ဆောင်းရာသီမှာ ငရုတ်အထွက်ကောင်းပြီး ဝင်ငွေတိုးစေမယ့် နည်းလမ်း

Sharing is caring!

ငရုတ်ကို သာမန်အားဖြင့် ငရုတ်အစပ်မျိုးနဲ့ ငရုတ်အချိုမျိုးဆိုပြီး ခွဲခြားနိုင်ပါတယ်။ မျိုးအလိုက် အချို့ငရုတ်သီး တွေဟာ မိုးပေါ်ကိုထောင်ပြီး အချို့က အောက်ကို ငိုက်ပြီးသီးပါတယ်။ ငရုတ်သီးပုံသဏ္ဍာန်မှာလည်း အရှည်၊ အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြပါတယ်။ ငရုတ်ကို

စိုက်ပျိုးတဲ့ရာသီအလိုက် မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဆို ပြီးရှိပါတယ်။ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီ၊ မတ်လမှာ ပျိုးထောင်ပြီး ဧပြီ၊မေလမှာပြောင်းရွှေ့စိုက်ပျိုးကာ ဇူလိုင်၊ သြဂုတ်မှာ ခူးပါတယ်။ မိုးငရုတ်ကိုတော့ ဧပြီ၊မေလမှာ ပျိုးထောင်၊ ဇွန်လမှာ ပြောင်းရွှေ့

စိုက်ပျိုးပြီးရင် စက်တင် လမှာခူးဆွတ်ပါ တယ်။ ဆောင်းငရုတ်ကိုတော့ အောက်တိုဘာလမှာပျိုးထောင်ပြီး နိုဝင်ဘာမှာ စိုက်ပျိုးကာ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခူးဆွတ်ပါတယ်။

ကြိုက်နှစ်သက်သောရာသီဥတုနှင့်မြေအမျိုးအစား

ငရုတ်ဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် (၂၅-၅၀)လက်မရွာသွန်းတဲ့ဒေသမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။ ပူပြင်းတဲ့ဒဏ်ကို ခံနိုင်ပေမယ့် အသီးဖြစ်ထွန်းမှုနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ မှာ ရာသီမရွေးစိုက်ပျိုးကြပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာတော့ ဆောင်းရာသီမှာ စိုက်ပျိုးနိုင်ပါတယ်။ အပူချိန်(၂၀-၃၀)ဒီဂရီစင်တီဂရိတ်မှာ အကောင်းဆုံးဖြစ်ထွန်းပြီး (၁၅)ဒီဂရီစင်တီဂရိတ်ထက်နိမ့်ပြီး (၃၂)ဒီဂရီ စင်တီဂရတ်ထက်မြင့်ရင် အပင်ကြီးထွားမှုနှေးပြီး သီးထွက်လျော့နိုင်ပါတယ်။

ငရုတ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေဟာ အကောင်းဆုံးဖြစ်ပါတယ်။ အသင့် တော်ဆုံး မြေချဉ်ငန်ဓာတ်က (၅.၅-၇) အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်း

စိုက်ပျိုးတဲ့ စနစ်ပေါ်မူတည်ပြီး တစ်ဧကကို မျိုးစေ့ (၁၀၀-၂၀၀)ဂရမ်လိုအပ်ပါတယ်။

မြေသြဇာအသုံးပြုနှုန်း

တစ်ဧကကို နွားချေး (၁၅)တန် ယူရီးယား (၅၀)ကီလိုဆန့် (၂)အိတ်၊ တီစူပါ (၅၀)ကီလိုဆန့် (၁)အိတ်နဲ့ ပိုတက်ရှ် (၅၀)ကီလိုဆန့် (၁)အိတ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ပျိုးထောင်ခြင်း

ပျိုးဘောင်ကို သေချာပြုပြင်ပြီး (၆)လက်မကွာ အတန်းလိုက်အစေ့ချပျိုးထောင်ပါ။ ပူပြင်းတဲ့ရာသီတွေမှာ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုရွက်ဆိတ်ရန်မှကင်းဝေးဖို့ ပျိုးဘောင်မှာ မြေအောင်းပိုး သတ်ဆေးထည့်သွင်းအသုံးပြုခြင်း ဒါမှမဟုတ် မျိုးစေ့

