အရသာရှိတဲ့ ငါးဒန် မုန့်ဟင်းခါး ချက်နည်း ( လက်တွေ့ရုပ်သံ)

Sharing is caring!

အရသာရှိရှိ မြန်မာမုန့်ဟင်းခါး ချက်စားကြမယ်။

အိမ်မှာ ဟင်းတွေချည်းစားနေရလို့ ငြီးငွေ့နေပြီလား။ အပြင်ကမုန့်ဟင်းခါးတွေကိုလည်း အကြိုက်မတွေ့လို့ အပြောင်းအလဲလေးလုပ်စားချင်တယ်ဆိုရင်တော့ ချိုမြလှတဲ့အရသာနဲ့ Mom’s Choice ရဲ့ အရိုးလွတ် အရေပြားလွတ်ငါးအသားလွှာနဲ့ မုန့်ဟင်းခါးလေးချက်စားကြမယ်။ ဒါဆို ဘယ်လိုလွယ်လွယ်ကူကူ ချက်လို့ရတယ်ဆိုတာ မျှဝေပေးလိုက်ရပါတယ်ရှင်။

ပါဝင်ပစ္စည်းတွေကတော့…
• ငါးဒန်ငါးအသားလွှာ – 1 kg
• ကြက်သွန်နီ – 160 g
• ကြက်သွန်နီဥသေး – 160 g

• ကြက်သွန်ဖြူ – 80g
• စပါးလင် – 50g
• ငရုတ်သီးမှုန့် – 20g
• ငါးငံပြာရည် – 1.5 Ts

• သကြား – 1Tsp
• ဆား – ½ Tsp
• ငရုတ်ကောင်း – ½ Tsp

• ဆီ (mom’s choice) – 160 g
• ကုလားပဲ – 160 g
• ဆန်လှော်မှုန့် – 160 g

• ရေ – 1ltr
• ငှက်ပျောအူ – 160 g
ဖြည့်စွက်ပါဝင်ပစ္စည်းများ

• ဘဲဥ
• ရှောက်သီး
• နံနံပင်
• ပူစီနံ တို့ပဲဖြစ်ပါတယ်။

ငါးတန်ငါးအသားလွှာနဲ့ မုန့်ဟင်းခါးချက်မယ်ဆိုရင် အားသာချက်ကတော့ အရိုးအရေပြားနွှင်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာမယ်။ မုန့်ဟင်းခါးဟင်းရည်ထဲ ငါးအရိုးပါလာမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့နော်။ ငါးအသားလွှာရဲ့အရသာက ပုံမှန်ငါးတွေထက် အချိုဓာတ်

ပိုကဲတဲ့အတွက် အချိုအရသာအလုံအလောက်ရရှိနိုင်ပါတယ်။ ငါးအသားလွှာနဲ့ မုန့်ဟင်းခါးစချက်တော့မယ်ဆိုရင် ငါးအသားလွှာကို ဆနွင်း၊ငံပြာရည်အနည်းငယ်နဲ့ နယ်ပြီးရေ ၁လီတာထည့်ပြီး ပြုတ်ရပါမယ်။ ငါးပြုတ်ထားတဲ့အထဲကို ချင်းနဲ့ စပါးလင်အနည်းငယ်ထည့်ပြုတ်

ပါမယ်။ ငါးကျက်သွားအောင် မိနစ် ၂၀လောက်အချိန်ပေးရင်ရပါပြီ။ ငါးပြုတ်နေတုန်း တစ်ဖက်မှာ ဟင်းအနှစ်အတွက် ဆီသတ်ပါတော့မယ်။ ဆီ 160 g ကို ဒယ်အိုးထဲထည့် ဆနွင်းမှုန့်နဲ့ဆီသတ်ပါမယ်။ ပြီးရင်တော့ စပါးလင်၊ ချင်း စတာတွေထည့်ပါ။ ပြီးရင် ကြက်သွန်နီ

နုတ်နုတ်စင်းထားတာကို ထည့်ရပါမယ်။ ကြက်သွန်နီညိုပြီးနွမ်းသွားပြီဆိုရင်တော့ ကြက်သွန်ဖြူကိုထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့်ကို ရေနဲ့ဖျော်ပြီး ခုနဆီသတ်ထားတဲ့အထဲကိုထည့်ပါမယ်။ ငရုတ်သီးအစိမ်းမှုန့်နံ့လေးမွှေးလာပြီဆိုရင်တော့ ပထမအဆင့် ဆီသတ်တာပြီးပါပြီ။ ပြီး

