ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ဩဂဲနစ် ရွက်ဖျန်းအားဆေးပြုလုပ်နည်း

Sharing is caring!

ဩဂဲနစ်စိုက်ပျိုးရေးတွင် ပဲဖတ်၊ နှမ်းဖတ်၊ နွားချေး နှင့် ငါးစွန့်ပစ်ပစ္စည်းတို့ကို အချဉ်ဖောက်ကာ ရွက်ဖျန်း မြေဩဇာပြုလုပ်ပြီး အပင်ကြီးထွားမှုကောင်းရန်နှင့် အထွက်တိုးရန် အပင်အားဆေးအဖြစ် သုံးစွဲကြသည်။ ယခုအခါ ခိုင်တိုစန်ကဲ့သို့သော အစွမ်းထက်သည့် ဩဂဲ

နစ်အာဟာရများ၊ သဘာဝဆေးဘက်ဝင် အပင်များမှ ထုတ်လုပ်ထားသော အပင်အားဆေးများ၊ သီးနှံကာကွယ်ဆေးများကို ရွက်ဖျန်းမြေဩဇာအဖြစ် ပြည်တွင်းမှာပင် ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရပါသည်။

မိမိကိုယ်တိုင် ဖော်စပ်ပြုလုပ်နိုင်သော အပင်အားဆေးအချို့ကို ဖော်ပြပေးလိုက်ပါသည်။နွားနို့ချဉ်ရည်ပြုလုပ်နည်း

(အပင်အားဆေး/ မှိုရောဂါကာကွယ်ရန်)

ပါဝင်ပစ္စည်းများ

နွားနို့ – ၁၀ ဆ

ဆန်ဆေးရည် – ၁ ဆ

ဆန်ဆေးရည်ကိုမြေအိုး၏ သုံးပုံတစ်ပုံသာထည့်၍ (၇) ရက်အနယ်ထိုင်ပြီးအလယ်အရည်ကြည်ကိုယူပါ။ ၎င်းရေ (၁) ဆကိုနွားနို့ (၁၀)ဆ နှင့်ရော၍ မြေအိုးထဲသို့ ထည့်ပြီး (၇) ရက်နေပါက အလယ်ရေကြည်ကိုယူ၍ အသုံးပြုနိုင် ပါသည်။ မြေအိုးထဲထည့်ရာတွင် မြေ

အိုး၏ သုံးပုံနှစ်ပုံသာထည့်ပြီး သုံးပုံတစ်ပုံကို လေဟာနယ် ထားပါ။ မြေအိုးများကိုစက္ကူဖြင့် လေလုံအောင်ဖုံးပြီး အရိပ်အောက်တွင်သာ ထားရပါမည်။ ချက်ခြင်းဖျန်းပါက တင်လဲရည် နှင့် ရောရန်မလိုပါ။ တာရှည်ထားလိုပါက တင်လဲရည်နှင့် ဆတူရောထားနိုင်သည်။ နို့

ချဉ်ရည်ကိုရေနှင့် အဆ ၁၀၀ ရောပြီး အပင်ပေါ်နှင့် အပင်ခြေမြေပေါ် ဖျန်းနိုင်ပါသည်။ မြေဆွေးလုပ်ရာတွင် ထည့်သုံးက ဆွေးမြေ့မှုမြန်ပြီး မြေဆွေးအရည်အသွေး ပိုကောင်းစေပါသည်။ မြေပြုပြင်ရာတွင်လည်းသုံးနိုင်ပါသည်။

သစ်သီးအချဉ်ဖေါက်ရည် (Fermented Fruit Juice)

စွန့်ပစ်မည့်သစ်သီးနုလေးများ၊ အမှဲ့လွန်အသီးများကို တင်လဲရည်ဖြင့် ဆတူ ရောနယ်ပြီးမြေအိုး/ ပလတ်စတစ်ပုံး ထဲတွင် အိုး၏ သုံးပုံနှစ်ပုံထည့်၍ စက္ကူဖြင့် လေလုံအောင်ဖုံးပါ။ အသီးများကို ရေမဆေးအခွန်မခွာဘဲ ၂ လက်မ ခန့် အပိုင်းလေးများဖြစ်အောင် စဉ်းပြီး

ထည့်ပါ။ (၁၅) ရက်ကြာလျှင် အသုံးပြုနိုင်သည်။ တစ်လခန့်ထားလျှင် ပိုကောင်းပါသည်။ အင်ဇိုင်းများနှင့် ဘီတာမင်များပါသောကြောင့် အသီးတင်စေသော အားဆေးအဖြစ် သုံးနိုင်ပါ သည်။ သင်္ဘောသီး၊ ငှက်ပျောသီး၊ ရွှေဖရုံသီးအမှည့်များဆိုလျှင် ပိုကောင်းပါသည်။

