ဈေးကြီးပေးဝယ်စားရသည့် ကြက်ကောက်ညှင်း အစာသွပ်လုပ်နည်း

Sharing is caring!

တရုတ်နှစ်ကူးမှာ လုပ်စားနိုင်ဖို့ ကြက်ကောက်ညှင်း အစာသွပ် ချက်နည်း တင်ပေးလိုက်ပါတယ်…ပါဝင်သောပစ္စည်းများ

ကြက်၁ကောင် – ၈၀၀ ဂရမ်

ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)

မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တဝက်ကို ပါးပါးလှီးထားပါ)

နှစ်တရာပဲ – ၅ကျပ်သား (အခွံနွှာထားပေးပါ)

ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၄ဇွန်း

မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးထားပါ)

ကြက်အသဲအမြစ် – ၃စုံ (အတုံးသေးများတုံးပါ) (ဒယ်ထဲ ဆီအနည်းငယ်ဖြင့် ကြက်အသဲအမြစ်ကို ကြောပြီ ပြန်ဆယ်ထားပါ)

ပဲငံပြာရည် အနောက်

ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)

ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်း)

ဂျင်း – စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်း)

ခရုဆီ

ချက်ပြုတ်နည်း

၁။ ကြက်တစ်ကောင်လုံး အတွင်း၊အပြင်ကို ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း) ဖြင့်နုယ်ပေးပါ။ ပြီးလျှင် တညသိပ်(သို့) အနည်းဆုံး ၂နာရီခန့် နုပ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး နုပ်ထားသော ကြက်တစ်ကောင်လုံးကို အညှိရောင်သန်းသာသည်အထိ ကြော်ပေးပါ။

၃။ ပြီးလျှင် ခွက်ကြီးထဲ ကြက်တစ်ကောင်လုံးထည့် ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့်ပေါင်းပေးပါ။

၄။ ကြက်တစ်ကောင်လုံးပေါင်းပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပါ။

၅။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်မွှေပေးပါ။

၆။ ကြက်အသဲအမြစ်၊ ပုဇွန်ခြောက်, နှစ်တရာပဲ၊ မှိုထည့်ပါ။

၇။ ထို့နောက် ကောက်ညှင်း ထည့်ပြီး ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့် မွှေပေးပါ။

၈။ ပေါင်းထားသော ကြက်သားမှရသော အရည်များကို ဒယ်ထဲထည့်ပေးပါ။

၉။ လိုအပ်ပါက ကောင်းညှင်းဆန် မြှပ်သည်အထိ ရေအနည်းငယ်ထည့်ပေးပါ။

၁၀။ ပြီးလျှင် အဖုံးအုပ်ထားပြီး မီးအနည်းငယ်ဖြင့် ရေခန်းသည်အထိတည်ထားပေးပါ။

၁၁။ ရေအနည်းငယ်ခန်းသွားလျှင် အဖုံးဖွင့်ပြီး မကပ်အောင် မွှေပေးပါ။

၁၂။ ကောက်ညှင်းရလျှင် တချို့ကောက်ညှင်းများကို ကြက်ကောင်လုံးထဲ အစာသွပ်ပေးပါ။ ကျန်သော ကောက်ညှင်းများကို စတီခွက် ထဲထည့်ပေးပါ။

၁၃။ ပြီးလျှင် ကြက်ကောင်လုံး နှင့် စတီခွက်ထဲများ ကောက်ညှင်းများကို ပေါင်းအိုးထဲ ထည့်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

၁၄။ ထို့နောက် ကြက်သားများကို ဓားဖြင့် အနည်းငယ်လှီးပြီ ဇောက်ပန်းကန်တစ်ခုထဲ ကြက်သား၊ မှိုထည့်၊ အစာသွပ်ထားသော ကောက်ညှင်းထည့်ပြီ ဇွန်းဖြင့် အနည်းငယ် သိပ်ပေးပါ။

၁၅။ ပြီမှ ဇောက်ပန်းကန်လုံကို ပန်းကန်ပေါ်သို့ မှောက်ချလိုက်ပြီ အရသာရှိစွာ ကြက်ကောက်ညှင်း အစာသွပ်ကို သုံးဆောင်လို့ရပါပြီ…

Crd

Zawgyi Version

တ႐ုတ္ႏွစ္ကူးမွာ လုပ္စားႏိုင္ဖို႔ ၾကက္ေကာက္ညႇင္း အစာသြပ္ ခ်က္နည္း တင္ေပးလိုက္ပါတယ္…ပါဝင္ေသာပစၥည္းမ်ား

ၾကက္၁ေကာင္ – ၈၀၀ ဂရမ္

ေကာက္ညႇင္းဆန္ – ၂လုံး (ေရျဖင့္ေဆးေပးပါ)

မႈိပြင့္ေျခာက္ – ၈ခု (ေရျဖင့္ ျပဳတ္ၿပီ ေရျပန္စစ္ကာ တဝက္ကို ပါးပါးလွီးထားပါ)

ႏွစ္တရာပဲ – ၅က်ပ္သား (အခြံႏႊာထားေပးပါ)

ပုဇြန္ေျခာက္ – စားပြဲတင္ဇြန္း ၄ဇြန္း

မုန္လာဥနီ – ၁ခု (အတုံးေသးမ်ား တုံးထားပါ)

