မြန်မာအများစုကို အစာအိမ်နဲ့ ကျောက်တည်စေတဲ့ အိမ်တွင်းပုန်း တရားခံ
|မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်း
ဖြစ်သည်ခရမ်းချည်သီးခရမ်ခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်။
ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်အန္တရာယ်များကြောင်းကို သိသူရှားပါးမည် ဟုထင်ပါသည်မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲ
တွင် ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည်။
ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည်။
ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက် ေ ထာင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည်။
*အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေ*တဦးတယောက်တွင်သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်။
အမှန် တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာကုသခဲ့ရပါသည်နောက်ပိုင်း ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့သံကျည်ပွေ့များ
ကို ရှောင်ရှားသွားရပါတော့သည်တချို့မိသားစု များက စဥ့်ထည်နှင့် ပြုလုပ်ထားသော ငရုတ်ဆုံများဖြင့်ထည့်ထောင်းကြ၍အန္တရာယ်မကြုံရပေစဥ့်ငရုတ်ဆုံမှာ သစ်သား ဝါးသား
ကျည်ပွေ့ များဖြင့်ထောင်းကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏ထို့ကြောင့် မီးဖိုချောင် မှာ ဟင်းမျိုးစုံ အသီးအရွက် အမျိုးစုံများမကျန်ထောင်း မည်ဆိုကကျောက်ငရုတ်ဆုံကျောက်
ကျည်ပွေ့သံကျည်ပွေ့များအား ရှောင်ရှား၍စဥ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များဝါးကျည်ပွေ့များကိုသာ အသုံးပြုကြပါရန် စေတနာကောင်းဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ ။
ကန့်ဘလူကံတင်အောင်(ပထဝီဝင်)[ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ]
မည်သူ့ကိုမျှရည်ညွန်းခြင်းမဟုတ်ပါ။
Zawgyi Version