သိသူနည်းတဲ့ မယ်ဇလီဖူးသုပ် အန္တရယ်

Sharing is caring!

တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စားကြပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလေးတော့ မမေ့ကြပါနဲ့။ အထူးသဖြင့်သွေးတိုးရှိ

တဲ့သူတွေ ဆေးဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို အဝအပြဲသွားမစားမိပါစေနဲ့။ သွေးတက်ပြီး ခေါင်းတွေထိုးဇက်တွေ လေးလံလာပါလိမ့်မယ်။ အဆိုးဆုံးကတော့ဝမ်းချူပ်နေရင်

ဦးနှောက်သွေးကြောပေါက်မှာ။ လေဖြတ်မှာပါကြောက်ရပါတယ်။ နောက်မယ်ဇလီဖူးသုပ်ကို အရက်နဲ့မြည်းကြပါတယ်။ အတော်အန္တရယ်များတဲ့ ကိစ္စပါ။ မယ်ဇလီဖူးဟာ အခါးလေကို

ကောင်းစေပါတယ်။ အရက်ကလည်းအခါး ဒါပေမယ့် အရက်က ပူခါး မယ်ဇလီဖူးကအေးခါး အပူနဲ့ အအေးဆန့်ကျင်ဘက်ဖြစ်နေလို့ အရက်သောက်ရင်း မယ်ဇလီဖူးသုပ်စားရင်

လေဖြတ်ရင်ဖြတ်မဖြတ်ရင် ရှော့ဖြစ်တတ်ပါတယ်။ အာရုံကြောထိပြီး အတိတ်မေ့သွားတတ်ပါတယ်။ အထူးရှောင်ကြဖို့ သတိပေးပါရစေ။ နောက်တစ်ခု ထပ်သတိပေးချင်တာက မယ်

ဇလီဖူးမှာ ပါတဲ့ဓာတ်က ရောဂါကူးစက်လွယ်စေပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ချစ်သူရည်းစားတွေတစ်ယောက်နဲ့တစ်ယောက် ဇွန်းတစ်ချောင်းတည်းနဲ့တော့မယ်ဇလီဖူးသုပ်

အပြန်အလှန်ခွံမကျွေးမိပါစေနဲ့။ ရောဂါကူးစက်တတ်သည့်အပြင် သွားရည်တွေဟာသွားချေးတွေကို သယ်ဆောင်ပြီး မယ်ဇလီဖူးကနေတစ်ဆင့် မိမိထံရောက်ရှိလာပါလိမ့်မယ်။ ထပ်

သတိပေးချင်တာကတော့ မယ်ဇလီဖူးကို အန္တရယ်ကင်းကင်းစားသုံးမယ်ဆိုရင် အနည်းဆုံး နှစ်ရေခန့် ပြုတ်ပြီးမှသုပ်ပါ။ မန်ကျီးသီးရေထည့်သုပ်ပါ။ ဆားစတိသာထည့်ပါ။ စားပြီးလျှင်

လေဆေးလျှက်ဆားလေး စားဖို့မမေ့ပါနဲ့။ အရက်နဲ့ လုံးဝမတည့်ပါ။ သဘာဝဆေးကို ဘေးမဖြစ်စေရန် သုံးဆောင်နိူင်ကြပါစေသော်။

ဆရာကြီးဦးဘိုလင်း (နန်းတော်ရှေ့)အစာလဲ​ဆေး ​ဆေးလဲအစာ စားတတ်ကြပါ​စေ

Zawgyi Version

တန္ေဆာင္မုန္းလျပည့္ ည၁၂နာရီေရာက္တာနဲ႔ ေဆးေပါင္းခတယ္ဆိုၿပီး မယ္ဇလီဖူးကိုသုပ္စားၾကပါတယ္။ တန္ေဆးလြန္ေဘးဆိုတာေလးေတာ့ မေမ့ၾကပါနဲ႔။ အထူးသျဖင့္ေသြးတိုးရွိ

တဲ့သူေတြ ေဆးဝင္တယ္ဆိုၿပီး မယ္ဇလီဖူးသုပ္ကို အဝအၿပဲသြားမစားမိပါေစနဲ႔။ ေသြးတက္ၿပီး ေခါင္းေတြထိုးဇက္ေတြ ေလးလံလာပါလိမ့္မယ္။ အဆိုးဆုံးကေတာ့ဝမ္းခ်ဴပ္ေနရင္

ဦးေႏွာက္ေသြးေၾကာေပါက္မွာ။ ေလျဖတ္မွာပါေၾကာက္ရပါတယ္။ ေနာက္မယ္ဇလီဖူးသုပ္ကို အရက္နဲ႔ျမည္းၾကပါတယ္။ အေတာ္အႏၲရယ္မ်ားတဲ့ ကိစၥပါ။ မယ္ဇလီဖူးဟာ အခါးေလကို

ေကာင္းေစပါတယ္။ အရက္ကလည္းအခါး ဒါေပမယ့္ အရက္က ပူခါး မယ္ဇလီဖူးကေအးခါး အပူနဲ႔ အေအးဆန္႔က်င္ဘက္ျဖစ္ေနလို႔ အရက္ေသာက္ရင္း မယ္ဇလီဖူးသုပ္စားရင္

ေလျဖတ္ရင္ျဖတ္မျဖတ္ရင္ ေရွာ့ျဖစ္တတ္ပါတယ္။ အာ႐ုံေၾကာထိၿပီး အတိတ္ေမ့သြားတတ္ပါတယ္။ အထူးေရွာင္ၾကဖို႔ သတိေပးပါရေစ။ ေနာက္တစ္ခု ထပ္သတိေပးခ်င္တာက မယ္

ဇလီဖူးမွာ ပါတဲ့ဓာတ္က ေရာဂါကူးစက္လြယ္ေစပါတယ္။ တန္ေဆာင္မုန္းလျပည့္ညမွာ ခ်စ္သူရည္းစားေတြတစ္ေယာက္နဲ႔တစ္ေယာက္ ဇြန္းတစ္ေခ်ာင္းတည္းနဲ႔ေတာ့မယ္ဇလီဖူးသုပ္

အျပန္အလွန္ခြံမေကြၽးမိပါေစနဲ႔။ ေရာဂါကူးစက္တတ္သည့္အျပင္ သြားရည္ေတြဟာသြားေခ်းေတြကို သယ္ေဆာင္ၿပီး မယ္ဇလီဖူးကေနတစ္ဆင့္ မိမိထံေရာက္ရွိလာပါလိမ့္မယ္။ ထပ္

သတိေပးခ်င္တာကေတာ့ မယ္ဇလီဖူးကို အႏၲရယ္ကင္းကင္းစားသုံးမယ္ဆိုရင္ အနည္းဆုံး ႏွစ္ေရခန္႔ ျပဳတ္ၿပီးမွသုပ္ပါ။ မန္က်ီးသီးေရထည့္သုပ္ပါ။ ဆားစတိသာထည့္ပါ။ စားၿပီးလွ်င္

ေလေဆးလွ်က္ဆားေလး စားဖို႔မေမ့ပါနဲ႔။ အရက္နဲ႔ လုံးဝမတည့္ပါ။ သဘာဝေဆးကို ေဘးမျဖစ္ေစရန္ သုံးေဆာင္ႏိူင္ၾကပါေစေသာ္။

ဆရာႀကီးဦးဘိုလင္း (နန္းေတာ္ေရွ႕)အစာလဲ​ေဆး ​ေဆးလဲအစာ စားတတ္ၾကပါ​ေစ။

Add a Comment

Your email address will not be published. Required fields are marked *