ညဘက်အိပ်မပျော်သူတွေအတွက် ပူစီနံ ၇ ရွက်လောက်ပဲ လိုပါတယ်

Sharing is caring!

ကိုဗစ်ဖြစ်ထားပြီးသူတွေ(သို့မဟုတ်)ရာသီတုပ်ကွေးဖြစ်ပြီးတဲ့သူတွေ အိပ်မပျော်ကြဘူးလို့လိုင်းပေါ်မှာတွေ့နေရတယ်။လွယ်လွယ်လေးပါ။ မခက်ပါဘူး။ပူစီနံခုနှစ်ရွက်လောက် ကို သုံးမိနစ်ရေနွေးအိုးထဲရေ နှစ်ခွက်စာထည့်ပြုတ်ပြီး ညအိပ်ယာဝင်ကာနီး မှုတ်သောက်ပါ။

ကိုယ်အိပ်မပျော်တဲ့အပေါ်မူတည်ပြီး အရွက်ကိုပိုထည့်ပါ။ဆင်အော်တောင်မနိုးဘူး😁ချောင်းဆိုးလည်းသက်သာတယ်။ဒီလို ည အိပ်မပျော်တာ..ကြာခဲ့ပြီဆိုရင်နလန်ထ အားမွေးတာအတွက်ကတော့မနက် ထမင်းရည်၊ နွားနို့တခွက်၊(ချောင်းဆိုးလျှင် သကြားမထည့်ရပါ)

နေ့ ထမင်းစားပြီးငှက်ပျောသီးပြုတ်တလုံး၊ကြားချိန် နဂါးမောက်သီး၊ နာနတ်သီးနေ့စဉ်စားတယ်ညနေစောထမင်းစားပြီးထိုနည်းလည်းကောင်း၊ညနေစောင်းလောက်တော့နွားနို့ကြိုက်ရင် နွားနို့သောက်၊အိပ်ယာဝင်ပူစီနံပြုတ်ရည်တခွက်ပြုတ်သောက်

ပူစီနံအရည်ကို သောက်ခြင်းဟာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့ …….အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံစားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် လျော့ချနိင်ပါတယ်။

ပူစီနံကဘယ်လိုကျန်းမာရေးကောင်းကျိုးတွေဖြစ်စေပါသလဲ……..?

(၁) အစာကြေစေတယ်- ခံတွင်းကိုလည်း ရှင်းစေတယ်၊အစာကိုလည်း ကြေစေတယ်၊အစာမာ စားတာ များရင်၊ဒါမှမဟုတ်အစာမကြေ ဖြစ်နေရင်ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့အစောကြေ အဆင်ပြေစေပါလိမ့်မယ်

(၂) အာရုံကြော အားကောင်းစေတယ်ခေါင်းကိုက် ပျောက်ကင်းစေတယ်- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းကအာရုံကြော အားကောင်းစေတာတွေ့ရသလိုခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့အနံ့ကြောင့်ခေါင်းကိုက်ပျေက်ကင်းစေတာတွေ့ရပါတယ်

(၃) ချွဲကျစေတယ်၊ချောင်းဆိုးပျောက်စေတယ်- ချောင်းဆိုးပျောက်ဆေး အများစုမှာပူစီနံရဲ့ ဓါတ်ကို ထည့်သွင်းထုတ်လုပ်ထားတာ တွေ့နိုင်သလိုအနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့်ချွဲကျစေသလို ချောင်းဆိုလည်းပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်းသက်သာစေနိုင်တယ်- အများဆုံးသောပန်းနာရင်ကျပ် သမားတွေရဲ့လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်ကပူစီနံပါ၊ လည်ချောင်းရှင်းပြီးအသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်းပူစီနံ အနည်းငယ်ပုံမှန်စားသုံးပေးသင့်ပါတယ်နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်- ပူစီနံရွက်ထဲမှာပါရှိတဲ့ ပူရှိန်းတဲ့ဓါတ်ဟာ သွေးထဲက အဆီခဲတွေကိုဖယ်ရှားပေးနိုင်ပြီး အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းကအရေပြားကို စိုစွတ် အေးမြစေတယ်၊စိုပြေစေတယ်၊နေပူဒဏ် ခံနိုင်စေတယ်၊ပူစီနံနဲ့ ဖော်စပ်ထားတဲ့အရေပြား လိမ်းဆေးတွေကအရေပြားကူးစက်ရောဂါတွေကိုပါကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈)သတိမေ့ခြင်းကိုသက်သာစေနိုင်တယ်-အသက်အရွယ်ကြီးမားလာခြင်းအတွက်ရောစိတ်ဖိစီးမှု များခြင်းကြောင့်သတိမေ့ခြင်းကိုပူစီနံက ကာကွယ်ပေးနိုင်တာ၊သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်- အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သလိုကိုယ်အလေးချိန် များနေသူတွေ၊အဝလွန်နေသူတွေကိုလည်း သွေးထဲကအဆီတွေဖယ်ပေးနိုင်တာကြောင့်ကိုယ်အလေးချိန် မှန်ပြီးပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်းကာကွယ်ပေးနိုင်တယ်- အထိရောက်ဆုံး ကာကွယ်မှုပေးနိုင်တာ မဟုတ်ပေမယ့်နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ ကင်ဆာဖြစ်စေမယ့်ဆဲလ်တွေဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

