းအျခား သတ္မွတ္၍ ေျမငွားစာခ်ဳပ္ျဖင့္ အငွားခ်ထားတဲ့ေျမကို ေျမငွားဂရန္ေျမ လို႔ေခၚ

ပါသည္။

#စကြာတာေျမ ။ ။ “စကြာတာေျမ” ဆိုတာ ေျမငွားစာခ်ဳပ္မရယူခဲ့၍လည္းေကာင္း၊ ေျမငွားစာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီးေနာက္ အသစ္လဲလွယ္ျခင္းမျပဳ၍လည္းေကာင္း ေျမငွားစာခ်ဳပ္ပါ စည္းကမ္းခ်က္ တစ္ရပ္ရပ္ေဖာက္ဖ်က္၍လည္းေကာင္း “ေျမအဆင့္အတန္း နိမ့္ခ်

သတ္မွတ္ထားတဲ့ ေျမကို” ဆိုလိုပါသည္။

#က်ဴးလြန္ျခင္းေျမ ။ ။ လူေနရပ္ကြက္အတြင္း စနစ္တက်ရွိေသာ အိမ္ရာေျမကြက္ထဲမွာ က်ဴးလြန္ျခင္း “ေျပစာျဖင့္ေကာက္ခံတဲ့ေျမ” မ်ိဳးကို က်ဴးလြန္ျခင္းေျမလို႔ ေခၚပါသည္။

#က်ဴးေက်ာ္ေျမ ။ ။ ေကာ္မတီပိုင္ေျမႏွင့္ ေကာ္မတီက စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ ေျမေပၚမွာ ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရွိသူမ်ား ဝင္ေရာက္ေနထိုင္လွ်က္ရွိတဲ့ ေျမကို က်ဴးေက်ာ္ေျမလို႔ေခၚပါသည္။

ဗဟုသုတအျဖစ္မွ်ေဝပါသည္

Add a Comment

Your email address will not be published. Required fields are marked *