လူးနယ်ပြီး စိုက်ပျိုးသင့်ပါတယ်။ အစိုဓာတ်မပြတ်စေဖို့ ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။

မြေပြုပြင်ခြင်း

စိုက်ခင်းမြေကို နွားချေးချထယ်ထိုးပြီး ထွန်ရေးကောင်းရတဲ့အထိ ထွန်မွှေပါ။ အစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် ကြမ်းရိုက်ပါ။ မြေခံအဖြစ် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် (၁)အိတ်စီထည့်သွင်းအသုံးပြူပါ။

စိုက်ပျိုးခြင်း

ပျိုးသက် (၃၀-၄၅)ရက်သားအရွယ်မှာ ပြောင်းရွှေ့စိုက်ပျိုးပါ။ မိုးကာလမှာ ပျိုးသက်ကို (၂)လအထိ ထားနိုင်ပါ တယ်။ မျိုးအလိုက် အပင်အကွာအဝေးကွာခြားပါတယ်။ တန်းကြား×ပင်ကြား (၂)ပေနဲ့ တစ်ဧက အပင်ဦးရေ (၁၀၀၀၀) ဝင်အောင် စိုက်ပျိုးပါ။ ညနေခင်း

နေအေးချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးပါ။ အပင်စိုက်ပျိုးစဉ်မှာ အမြစ်ကို မြေထဲဖြောင့်တန်းနေအောင် ထည့်သွင်းစိုက်ပျိုးဖို့ လိုပါတယ်။

အပင်ပြုစုခြင်း

ရွှေ့စိုက်ပြီး (၂၀) ရက်သားမှာ ပေါင်းလိုက်ပါ။ စိုက်ပျိုးပြီး (၁)လသားမှာ ယူရီးယားအိတ်ဝက်ထပ်ထည့်ပြီး ပေါင်းလိုက်မြေတောင်မြှောက်ပါ။ အသီးတင်အားကောင်းဖို့ ပထမဆုံးပွင့်တဲ့ ပန်းပွင့်ကို ခြွေပေးသင့်ပါတယ်။

ရေသွင်းခြင်း

မြေတွင်းအစိုဓာတ်နည်းသွားရင် အပွင့်အသီးတွေ ကြွေကျတတ်တာကြောင့် ရေသွင်းပေးပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း

ပျိုးခင်းမှာ မျိုးကြောင့်ဖြစ်တဲ့ ခါးရိရောဂါကာကွယ်ဖို့ ပျိုးဘောင်တွေကို မစိုက်ပျိုးခင် ပိုးသတ်ပေးဖို့ လိုအပ်ပါ တယ်။ စိုက်ခင်းမှာအဓိကကျတာက သီးထိုးကျိုင်း၊ သီးထိုးယင်တွေကျရောက်ပြီး ယင်မတွေဟာ အသီးနုပေါ်မှာ ဥဥချပြီး ဥမှပေါက်လာတဲ့ အကောင်ငယ်တွေ

ဟာ သီးတောင့်တွေကို ဖျက်ဆီးပါတယ်။ ကာကွယ်ရမှာက ပါရာသီယွန်ဆေးကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် (၁၀) ရက်တစ်ကြိမ် ဆေး (၃၀)စီစီကို ရေ (၄)ဂါလံနဲ့ဖျော်ပြီး အသီးတွေစတင်ဖြစ်ပေါ်ချိန်မှစပြီး ပက်ဖျန်းကာကွယ်နိုင်ပါတယ်။