Credit Post

Zawgyi Version

ကိုဗစ္ျဖစ္ထားၿပီးသူေတြ(သို႔မဟုတ္)ရာသီတုပ္ေကြးျဖစ္ၿပီးတဲ့သူေတြ အိပ္မေပ်ာ္ၾကဘူးလို႔လိုင္းေပၚမွာေတြ႕ေနရတယ္။လြယ္လြယ္ေလးပါ။ မခက္ပါဘူး။ပူစီနံခုႏွစ္႐ြက္ေလာက္ ကို သုံးမိနစ္ေရေႏြးအိုးထဲေရ ႏွစ္ခြက္စာထည့္ျပဳတ္ၿပီး ညအိပ္ယာဝင္ကာနီး မႈတ္ေသာက္ပါ။

ကိုယ္အိပ္မေပ်ာ္တဲ့အေပၚမူတည္ၿပီး အ႐ြက္ကိုပိုထည့္ပါ။ဆင္ေအာ္ေတာင္မႏိုးဘူး😁ေခ်ာင္းဆိုးလည္းသက္သာတယ္။ဒီလို ည အိပ္မေပ်ာ္တာ..ၾကာခဲ့ၿပီဆိုရင္နလန္ထ အားေမြးတာအတြက္ကေတာ့မနက္ ထမင္းရည္၊ ႏြားႏို႔တခြက္၊(ေခ်ာင္းဆိုးလွ်င္ သၾကားမထည့္ရပါ)

ေန႔ ထမင္းစားၿပီးငွက္ေပ်ာသီးျပဳတ္တလုံး၊ၾကားခ်ိန္ နဂါးေမာက္သီး၊ နာနတ္သီးေန႔စဥ္စားတယ္ညေနေစာထမင္းစားၿပီးထိုနည္းလည္းေကာင္း၊ညေနေစာင္းေလာက္ေတာ့ႏြားႏို႔ႀကိဳက္ရင္ ႏြားႏို႔ေသာက္၊အိပ္ယာဝင္ပူစီနံျပဳတ္ရည္တခြက္ျပဳတ္ေသာက္

ပူစီနံအရည္ကို ေသာက္ျခင္းဟာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစသလို အဆီလည္း က်ေစပါတယ္တဲ့ …….အိႏၵိယ အစားအစာေတြထဲမွာေရာ အတို႔အျမဳပ္ အေနနဲ႔ပါ စားႏိုင္တဲ့ ပူစီနံစား႐ုံနဲ႔ ေလ့က်င့္ခန္းေတြ ထူးထူး ေထြေထြ သိပ္လုပ္စရာ မလိုပဲ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်နိင္ပါတယ္။

ပူစီနံကဘယ္လိုက်န္းမာေရးေကာင္းက်ိဳးေတြျဖစ္ေစပါသလဲ……..?

(၁) အစာေၾကေစတယ္- ခံတြင္းကိုလည္း ရွင္းေစတယ္၊အစာကိုလည္း ေၾကေစတယ္၊အစာမာ စားတာ မ်ားရင္၊ဒါမွမဟုတ္အစာမေၾက ျဖစ္ေနရင္ပူစီနံ နည္းနည္းေလာက္ စားေပး႐ုံနဲ႔အေစာေၾက အဆင္ေျပေစပါလိမ့္မယ္

(၂) အာ႐ုံေၾကာ အားေကာင္းေစတယ္ေခါင္းကိုက္ ေပ်ာက္ကင္းေစတယ္- ပူစီနံကို ပုံမွန္ စားသုံးေပးျခင္းကအာ႐ုံေၾကာ အားေကာင္းေစတာေတြ႕ရသလိုေခါင္းကိုက္ေနခ်ိန္မွာလည္း စားသုံးေပးမယ္ဆိုရင္ ပူစီနံရဲ႕အနံ႔ေၾကာင့္ေခါင္းကိုက္ေပ်က္ကင္းေစတာေတြ႕ရပါတယ္