Zawgyi Version

ဩဂဲနစ္စိုက္ပ်ိဳးေရးတြင္ ပဲဖတ္၊ ႏွမ္းဖတ္၊ ႏြားေခ်း ႏွင့္ ငါးစြန႔္ပစ္ပစၥည္းတို႔ကို အခ်ဥ္ေဖာက္ကာ ႐ြက္ဖ်န္း ေျမဩဇာျပဳလုပ္ၿပီး အပင္ႀကီးထြားမႈေကာင္းရန္ႏွင့္ အထြက္တိုးရန္ အပင္အားေဆးအျဖစ္ သုံးစြဲၾကသည္။ ယခုအခါ ခိုင္တိုစန္ကဲ့သို႔ေသာ အစြမ္းထက္သည့္ ဩဂဲ

နစ္အာဟာရမ်ား၊ သဘာဝေဆးဘက္ဝင္ အပင္မ်ားမွ ထုတ္လုပ္ထားေသာ အပင္အားေဆးမ်ား၊ သီးႏွံကာကြယ္ေဆးမ်ားကို ႐ြက္ဖ်န္းေျမဩဇာအျဖစ္ ျပည္တြင္းမွာပင္ ေဈးႏႈန္းသက္သာစြာျဖင့္ ထုတ္လုပ္ေရာင္းခ်ေနသည္ကို ေတြ႕ရပါသည္။

မိမိကိုယ္တိုင္ ေဖာ္စပ္ျပဳလုပ္ႏိုင္ေသာ အပင္အားေဆးအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါသည္။ႏြားႏို႔ခ်ဥ္ရည္ျပဳလုပ္နည္း

(အပင္အားေဆး/ မႈိေရာဂါကာကြယ္ရန္)

ပါဝင္ပစၥည္းမ်ား

ႏြားႏို႔ – ၁၀ ဆ

ဆန္ေဆးရည္ – ၁ ဆ

ဆန္ေဆးရည္ကိုေျမအိုး၏ သုံးပုံတစ္ပုံသာထည့္၍ (၇) ရက္အနယ္ထိုင္ၿပီးအလယ္အရည္ၾကည္ကိုယူပါ။ ၎ေရ (၁) ဆကိုႏြားႏို႔ (၁၀)ဆ ႏွင့္ေရာ၍ ေျမအိုးထဲသို႔ ထည့္ၿပီး (၇) ရက္ေနပါက အလယ္ေရၾကည္ကိုယူ၍ အသုံးျပဳႏိုင္ ပါသည္။ ေျမအိုးထဲထည့္ရာတြင္ ေျမ

အိုး၏ သုံးပုံႏွစ္ပုံသာထည့္ၿပီး သုံးပုံတစ္ပုံကို ေလဟာနယ္ ထားပါ။ ေျမအိုးမ်ားကိုစကၠဴျဖင့္ ေလလုံေအာင္ဖုံးၿပီး အရိပ္ေအာက္တြင္သာ ထားရပါမည္။ ခ်က္ျခင္းဖ်န္းပါက တင္လဲရည္ ႏွင့္ ေရာရန္မလိုပါ။ တာရွည္ထားလိုပါက တင္လဲရည္ႏွင့္ ဆတူေရာထားႏိုင္သည္။ ႏို႔

ခ်ဥ္ရည္ကိုေရႏွင့္ အဆ ၁၀၀ ေရာၿပီး အပင္ေပၚႏွင့္ အပင္ေျခေျမေပၚ ဖ်န္းႏိုင္ပါသည္။ ေျမေဆြးလုပ္ရာတြင္ ထည့္သုံးက ေဆြးေျမ့မႈျမန္ၿပီး ေျမေဆြးအရည္အေသြး ပိုေကာင္းေစပါသည္။ ေျမျပဳျပင္ရာတြင္လည္းသုံးႏိုင္ပါသည္။

သစ္သီးအခ်ဥ္ေဖါက္ရည္ (Fermented Fruit Juice)

စြန႔္ပစ္မည့္သစ္သီးႏုေလးမ်ား၊ အမွဲ႔လြန္အသီးမ်ားကို တင္လဲရည္ျဖင့္ ဆတူ ေရာနယ္ၿပီးေျမအိုး/ ပလတ္စတစ္ပုံး ထဲတြင္ အိုး၏ သုံးပုံႏွစ္ပုံထည့္၍ စကၠဴျဖင့္ ေလလုံေအာင္ဖုံးပါ။ အသီးမ်ားကို ေရမေဆးအခြန္မခြာဘဲ ၂ လက္မ ခန႔္ အပိုင္းေလးမ်ားျဖစ္ေအာင္ စဥ္းၿပီး

ထည့္ပါ။ (၁၅) ရက္ၾကာလွ်င္ အသုံးျပဳႏိုင္သည္။ တစ္လခန႔္ထားလွ်င္ ပိုေကာင္းပါသည္။ အင္ဇိုင္းမ်ားႏွင့္ ဘီတာမင္မ်ားပါေသာေၾကာင့္ အသီးတင္ေစေသာ အားေဆးအျဖစ္ သုံးႏိုင္ပါ သည္။ သေဘၤာသီး၊ ငွက္ေပ်ာသီး၊ ေ႐ႊဖ႐ုံသီးအမွည့္မ်ားဆိုလွ်င္ ပိုေကာင္းပါသည္။

Add a Comment

Your email address will not be published. Required fields are marked *