ခူးဆွတ်ခြင်းနှင့်အထွက်နှုန်း

အစိမ်းအဖြစ်ခူးမယ်ဆိုရင် အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် ဒါမှမဟုတ် အရောင်ပြောင်းစချိန်မှာ ခူးရမှာဖြစ်ပါတယ်။ အခြောက်အဖြစ်ခူးမယ်ဆိုရင်တော့ အနီရောင်ကို ကောင်းကောင်းပြောင်းပြီးမှ ခူးရမှာဖြစ်ပါတယ်။ အသီးတွေကို (၅) ရက်တစ်ကြိမ် ခူးဖို့ လိုအပ်ပါတယ်။

မိုးနှောင်းစိုက်တစ်ဧက ငရုတ်ခြောက် (၁၅၀-၂၀၀)ပိဿာ၊ ငရုတ်အစိုဟာ အခြောက်ထက် (၃-၄)ဆခန့် ပိုပြီး ထွက်နိုင်ပါတယ်။ ငရုတ်အစိုတွေကို အပူချိန် (၅၀)ဒီဂရီစင်တီဂရိတ်ရှိ ရေနွေးမှာ (၃-၅)မိနစ်ခန့် အထိ စိမ်ပေးပြီး နေလှန်းအခြောက်ခံခြင်းအားဖြင့်

ငရုတ်သီးအရောင်တောက်ပစေပြီး ထားသိုချိန်မှာ လည်း ကြာရှည်ခံစေမှာဖြစ်ပါတယ်။ ငရုတ်သီးကို အခြောက်ပြုလုပ်ပြီးမှ သိုလှောင်ရတာဖြစ်ပါတယ်။ အခွံပါးပြီး အတောင့်သေးတဲ့မျိုးတွေကို အများအားဖြင့် နေရောင်နဲ့ အခြောက်ခံပြီး အခွံပွပြီး အတောင့် ကြီးတဲ့ မျိုး

ကိုတော့ ရေနွေးဖျောပြီးမှ အခြောက်ခံကြပါတယ်။ အထူးသဖြင့် ပုလိပ်ငရုတ်ချိုကို ရေနွေး ဖျောပြီးမှသာ အခြောက်ခံကြပါတယ်။

မျိုးစေ့ထုတ်ယူနည်း

မျိုးစေ့ခံမယ့် အပင်ကိုရွေးပြီးနောက် အသီးကောင်းကောင်းရင့်မှည့်ချိန်မှာခူးဆွတ်ပြီး အစိုအတိုင်းမျိုးစေ့ ထုတ်ယူပါ။ အခန်းတွင်းအရိပ်အောက်မှာ အခြောက်ခံပါ။ တိုက်ရိုက်နေရောင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

Source; စိုက်ပျိုးရေးဦးစီးဌာန

လယ်ယာစိုက်ပျိုးရေးကဏ္ဍ

Agriculture

Zawgyi Version
င႐ုတ္ကို သာမန္အားျဖင့္ င႐ုတ္အစပ္မ်ိဳးနဲ႔ င႐ုတ္အခ်ိဳမ်ိဳးဆိုၿပီး ခြဲျခားႏိုင္ပါတယ္။ မ်ိဳးအလိုက္ အခ်ိဳ႕င႐ုတ္သီး ေတြဟာ မိုးေပၚကိုေထာင္ၿပီး အခ်ိဳ႕က ေအာက္ကို ငိုက္ၿပီးသီးပါတယ္။ င႐ုတ္သီးပုံသ႑ာန္မွာလည္း အရွည္၊ အပု၊လုံးဝိုင္းပုံအမ်ိဳးမ်ိဳးရွိၾကပါတယ္။ င႐ုတ္ကို

စိုက္ပ်ိဳးတဲ့ရာသီအလိုက္ မိုးႀကိဳင႐ုတ္၊ မိုးင႐ုတ္၊ ေဆာင္းင႐ုတ္ဆို ၿပီးရွိပါတယ္။ မိုးႀကိဳင႐ုတ္ကို ေဖေဖာ္ဝါရီ၊ မတ္လမွာ ပ်ိဳးေထာင္ၿပီး ဧၿပီ၊ေမလမွာေျပာင္းေ႐ႊ႕စိုက္ပ်ိဳးကာ ဇူလိုင္၊ ၾသဂုတ္မွာ ခူးပါတယ္။ မိုးင႐ုတ္ကိုေတာ့ ဧၿပီ၊ေမလမွာ ပ်ိဳးေထာင္၊ ဇြန္လမွာ ေျပာင္းေ႐ႊ႕

