မဟာဘောဓိမြိုင်ဆရာတော်ကြီးရဲ့ ဆွမ်းခံကြွရခြင်းရဲ့ရည်ရွယ်ချက်
Sharing is caring!
ပရိသတ်လည်း အဖူးခံဖို့ဗျာ။ ဟိုဘာတုန်း ခင်ဗျားတို့ပြောနေတဲ့❝ကုလေသွ နနုဂိဒ္ဓေါ တို့၊ နစ ခုဒ္ဒ မာစရေ ကိဉ္စိ❞ဆိုတာ။ပညာရှိတို့ နည်းနည်းလေးမှ အပြစ်မပြောသာအောင် ကျင့်ရမှာတဲ့။ပညာရှင်တွေ နည်းနည်းလေးမှ သွားကြားမထိုးရအောင်ကို လုပ်ရမှာ၊ကျင့်ရမှာတဲ့။
အဲတော့ ဒို့က တောထဲနေပြီး ခင်ဗျားတို့ မန်းလေးကလှူတာတွေထိုင်စားတော့ ပြောမှာပေါ့။ ကိုယ်တော်ကြီးက တောထဲနေပြီးဘာလို့အဖူးမခံတာတုန်း ပြောမှာပေါ့။
အခုထွက်တော့ ကဲ ကြိုက်သလောက် ဖူးကြစမ်းဗျာ။မျက်စိမညောင်း ဖူးပေါ့။ ဒို့ကတော့ မိုးရွာကြီးထဲလည်းအဖူးခံမှာ။ လာဖူးသူကသာ မိုးရွာကြီးထဲ ဖူးနိုင်ဖို့ကြိုးစား။အဲဒါ #ထွက်အဖူးခံတာ တစ်ချက်။
နောက်တစ်ချက်က#ဒို့ဘုရားလညျးပဲသက်တော် (၈၀)အထိဆွမ်းခံသွားတာ။ ဆွမ်းခံဝတ် မပျက်ဘူး။ပြီးတော့#ဝဘေူဆရာတောျဘုရားကွီးလညျးအင်ကြင်းပင်မှာသာနွေမို့ပူလွန်းလို့၊ ပရိသတ်များလို့ နားတာ။ကျောက်ဆည်ဝေဘူမှာတော့ဖြင့် ဝါတွင်းမှာ ဆွမ်းခံတာ။ (၈၀) အထိ။
ဒို့ကတော့ဖြင့် ဆွမ်းခံတော့ ရတဲ့ဆွမ်းလေးက တစ်နပ်စာ။ပိုလည်း လွှင့်ပစ်ရမှာပဲ။ သူတို့အလှူရှင်တွေမှာတော့ ဒါလေးမှီပြီးသာသနာတွင်းကုသိုလ်ယူကြရမှာလေ။
ပြီးတော့ ❝သမဏာနဉ္စ ဒဿနံ❞ လားဗျ။ သူတို့မှာ အာရုံပူတွေနဲ့တွေ့နေတာ။ ဒီတစ်ချီလေးပဲ သူတို့ ဖူးခွင့်၊ အေးခွင့်ရတာလေ။ဒို့အတွက်ချည်း ဆွမ်းခံရတာ မဟုတ်ဘူးဗျ။ သူများအတွက်ပါဆွမ်းခံရတာ။
ဒို့ အဝါနဲ့ ပြောရင်တော့ ဓာတ်တွေက ဖောက်ပြန်နေတာ။နေ,အပတ်ရေများလို့ ဖောက်ပြန်တာရယ်၊ လူတွေစည်းမဲ့ကမ်းမဲ့တောတွေ၊ တောင်တွေ ဖျက်ဆီးလို့ရယ် ဒါကြောင့်မို့ ဓာတ်တွေကဖောက်ပြန်နေတယ်။
သည့်ထက်သည့် ပူမှာ။ သည့်ထက်သည့် ပူတဲ့အစာတွေစားပြီးတဲ့လူသားတွေဟာ သည့်ထက်သည့် ရိုင်းသွားမှာ။ ခင်ဗျားတို့ မှီဦးမှာ၊ခံရဦးမှာ။ သည့်ထက်ရိုင်းတာတွေကျတော့ ဘာသာလည်း ရှိမှာမဟုတ်တော့ဘူး။ ဘယ်ဘာသာမှလည်း ယုံမှာမဟုတ်တော့ဘူးလေ။
သူလည်း သူ့ဘာသာ မယုံ၊ ကိုယ်လည်း ကိုယ်ဘာသာ မယုံ။
