စိုးရိမ်စရာသတင်း.. အိုမီခရွန် မြန်မာပြည်မှာ တွေ့ပြီတဲ့
|မင်္ဂလာပါ စာဖတ်သူများတို့ရေ..
လက်ရှိကမ္ဘာမှာ ဒုက္ခပေးနေတဲ့ ကိုဗစ် မျိုးကွဲ တစ်ခုဖြစ်တဲ့ အိုမီခရွန် အကြောင်းတော့ ကြားဖူးမှာပါနော်။
သူဟာဆိုရင် ယခင် မျိုးကွဲတွေထက် ကူးစက်မှုနှုန်း အဆမတန်များပြားပြီး ကူးနိုင်ချေ အများဆုံးပါပဲတဲ့။
လက်ရှိအချိန်မှာတောင် ခေတ်မီလှပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာပင် နေ့စဉ် သောင်းချီ သိန်းချီပြီး ကူးစက်နေတာပါ။
စိတ်မကောင်းစရာ အနေနဲ့ သတင်းစကားပါးရမှာတော့ အိုမီခရွန်ဟာ မြန်မာနိုင်ငံမှာ စတင် တွေ့ရှိနေပြီလို့ သိရပါတယ်။
ဒါဟာလည်း ယုံကြည်ရတဲ့ သတင်းအရင်းအမြစ် ဖြစ်တဲ့ ဒေါက်တာ ခင်ခင်ကြီးက ၎င်းရဲ့ စာမျက်နှာကနေ အသိပေးလာတာပါ။
တွေ့တာကတော့ ယူအေအီး ဒူဘိုင်းက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေမှာ စတွေ့တာလို့ သိရပါတယ်နော်။
အခုအချိန်မှာ ကာကွယ်ဆေးထိုးထားတာတွေကလည်း အချိန်စေ့နီးပါးဖြစ်နေပါပြီ။
ဒါကြောင့် ဘယ်လိုပဲ ဖြစ််ဖြစ်အပြင်သွားရင် လူစု လူဝေးရှောင်ဖို့ ၊ မတ်စ် တပ်သွားဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ သတိမမေ့ပါနဲ့လို့ ချစ်ခင်စွာနဲ့ သတိပေးလိုက်ပါနော်။
အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။
Zawgyi Version
ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ်အပြင်သွားရင် လူစု လူဝေးရှောင်ဖို့ ၊ မတ်စ် တပ်သွားဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ သတိမမေ့ပါနဲ့လို့ ချစ်ခင်စွာနဲ့ သတိပေးလိုက်ပါနော်။