စိုက္ပ်ိဳးၿပီးရင္ စက္တင္ လမွာခူးဆြတ္ပါ တယ္။ ေဆာင္းင႐ုတ္ကိုေတာ့ ေအာက္တိုဘာလမွာပ်ိဳးေထာင္ၿပီး ႏိုဝင္ဘာမွာ စိုက္ပ်ိဳးကာ ေဖေဖာ္ဝါရီနဲ႔ မတ္လေတြမွာ ခူးဆြတ္ပါတယ္။

ႀကိဳက္ႏွစ္သက္ေသာရာသီဥတုႏွင့္ေျမအမ်ိဳးအစား

င႐ုတ္ဟာ ပူေႏြးတဲ့ရာသီဥတုကို ႀကိဳက္ႏွစ္သက္ၿပီး မိုးေရခ်ိန္ (၂၅-၅၀)လက္မ႐ြာသြန္းတဲ့ေဒသမွာ စိုက္ပ်ိဳးျဖစ္ ထြန္းပါတယ္။ ပူျပင္းတဲ့ဒဏ္ကို ခံႏိုင္ေပမယ့္ အသီးျဖစ္ထြန္းမႈနည္းပါတယ္။ ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသေတြ မွာ ရာသီမေ႐ြးစိုက္ပ်ိဳးၾကပါတယ္။

ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသမွာေတာ့ ေဆာင္းရာသီမွာ စိုက္ပ်ိဳးႏိုင္ပါတယ္။ အပူခ်ိန္(၂၀-၃၀)ဒီဂရီစင္တီဂရိတ္မွာ အေကာင္းဆုံးျဖစ္ထြန္းၿပီး (၁၅)ဒီဂရီစင္တီဂရိတ္ထက္နိမ့္ၿပီး (၃၂)ဒီဂရီ စင္တီဂရတ္ထက္ျမင့္ရင္ အပင္ႀကီးထြားမႈေႏွးၿပီး သီးထြက္ေလ်ာ့ႏိုင္ပါတယ္။

င႐ုတ္ကို ေျမအမ်ိဳးအစားမေ႐ြးစိုက္ပ်ိဳးႏိုင္ၿပီး သဲႏုန္းေျမဟာ အေကာင္းဆုံးျဖစ္ပါတယ္။ အသင့္ ေတာ္ဆုံး ေျမခ်ဥ္ငန္ဓာတ္က (၅.၅-၇) အတြင္းျဖစ္ပါတယ္။

မ်ိဳးေစ့ႏႈန္း

စိုက္ပ်ိဳးတဲ့ စနစ္ေပၚမူတည္ၿပီး တစ္ဧကကို မ်ိဳးေစ့ (၁၀၀-၂၀၀)ဂရမ္လိုအပ္ပါတယ္။

ေျမၾသဇာအသုံးျပဳႏႈန္း

တစ္ဧကကို ႏြားေခ်း (၁၅)တန္ ယူရီးယား (၅၀)ကီလိုဆန႔္ (၂)အိတ္၊ တီစူပါ (၅၀)ကီလိုဆန႔္ (၁)အိတ္နဲ႔ ပိုတက္ရွ္ (၅၀)ကီလိုဆန႔္ (၁)အိတ္ ထည့္သြင္းအသုံးျပဳသင့္ပါတယ္။

ပ်ိဳးေထာင္ျခင္း

ပ်ိဳးေဘာင္ကို ေသခ်ာျပဳျပင္ၿပီး (၆)လက္မကြာ အတန္းလိုက္အေစ့ခ်ပ်ိဳးေထာင္ပါ။ ပူျပင္းတဲ့ရာသီေတြမွာ ပ်ိဳးေဘာင္ကို အမိုးျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။ ပု႐ြက္ဆိတ္ရန္မွကင္းေဝးဖို႔ ပ်ိဳးေဘာင္မွာ ေျမေအာင္းပိုး သတ္ေဆးထည့္သြင္းအသုံးျပဳျခင္း ဒါမွမဟုတ္ မ်ိဳးေစ့