ဒို့ဗုဒ္ဓဘာသာကတော့ #မောက္ခ အထိ၊ သံသရာက လွတ်တဲ့အထိရှိသမျှ ဓာတ်တွေကို အရိုင်းကနေ အယဉ်, အယဉ်ကနေ အနု,အနုကနေ အရှုခံအဖြစ်နဲ့ မှတ်ပြီးတော့ ဓာတ်သုဉ်းအောင် လုပ်ရတာ။
ဘုရားတို့ ရဟန္တာတို့ဆိုတာ ဓာတ်လေးပါးကုန်သွားလို့၊ဓာတ်သုဉ်းသွားလို့။ ဖိုကြီးနဲ့ထိုးရင်တော့ သံဓာတ်သေသကောဗျ။အလေးချိန်တော့ ဒီတိုင်းရှိမှာပေါ့။ ပြဒါးကလည်း ပြဒါးဓာတ်တော့သေသပေါ့ဗျာ။ ဓာတ်သတ္တိသေသပေါ့ဗျာ။အလေးချိန်ကတော့ ရှိမှာပေါ့။
အဲ့တော့ ဘုရားတွေ၊ ရဟန္တာတွေ ကိလေသာဓာတ်သုဉ်းသွားပြီဆိုတာနဲ့ ပထမကိလေသာနိဗ္ဗာန်တဲ့။ ခန္ဓာတော့ ရှိနေဦးမှာ။နောက်ခန္ဓနိဗ္ဗာန်ကျတော့ ဓာတ်ပဲကျန်တော့တာ။ ဒါကြောင့်မို့လို့ဓာတ်တော်တွေရှိနေကြတာလေ။
အဲဒီဓာတ်တော်ကလည်း သူ့ပရိတ်သတ် ကျန်နေသေးတဲ့ပုဂ္ဂိုလ်က အဓိဋ္ဌာန်ထားခဲ့လို့။ သူ့ပရိတ်သတ် မရှိတော့ဘူး ကုန်ပြီဆိုတာနဲ့လာပြီးသိမ်းသွားတာ။ မထားခဲ့ဘူး။ အဲဒီဓာတ်တော်က အဓိဋ္ဌာန်နဲ့ထားခဲ့တာ။ ဒို့ ဓာတ်နဲ့ သွားကြရတာ။
အဲ့တော့ နောက်ဟာတွေက သည့်ထက်သည် ပူပြီ။ ဘာသာနဲ့မစဉ်းစားနိုင်တော့ဘူး။ ❝ကမ္ဘာမီးလောင် သားကောင်ချနင်းဘဝ❞ရောက်ရတော့မှာ။ အဲဒီအခါကျရင် ခင်ဗျားတို့ သီလရှိတာတောင်ရှောင်နိုင်မှ လွတ်မှာနော်။
ဒို့ ဇင်းကျိုက်တောင်တုန်းက#ကရငျဆရာတောျကွီးပြောသလိုပေါ့။ ❝သစ်ရွက်စားနေနိုင်မှ လွတ်မဟေ့❞ဆိုတာ တောထဲပုန်းနေလို့ပြောတာဗျာ။ အဲဒီဘဝတွေ ရောက်ကြရဦးမှာ။ သူ့ ငါသတ်၊ငါ့ သူသတ်နဲ့ နောက်ဆုံး ကိုယ့်သားတောင် ကိုယ်သတ်စားရမည့်ဘဝရောက်မှာတဲ့ဗျာ။
ကမ္ဘာ့လူသားတွေ ပျက်မှာ။ ကမ္ဘာကြီးက နောက်ဘုရားတစ်ဆူကျန်သေးတယ်။ နှစ်ပေါင်းဘယ်လောက်ဆိုလား ကျန်သေးသတဲ့။ဒီကမ္ဘာသက်တမ်းလေ။ လူသားတွေ ပျက်တော့မှာလေ။ လူရုပ်တော့ရှိမှာပေါ့။ လူစိတ်နဲ့ လူ့ကျင့် မရှိတော့ဘူး။ ဓာတ်ဉာဉ်ဖြစ်တဲ့တိရိစ္ဆာန်ကျင့်ရှိတော့မှာ။
တိရိစ္ဆာန်က ဓာတ်ကောင်တွေဆိုတော့ ဓာတ်ကျင့်ပဲ ရှိတာလေ။လူမှာသာ ကုသိုလ် အကုသိုလ် ဟုတ်ကလား။ ခွဲထားတာ။ဒို့ဗုဒ္ဓဘာသာက မောက္ခအထိ ဓာတ်သေအောင် လုပ်နိုင်တာ။တစ်ခြားဘာသာက သူတို့ကိုယ်တိုင် မောက္ခအထိမှ မရောက်ဘဲနဲ့။