ရင်တော့ အခုနပြုတ်ထားတဲ့ ငါးအသားလွှာကိုဆယ်ပြီး ချေပေးပါ။ ချေပြီးပြီဆိုရင်တော့ ခုနကဆီသတ်ထားတဲ့ထဲထည့်ပြီး ဆီထပ်သတ်ပေးရပါမယ်။ အရသာအတွက် ဆား၊ သကြား၊ ငံပြာရည်နဲ့ ငရုတ်ကောင်းအနည်းငယ်ထည့်ပေးရပါမယ်။ ခုနကငါးအသားလွှာ ပြုတ်ထား

တဲ့ အိုးထဲကို ရေ ၁လီတာထပ်ထည့်ပြီး ကြိတ်ထားတဲ့ကုလားပဲတွေ ပြုတ်ထည့်ရပါမယ်။ ဒီဘက်က ငါးဆီသတ်ထားတာရပြီဆိုရင်တော့ ခုနက ကုလားပဲပြုတ်ထားတဲ့ထဲကို ထည့်လို့ရပါပြီ။ ပြီးရင်တော့ ကိုယ်နှစ်သက်သလို ငှက်ပျောအူ၊ ကြက်သွန်ဥနဲ့ ကြက်ဥစတာတွေကို

ထည့်ရပါမယ်။ ကြက်သွန်နီနဲ့ ငှက်ပျောအူတွေကျက်ပြီဆိုရင် အရသာရှိလှတဲ့မုန့်ဟင်းခါးရပါပြီရှင်။ မုန့်ဟင်းခါး ဟင်းရည်ကို အနည်းငယ်ပျစ်မှ ကြိုက်တဲ့သူတွေအတွက် ဆန်လှော်မှုန့်အနည်းငယ်ကို ရေနဲ့ဖျော်ပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲထည့်နိုင်ပါတယ်ရှင်။

ရုပ်သံဖိုင်ကြည့်ရန် နှိပ်ပါ

Credit – Easy To Cook

Zawgyi Version

အရသာရွိရွိ ျမန္မာမုန႔္ဟင္းခါး ခ်က္စားၾကမယ္။

အိမ္မွာ ဟင္းေတြခ်ည္းစားေနရလို႔ ၿငီးေငြ႕ေနၿပီလား။ အျပင္ကမုန႔္ဟင္းခါးေတြကိုလည္း အႀကိဳက္မေတြ႕လို႔ အေျပာင္းအလဲေလးလုပ္စားခ်င္တယ္ဆိုရင္ေတာ့ ခ်ိဳျမလွတဲ့အရသာနဲ႔ Mom’s Choice ရဲ႕ အ႐ိုးလြတ္ အေရျပားလြတ္ငါးအသားလႊာနဲ႔ မုန႔္ဟင္းခါးေလးခ်က္စားၾကမယ္။ ဒါဆို ဘယ္လိုလြယ္လြယ္ကူကူ ခ်က္လို႔ရတယ္ဆိုတာ မွ်ေဝေပးလိုက္ရပါတယ္ရွင္။

ပါဝင္ပစၥည္းေတြကေတာ့…
• ငါးဒန္ငါးအသားလႊာ – 1 kg
• ၾကက္သြန္နီ – 160 g
• ၾကက္သြန္နီဥေသး – 160 g

• ၾကက္သြန္ျဖဴ – 80g
• စပါးလင္ – 50g
• င႐ုတ္သီးမႈန႔္ – 20g
• ငါးငံျပာရည္ – 1.5 Ts

• သၾကား – 1Tsp
• ဆား – ½ Tsp
• င႐ုတ္ေကာင္း – ½ Tsp

• ဆီ (mom’s choice) – 160 g
• ကုလားပဲ – 160 g
• ဆန္ေလွာ္မႈန႔္ – 160 g

• ေရ – 1ltr
• ငွက္ေပ်ာအူ – 160 g
ျဖည့္စြက္ပါဝင္ပစၥည္းမ်ား

• ဘဲဥ
• ေရွာက္သီး
• နံနံပင္
• ပူစီနံ တို႔ပဲျဖစ္ပါတယ္။

ငါးတန္ငါးအသားလႊာနဲ႔ မုန႔္ဟင္းခါးခ်က္မယ္ဆိုရင္ အားသာခ်က္ကေတာ့ အ႐ိုးအေရျပားႏႊင္စရာမလိုတဲ့အတြက္ အခ်ိန္ကုန္သက္သာမယ္။ မုန႔္ဟင္းခါးဟင္းရည္ထဲ ငါးအ႐ိုးပါလာမွာ စိတ္ပူစရာမလိုေတာ့ဘူးေပါ့ေနာ္။ ငါးအသားလႊာရဲ႕အရသာက ပုံမွန္ငါးေတြထက္ အခ်ိဳဓာတ္