လူးနယ္ၿပီး စိုက္ပ်ိဳးသင့္ပါတယ္။ အစိုဓာတ္မျပတ္ေစဖို႔ ေရမွန္မွန္ေလာင္းေပးဖို႔ လိုအပ္ပါတယ္။

ေျမျပဳျပင္ျခင္း

စိုက္ခင္းေျမကို ႏြားေခ်းခ်ထယ္ထိုးၿပီး ထြန္ေရးေကာင္းရတဲ့အထိ ထြန္ေမႊပါ။ အစိုဓာတ္ ထိန္းထားႏိုင္ဖို႔အတြက္ ၾကမ္း႐ိုက္ပါ။ ေျမခံအျဖစ္ ယူရီးယား၊ တီစူပါ၊ ပိုတက္ရွ္ (၁)အိတ္စီထည့္သြင္းအသုံးျပဴပါ။

စိုက္ပ်ိဳးျခင္း

ပ်ိဳးသက္ (၃၀-၄၅)ရက္သားအ႐ြယ္မွာ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးပါ။ မိုးကာလမွာ ပ်ိဳးသက္ကို (၂)လအထိ ထားႏိုင္ပါ တယ္။ မ်ိဳးအလိုက္ အပင္အကြာအေဝးကြာျခားပါတယ္။ တန္းၾကား×ပင္ၾကား (၂)ေပနဲ႔ တစ္ဧက အပင္ဦးေရ (၁၀၀၀၀) ဝင္ေအာင္ စိုက္ပ်ိဳးပါ။ ညေနခင္း

ေနေအးခ်ိန္မွာ ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးပါ။ အပင္စိုက္ပ်ိဳးစဥ္မွာ အျမစ္ကို ေျမထဲေျဖာင့္တန္းေနေအာင္ ထည့္သြင္းစိုက္ပ်ိဳးဖို႔ လိုပါတယ္။

အပင္ျပဳစုျခင္း

ေ႐ႊ႕စိုက္ၿပီး (၂၀) ရက္သားမွာ ေပါင္းလိုက္ပါ။ စိုက္ပ်ိဳးၿပီး (၁)လသားမွာ ယူရီးယားအိတ္ဝက္ထပ္ထည့္ၿပီး ေပါင္းလိုက္ေျမေတာင္ေျမႇာက္ပါ။ အသီးတင္အားေကာင္းဖို႔ ပထမဆုံးပြင့္တဲ့ ပန္းပြင့္ကို ေႁခြေပးသင့္ပါတယ္။

ေရသြင္းျခင္း

ေျမတြင္းအစိုဓာတ္နည္းသြားရင္ အပြင့္အသီးေတြ ေႂကြက်တတ္တာေၾကာင့္ ေရသြင္းေပးပါ။

ပိုးမႊားေရာဂါကာကြယ္ျခင္း

ပ်ိဳးခင္းမွာ မ်ိဳးေၾကာင့္ျဖစ္တဲ့ ခါးရိေရာဂါကာကြယ္ဖို႔ ပ်ိဳးေဘာင္ေတြကို မစိုက္ပ်ိဳးခင္ ပိုးသတ္ေပးဖို႔ လိုအပ္ပါ တယ္။ စိုက္ခင္းမွာအဓိကက်တာက သီးထိုးက်ိဳင္း၊ သီးထိုးယင္ေတြက်ေရာက္ၿပီး ယင္မေတြဟာ အသီးႏုေပၚမွာ ဥဥခ်ၿပီး ဥမွေပါက္လာတဲ့ အေကာင္ငယ္ေတြ