(၃) ခြၽဲက်ေစတယ္၊ေခ်ာင္းဆိုးေပ်ာက္ေစတယ္- ေခ်ာင္းဆိုးေပ်ာက္ေဆး အမ်ားစုမွာပူစီနံရဲ႕ ဓါတ္ကို ထည့္သြင္းထုတ္လုပ္ထားတာ ေတြ႕ႏိုင္သလိုအနည္းငယ္ ပူရွိန္တဲ့ ဓါတ္ေၾကာင့္ခြၽဲက်ေစသလို ေခ်ာင္းဆိုလည္းေပ်ာက္ကင္းေစတာ ေတြ႕ရပါတယ္။

(၄) ပန္းနာရင္က်ပ္လည္းသက္သာေစႏိုင္တယ္- အမ်ားဆုံးေသာပန္းနာရင္က်ပ္ သမားေတြရဲ႕လက္စြဲေတာ္ အစားအစာလည္းျဖစ္၊ အေကာင္းဆုံး စားသုံးသင့္တဲ့ အ႐ြက္ကပူစီနံပါ၊ လည္ေခ်ာင္းရွင္းၿပီးအသက္ရႈလမ္းေၾကာင္း ေကာင္းမြန္ေစတာ ေတြ႕ရပါတယ္။

(၅) မိခင္မ်ား ႏို႔ထြက္ေကာင္းေစတယ္- ႏို႔တိုက္မိခင္ေတြ ႏို႔ထြက္ေကာင္းေစခ်င္တယ္ ဆိုရင္လည္းပူစီနံ အနည္းငယ္ပုံမွန္စားသုံးေပးသင့္ပါတယ္ႏို႔ထြက္အားေကာင္းလာေစႏိုင္ပါတယ္။

(၆) အဝလြန္ျခင္းကိုကာကြယ္ေပးႏိုင္တယ္- ပူစီနံ႐ြက္ထဲမွာပါရွိတဲ့ ပူရွိန္းတဲ့ဓါတ္ဟာ ေသြးထဲက အဆီခဲေတြကိုဖယ္ရွားေပးႏိုင္ၿပီး အဝလြန္ျခင္းကိုကာကြယ္ေပးႏိုင္တာ ေတြ႕ရပါတယ္။

(၇) အသားေရစိုေျပေစတယ္- အ႐ြယ္ကို ပုံမွန္ စားသုံးေပးျခင္းကအေရျပားကို စိုစြတ္ ေအးျမေစတယ္၊စိုေျပေစတယ္၊ေနပူဒဏ္ ခံႏိုင္ေစတယ္၊ပူစီနံနဲ႔ ေဖာ္စပ္ထားတဲ့အေရျပား လိမ္းေဆးေတြကအေရျပားကူးစက္ေရာဂါေတြကိုပါကာကြယ္ေပးႏိုင္တာ ေတြ႕ရပါတယ္။

(၈)သတိေမ့ျခင္းကိုသက္သာေစႏိုင္တယ္-အသက္အ႐ြယ္ႀကီးမားလာျခင္းအတြက္ေရာစိတ္ဖိစီးမႈ မ်ားျခင္းေၾကာင့္သတိေမ့ျခင္းကိုပူစီနံက ကာကြယ္ေပးႏိုင္တာ၊သက္သာေစႏိုင္တာ ေတြ႕ရပါတယ္။

(၉) ကိုယ္အေလးခ်ိန္ မွန္ေစတယ္- အဝလြန္ျခင္းကို ကာကြယ္ေပးႏိုင္သလိုကိုယ္အေလးခ်ိန္ မ်ားေနသူေတြ၊အဝလြန္ေနသူေတြကိုလည္း ေသြးထဲကအဆီေတြဖယ္ေပးႏိုင္တာေၾကာင့္ကိုယ္အေလးခ်ိန္ မွန္ၿပီးပိန္ေစႏိုင္တာလည္း ေတြ႕ရပါတယ္။

(၁၀) ကင္ဆာကိုလည္းကာကြယ္ေပးႏိုင္တယ္- အထိေရာက္ဆုံး ကာကြယ္မႈေပးႏိုင္တာ မဟုတ္ေပမယ့္ေနာက္ဆုံး ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ ကင္ဆာျဖစ္ေစမယ့္ဆဲလ္ေတြျဖစ္တည္မႈနဲ႔ ကင္ဆာဆဲလ္ေတြ ေသေစႏိုင္မႈကို ပူစီနံဓါတ္က ကူညီ တိုက္ဖ်က္ေပးႏိုင္တာ ေတြ႕ရပါတယ္။

Credit Post ~

Add a Comment

Your email address will not be published.