ပိုကဲတဲ့အတြက္ အခ်ိဳအရသာအလုံအေလာက္ရရွိႏိုင္ပါတယ္။ ငါးအသားလႊာနဲ႔ မုန႔္ဟင္းခါးစခ်က္ေတာ့မယ္ဆိုရင္ ငါးအသားလႊာကို ဆႏြင္း၊ငံျပာရည္အနည္းငယ္နဲ႔ နယ္ၿပီးေရ ၁လီတာထည့္ၿပီး ျပဳတ္ရပါမယ္။ ငါးျပဳတ္ထားတဲ့အထဲကို ခ်င္းနဲ႔ စပါးလင္အနည္းငယ္ထည့္ျပဳတ္

ပါမယ္။ ငါးက်က္သြားေအာင္ မိနစ္ ၂၀ေလာက္အခ်ိန္ေပးရင္ရပါၿပီ။ ငါးျပဳတ္ေနတုန္း တစ္ဖက္မွာ ဟင္းအႏွစ္အတြက္ ဆီသတ္ပါေတာ့မယ္။ ဆီ 160 g ကို ဒယ္အိုးထဲထည့္ ဆႏြင္းမႈန႔္နဲ႔ဆီသတ္ပါမယ္။ ၿပီးရင္ေတာ့ စပါးလင္၊ ခ်င္း စတာေတြထည့္ပါ။ ၿပီးရင္ ၾကက္သြန္နီ

ႏုတ္ႏုတ္စင္းထားတာကို ထည့္ရပါမယ္။ ၾကက္သြန္နီညိဳၿပီးႏြမ္းသြားၿပီဆိုရင္ေတာ့ ၾကက္သြန္ျဖဴကိုထည့္ပါ။ င႐ုတ္သီးအစိမ္းမႈန႔္ကို ေရနဲ႔ေဖ်ာ္ၿပီး ခုနဆီသတ္ထားတဲ့အထဲကိုထည့္ပါမယ္။ င႐ုတ္သီးအစိမ္းမႈန႔္နံ႔ေလးေမႊးလာၿပီဆိုရင္ေတာ့ ပထမအဆင့္ ဆီသတ္တာၿပီးပါၿပီ။ ၿပီး

ရင္ေတာ့ အခုနျပဳတ္ထားတဲ့ ငါးအသားလႊာကိုဆယ္ၿပီး ေခ်ေပးပါ။ ေခ်ၿပီးၿပီဆိုရင္ေတာ့ ခုနကဆီသတ္ထားတဲ့ထဲထည့္ၿပီး ဆီထပ္သတ္ေပးရပါမယ္။ အရသာအတြက္ ဆား၊ သၾကား၊ ငံျပာရည္နဲ႔ င႐ုတ္ေကာင္းအနည္းငယ္ထည့္ေပးရပါမယ္။ ခုနကငါးအသားလႊာ ျပဳတ္ထား

တဲ့ အိုးထဲကို ေရ ၁လီတာထပ္ထည့္ၿပီး ႀကိတ္ထားတဲ့ကုလားပဲေတြ ျပဳတ္ထည့္ရပါမယ္။ ဒီဘက္က ငါးဆီသတ္ထားတာရၿပီဆိုရင္ေတာ့ ခုနက ကုလားပဲျပဳတ္ထားတဲ့ထဲကို ထည့္လို႔ရပါၿပီ။ ၿပီးရင္ေတာ့ ကိုယ္ႏွစ္သက္သလို ငွက္ေပ်ာအူ၊ ၾကက္သြန္ဥနဲ႔ ၾကက္ဥစတာေတြကို

ထည့္ရပါမယ္။ ၾကက္သြန္နီနဲ႔ ငွက္ေပ်ာအူေတြက်က္ၿပီဆိုရင္ အရသာရွိလွတဲ့မုန႔္ဟင္းခါးရပါၿပီရွင္။ မုန႔္ဟင္းခါး ဟင္းရည္ကို အနည္းငယ္ပ်စ္မွ ႀကိဳက္တဲ့သူေတြအတြက္ ဆန္ေလွာ္မႈန႔္အနည္းငယ္ကို ေရနဲ႔ေဖ်ာ္ၿပီး ပြက္ပြက္ဆူေနတဲ့ ဟင္းရည္ထဲထည့္ႏိုင္ပါတယ္ရွင္။

႐ုပ္သံဖိုင္ၾကည့္ရန္ ႏွိပ္ပါ

Credit – Easy To Cook

Add a Comment

Your email address will not be published. Required fields are marked *