ဟာ သီးေတာင့္ေတြကို ဖ်က္ဆီးပါတယ္။ ကာကြယ္ရမွာက ပါရာသီယြန္ေဆးကို တစ္ပတ္တစ္ႀကိမ္ ဒါမွမဟုတ္ (၁၀) ရက္တစ္ႀကိမ္ ေဆး (၃၀)စီစီကို ေရ (၄)ဂါလံနဲ႔ေဖ်ာ္ၿပီး အသီးေတြစတင္ျဖစ္ေပၚခ်ိန္မွစၿပီး ပက္ဖ်န္းကာကြယ္ႏိုင္ပါတယ္။

ခူးဆြတ္ျခင္းႏွင့္အထြက္ႏႈန္း

အစိမ္းအျဖစ္ခူးမယ္ဆိုရင္ အသီးအ႐ြယ္ေရာက္ၿပီး အစိမ္းရင့္ခ်ိန္ ဒါမွမဟုတ္ အေရာင္ေျပာင္းစခ်ိန္မွာ ခူးရမွာျဖစ္ပါတယ္။ အေျခာက္အျဖစ္ခူးမယ္ဆိုရင္ေတာ့ အနီေရာင္ကို ေကာင္းေကာင္းေျပာင္းၿပီးမွ ခူးရမွာျဖစ္ပါတယ္။ အသီးေတြကို (၅) ရက္တစ္ႀကိမ္ ခူးဖို႔ လိုအပ္ပါတယ္။

မိုးေႏွာင္းစိုက္တစ္ဧက င႐ုတ္ေျခာက္ (၁၅၀-၂၀၀)ပိႆာ၊ င႐ုတ္အစိုဟာ အေျခာက္ထက္ (၃-၄)ဆခန႔္ ပိုၿပီး ထြက္ႏိုင္ပါတယ္။ င႐ုတ္အစိုေတြကို အပူခ်ိန္ (၅၀)ဒီဂရီစင္တီဂရိတ္ရွိ ေရေႏြးမွာ (၃-၅)မိနစ္ခန႔္ အထိ စိမ္ေပးၿပီး ေနလွန္းအေျခာက္ခံျခင္းအားျဖင့္

င႐ုတ္သီးအေရာင္ေတာက္ပေစၿပီး ထားသိုခ်ိန္မွာ လည္း ၾကာရွည္ခံေစမွာျဖစ္ပါတယ္။ င႐ုတ္သီးကို အေျခာက္ျပဳလုပ္ၿပီးမွ သိုေလွာင္ရတာျဖစ္ပါတယ္။ အခြံပါးၿပီး အေတာင့္ေသးတဲ့မ်ိဳးေတြကို အမ်ားအားျဖင့္ ေနေရာင္နဲ႔ အေျခာက္ခံၿပီး အခြံပြၿပီး အေတာင့္ ႀကီးတဲ့ မ်ိဳး

ကိုေတာ့ ေရေႏြးေဖ်ာၿပီးမွ အေျခာက္ခံၾကပါတယ္။ အထူးသျဖင့္ ပုလိပ္င႐ုတ္ခ်ိဳကို ေရေႏြး ေဖ်ာၿပီးမွသာ အေျခာက္ခံၾကပါတယ္။

မ်ိဳးေစ့ထုတ္ယူနည္း

မ်ိဳးေစ့ခံမယ့္ အပင္ကိုေ႐ြးၿပီးေနာက္ အသီးေကာင္းေကာင္းရင့္မွည့္ခ်ိန္မွာခူးဆြတ္ၿပီး အစိုအတိုင္းမ်ိဳးေစ့ ထုတ္ယူပါ။ အခန္းတြင္းအရိပ္ေအာက္မွာ အေျခာက္ခံပါ။ တိုက္႐ိုက္ေနေရာင္ထိေတြ႕ျခင္းမွ ေရွာင္ၾကဥ္ဖို႔ လိုအပ္ပါတယ္။

Source; စိုက္ပ်ိဳးေရးဦးစီးဌာန

လယ္ယာစိုက္ပ်ိဳးေရးက႑

Agriculture

Add a Comment

Your email address will not be published. Required fields are marked *