လူငယ်တွေ မသိကြတော့တဲ့ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုချက်မ တည်နေရာ
|ဝမ်းနည်းစရာကောင်းပါတယ်။ ယနေ့ ခေတ်လူငယ်တွေဟာ ဖုန်း ဂိမ်းတွေမှာသာ အချိန်ကုန်ပြီး အမိ မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ထူးခြားမှုတွေကို မသိကြ စိတ်မဝင်စားကြတော့ပါဘူး.
မြန်မာနိုင်ငံ အလယ်ဗဟို ချက်မတည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြ သု ခ ရွာ အနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။
ကမ္ဘာ့တည် နေရာပြ စနစ် (GPS) တိုင်းတာချက်အရ မြောက် လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။
မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ အ မှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေစေတီတော် အနီးတွင် တွေ့နိုင်ပါသည်။ ပြက္ခရွေ့ တောင်သည် ၃၇၅ဝ ပေ မြင့်သည်။
တောင်ထိပ်ပေါ်တွင် အနော်ရထာမင်းတည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီ တည်ရှိသည်။ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာ စွယ်တော် ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူုရွင်းတောင်၊
လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော် တို့တွင် ဌာပနာထား တည်ခဲ့ပြီး နောက် ဆုံး ပဉ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့တောင်ဘက် ပြက္ခရွေ့ တောင် ပေါ် ရှိ၊ပြက္ခရွေ့စေတီတော်မှာ ဌာပနာ ထားခဲ့လေသည်။ အနော်ရထာ မင်းလက်ထက်တွင် ကျောက်
ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ကယွတ်တောင်တို့မှ ကျသောရေကို အထပ် ထပ်စစ်ကာ ရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း ၊သမိုင်းအထောက် အထား များ အရတွေ့ရှိရပေသည်။ ထို စေတီကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီ ဟု ယနေ့တိုင် ခေါ်လေသည်။
Credit : Myat Ko Thwin
zAWGYI vERSION
ဝမ္းနည္းစရာေကာင္းပါတယ္။ ယေန႔ ေခတ္လူငယ္ေတြဟာ ဖုန္း ဂိမ္းေတြမွာသာ အခ်ိန္ကုန္ၿပီး အမိ ျမန္မာႏိုင္ငံရဲ႕ သမိုင္းနဲ႔ ထူးျခားမႈေတြကို မသိၾက စိတ္မဝင္စားၾကေတာ့ပါဘူး.
ျမန္မာႏိုင္ငံ အလယ္ဗဟို ခ်က္မတည္ရွိရာ ေနရာသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္း၊မႏၲေလးတိုင္း၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္၊ ကူမဲၿမိဳ႕ ျမ သု ခ ႐ြာ အနီးရွိ ျပကၡေ႐ြေတာင္ေပၚတြင္ တည္ရွိသည္။
ကမာၻ႔တည္ ေနရာျပ စနစ္ (GPS) တိုင္းတာခ်က္အရ ေျမာက္ လတၱီတြဒ္ ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ္၊ အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ္တြင္ တည္ရွိသည္။
ျမန္မာႏိုင္ငံ အလယ္ဗဟိုခ်က္မ အ မွတ္အသား ေက်ာက္တိုင္ တစ္ခုကို ျမန္မာႏိုင္ငံ ေျမတိုင္းအဖြဲ႕မွ စိုက္ထူထားသည္။ျပကၡေ႐ြ႕ ေတာင္ေပၚရွိ ျပကၡေ႐ြေစတီေတာ္ အနီးတြင္ ေတြ႕ႏိုင္ပါသည္။ ျပကၡေ႐ြ႕ ေတာင္သည္ ၃၇၅ဝ ေပ ျမင့္သည္။
ေတာင္ထိပ္ေပၚတြင္ အေနာ္ရထာမင္းတည္ထား ကိုးကြယ္ခဲ့ေသာ သမိုင္းဝင္ ေရွးေဟာင္းေစတီ တည္ရွိသည္။ပုဂံ အေနာ္ရထာမင္းသည္ ဗုဒၶျမတ္စြာ စြယ္ေတာ္ ပြားမ်ားကို ပုဂံ တန႔္ၾကည္ေတာင္၊ တူု႐ြင္းေတာင္၊
ေလာကနႏၵာႏွင့္ ေ႐ႊစည္းခုံ ေစတီေတာ္ တို႔တြင္ ဌာပနာထား တည္ခဲ့ၿပီး ေနာက္ ဆုံး ပၪၥမေျမာက္ စြယ္ေတာ္ပြားကို ျမစ္သားၿမိဳ႕ အေရွ႕ေတာင္ဘက္ ျပကၡေ႐ြ႕ ေတာင္ ေပၚ ရွိ၊ျပကၡေ႐ြ႕ေစတီေတာ္မွာ ဌာပနာ ထားခဲ့ေလသည္။ အေနာ္ရထာ မင္းလက္ထက္တြင္ ေက်ာက္
ဆည္ခ႐ိုင္ရွိ ျပကၡေ႐ြေတာင္၊ကယြတ္ေတာင္တို႔မွ က်ေသာေရကို အထပ္ ထပ္စစ္ကာ ေရေသာက္ကန္ျပဳလုပ္ခဲ့ေၾကာင္း ၊သမိုင္းအေထာက္ အထား မ်ား အရေတြ႕ရွိရေပသည္။ ထို ေစတီကိုလည္း ျပကၡေ႐ြ႕ မဟာစြယ္ေတာ္ေစတီ ဟု ယေန႔တိုင္ ေခၚေလသည္။
Credit : Myat Ko Thwin