ထာဝရဘုရားဆိုတာ ဗြဟ္မာ့ဘုံ ပထမဈာန်ဘုံက ဗြဟ္မာကြီးကိုခေါ်တာ။ အဲဒါကို သူတို့က ထာဝရဘုရား။ သူက သက်တမ်းကကမ္ဘာကြီးနဲ့အညီ ရှိရတာ။ မဟာကပ်တစ်ကပ် နေရတာလေ။
အဲ့တော့ သူ့ဆီကနေပြီးတော့ ဗြဟ္မာပေါက်စလေးတွေပေါ့ဗျာ။ချာတိတ်လေးတွေပေါ့။ သက်တမ်းကုန်တော့ လူ့ပြည်ပြန်သွား။လူ့ပြည်ကနေ ဈာန်ပြန်ကျင့် သူ့ဆီပြန်သွား။ အဲဒီအခါ သူကဆီးပြီးကြွားတာပေါ့။ ငါက မသေဘူး။ မင်းတို့က ငါ ဖမ်ဆင်းလို့ဖြစ်တာ။ အဲဒီမှာ ဖမ်
ဆင်းရှင် ဣဿရနိမ္မာနဖြစ်ကြတာကိုးဗျ။
သူတို့ဘုရားကိုက ဈာန်လောက်ရတာ။ ဉာဏ်ကနေ ဓာတ်သုဉ်းအောင်ဖြန့်နိုင်တဲ့ ဉာဏ်ဓာတ်မှ မရတာ။ အဲ့တော့ သူ့ဘာသာဝင်တွေလည်းကံသာ ပေးနိုင်တာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကံကောင်းအောင်တော့ဘာသာတိုင်း လုပ်နိုင်တယ်။ ဉာဏ်ကောင်းအောင်တော့ မလုပ်နိုင်
ဘူး။
ကောင်းတာလုပ် ကောင်းတာဖြစ်မယ် ဒါဘာသာတိုင်း ယုံတယ်။ဆိုးတာလုပ် ဆိုးတာဖြစ်မယ် ဘာသာတိုင်း ယုံတယ်။ယုံတဲ့အတိုင်းလည်း လိုက်လုပ်နေကြတာ။သူတို့ဦးစီးတွေပြောတဲ့အတိုင်းလေ။ အဲဒါ လိုက်လုပ်နေကြတာ။
အဲတော့ သူတို့လုပ်တဲ့ဟာက လူဖြစ်ရင် ဖြစ်ပေါ့။ လူမဖြစ်ရင် နတ်ပေါ့ဒါပဲ။ ဗြဟ္မာထိတောင် တက်နိုင်သူ မရှိပါဘူး။ ဈာန်အကျင့်မှမကျင့်နိုင်ကြတော့တာ။ ခေါင်းဆောင်လောက်သာ ဈာန်ရှိချင်ရှိမှာ။ဒို့ဗုဒ္ဓဘာသာကတော့ ကုသိုလ်လည်း ပေးနိုင်တယ်။ ပညာလည်းပေးနိုင်
တယ်။ နှစ်ခုပေးနိုင်တယ်။
🙏🙏🙏
(အသံဖိုင်နားထောင်၍ ရေးရတာဖြစ်လို့ မှားယွင်းမှုရှိခဲ့သည်ရှိသော်မိမိ၏အပြစ်သာ ဖြစ်ပါကြောင်း။)
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သောတရားတော်များအား Youtubeတွင် နာယူမှတ်သားချင်သူများအတွက်အောက်ပါလင့်ခ်မှ ဝင်ရောက် နာယူမှတ်သာနိုင်ပါတယ်။ ⤵️
https://m.youtube.com/channel/UCh8htSOGOgoRVlW6rSyBkbA
Zawgyi Version
ဘူး။
တယ်။ နှစ်ခုပေးနိုင်တယ်။
#မဟာဗောဓိမွိုငျဆရာတျောဘုရားကွီး
🙏🙏🙏
Add a Comment
Your email address will not be published. Required fields are marked *