ၾကက္အသဲအျမစ္ – ၃စုံ (အတုံးေသးမ်ားတုံးပါ) (ဒယ္ထဲ ဆီအနည္းငယ္ျဖင့္ ၾကက္အသဲအျမစ္ကို ေၾကာၿပီ ျပန္ဆယ္ထားပါ)

ပဲငံျပာရည္ အေနာက္

ၾကက္သြန္နီ – စားပြဲတင္ဇြန္း ၁ဇြန္း (ႏႈတ္ႏႈတ္စဥ္း)

ၾကက္သြန္ျဖဴ – ၂မႊာ (ႏႈတ္ႏႈတ္စဥ္း)

ဂ်င္း – စားပြဲတင္ဇြန္း တဝက္ (ႏႈတ္ႏႈတ္စဥ္း)

ခ႐ုဆီ

ခ်က္ျပဳတ္နည္း

၁။ ၾကက္တစ္ေကာင္လုံး အတြင္း၊အျပင္ကို ပဲငံျပာရည္အေနာက္ (စားပြဲတင္ဇြန္း ၁ဇြန္း)၊ ဆား (လက္ဖက္ရည္ဇြန္း ၃ ဇြန္း)၊ ၾကက္သားမႈန႔္ (လက္ဖက္ရည္ဇြန္း ၃ဇြန္း) ျဖင့္ႏုယ္ေပးပါ။ ၿပီးလွ်င္ တညသိပ္(သို႔) အနည္းဆုံး ၂နာရီခန႔္ ႏုပ္ထားေပးပါ။

၂။ ထို႔ေနာက္ ဒယ္ထဲ ဆီမ်ားမ်ားထည့္ၿပီး ႏုပ္ထားေသာ ၾကက္တစ္ေကာင္လုံးကို အညႇိေရာင္သန္းသာသည္အထိ ေၾကာ္ေပးပါ။

၃။ ၿပီးလွ်င္ ခြက္ႀကီးထဲ ၾကက္တစ္ေကာင္လုံးထည့္ ေပါင္းအိုးျဖင့္ မိနစ္ ၃၀ခန႔္ေပါင္းေပးပါ။

၄။ ၾကက္တစ္ေကာင္လုံးေပါင္းၿပီးလွ်င္ ဒယ္ထဲ ဆီ(စားပြဲတင္ဇြန္း၂ဇြန္း) ထည့္ပါ။

၅။ ၿပီးလွ်င္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္း ထည့္ေမႊေပးပါ။

၆။ ၾကက္အသဲအျမစ္၊ ပုဇြန္ေျခာက္, ႏွစ္တရာပဲ၊ မႈိထည့္ပါ။

၇။ ထို႔ေနာက္ ေကာက္ညႇင္း ထည့္ၿပီး ခ႐ုဆီ(စားပြဲတင္ဇြန္း ၁ဇြန္း) ၊ ပဲငံျပာရည္အေနာက္ (စားပြဲတင္ဇြန္း ၁ဇြန္း)၊ ဆား (လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမႈန႔္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း) ထည့္ ေမႊေပးပါ။

၈။ ေပါင္းထားေသာ ၾကက္သားမွရေသာ အရည္မ်ားကို ဒယ္ထဲထည့္ေပးပါ။

၉။ လိုအပ္ပါက ေကာင္းညႇင္းဆန္ ျမႇပ္သည္အထိ ေရအနည္းငယ္ထည့္ေပးပါ။

၁၀။ ၿပီးလွ်င္ အဖုံးအုပ္ထားၿပီး မီးအနည္းငယ္ျဖင့္ ေရခန္းသည္အထိတည္ထားေပးပါ။

၁၁။ ေရအနည္းငယ္ခန္းသြားလွ်င္ အဖုံးဖြင့္ၿပီး မကပ္ေအာင္ ေမႊေပးပါ။

၁၂။ ေကာက္ညႇင္းရလွ်င္ တခ်ိဳ႕ေကာက္ညႇင္းမ်ားကို ၾကက္ေကာင္လုံးထဲ အစာသြပ္ေပးပါ။ က်န္ေသာ ေကာက္ညႇင္းမ်ားကို စတီခြက္ ထဲထည့္ေပးပါ။

၁၃။ ၿပီးလွ်င္ ၾကက္ေကာင္လုံး ႏွင့္ စတီခြက္ထဲမ်ား ေကာက္ညႇင္းမ်ားကို ေပါင္းအိုးထဲ ထည့္ၿပီး ၄၅မိနစ္ခန႔္ေပါင္းေပးပါ။

၁၄။ ထို႔ေနာက္ ၾကက္သားမ်ားကို ဓားျဖင့္ အနည္းငယ္လွီးၿပီ ေဇာက္ပန္းကန္တစ္ခုထဲ ၾကက္သား၊ မႈိထည့္၊ အစာသြပ္ထားေသာ ေကာက္ညႇင္းထည့္ၿပီ ဇြန္းျဖင့္ အနည္းငယ္ သိပ္ေပးပါ။

၁၅။ ၿပီမွ ေဇာက္ပန္းကန္လုံကို ပန္းကန္ေပၚသို႔ ေမွာက္ခ်လိုက္ၿပီ အရသာရွိစြာ ၾကက္ေကာက္ညႇင္း အစာသြပ္ကို သုံးေဆာင္လို႔ရပါၿပီ…

Crd

Add a Comment

Your email address will not be published.