အရှင်သီတဂူကို ကြည်ဖြူစွာဦးခိုက်ပါ၏ဘုရား”🙏🙏🙏🙏🙏
Sharing is caring!
သီတဂူကို မကြည်ဖြူလို့ ဘယ်သူက ဘယ်လိုပဲပြော​ပြော၊ ဘယ်သူက ဘယ်လိုပဲဆဲဆဲ၊ ဘယ်သူက ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် သီတဂူကတော့ သူ့အလုပ်သူလုပ်နေတာပါပဲ။
နိုင်ငံနဲ့လူမျိုး၊ ဘာသာနဲ့သာသနာ၊ သံဃာနဲ့သီလရှင်တွေအတွက် အခက်အခဲကြုံရင် သီတဂူက ရှေ့ဆုံးက ထွက်တော့တာပါပဲ။
သူမို့စွမ်းတာ၊ သူမို့လုပ်နိုင်တာ၊ လုပ်လို့လည်း စွမ်းနေတာ၊ ဒီအသက်ဒီအရွယ်မှာ ခပ်အေးအေးလေး သူနေလို့ရပေမယ့် သူမနေအား၊ သူကြိုးစားပြီး ကူညီဖေးမ၊ ပေးဝေငှနေတာ
အားလုံးအသိပါပဲ။ မီဒီယာမှာ မကြွားဘူး၊ ဘယ်မီဒီယာမှလည်း မဖော်ပြဘူး။ မဖော်ပြလည်း သီတဂူကတော့ သူ့အလုပ် သူလုပ်နေမြဲပါပဲလေ။
မီဒီယာဆိုတာ မကောင်းတာကိုပဲ ဖော်ပြဖို့လား၊ မကောင်းတာကိုပဲ ဖွဖို့လား၊ ကောင်းတာလေးတွေအတွက် မီဒီယာက မုဒိတာသတင်း မျှဝေဖို့ ဥပဒေများ မရှိဘူးလားပေါ့။
ဘာပဲဖြစ်ဖြစ် သီတဂူ ကြည်ဖြူပါတယ် ဆရာတော်ဘုရား။ သူများမလုပ်နိုင်တာ ဆရာတော် စွမ်းနိုင်နေတာ အားကျပါတယ်၊ ဂုဏ်ယူပါတယ်၊ လေးစားပါတယ်၊ တန်ဘိုးထားပါ
တယ်၊ ကြည်ညိုပါတယ်ဘုရား။
သီတဂူဆရာတော်ဘုရား သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ ပေးသောလက်များ ရှေ့သို့သွားနိုင်ပါစေဘုရား။
ဂရုဂါရဝ အာသီသဖြင့်
မနာပ ဒါယီ (ကိုရီးယား)
တည်ငြိမ်တဲ့ရေပြင်မှာသာ လမင်းကို မြင်နိုင်သလို ငြိမ်းအေးတဲ့ စိတ်မှာပဲ သူတော်ကောင်းအရိပ်ဟာလည်း တည်မြဲပါတယ်။
ဆရာတော် သက်တော်ရာကျော် ရှည်ပါစေဘုရား
Zawgyi Version
ဂရုဂါရဝ အာသီသဖြင့်
မနာပ ဒါယီ (ကိုရီးယား)
Add a Comment
Your email address will not be published. Required fields are marked *