စိုက်ပျိုးသူတိုင်း သိသင့်တဲ့ မြေဆီလွှာဆားပေါက်နေရင် ပြုပြင်နည်း

Sharing is caring!

မြန်မာနိုင်ငံမှာ မြေဆီလွှာဆပ်ပြာပေါက်တာကို ပဲခူး (အရှေ့၊အနောက်) အထက်ပိုင်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ဖြစ်ပေါ်တာကို တွေ့ရပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ အဲဒီဒေသတွေက မြေဆီလွှာအပေါ်မျက်နှာပြင်တွေမှာ ဆပ်ပြာမှုန့်ဖြူးထား

သလို ဆပ်ပြာမှုန့်တွေ ဖွေးနေအောင်ပွင့်နေတာကို တွေ့ရပါတယ်။

မြေဆီလွှာဆပ်ပြာပေါက်ခြင်းမှာ မြေဆီလွှာအောက်ရှိ ရေထဲမှာ ဆပ်ပြာတွေပျော်ဝင်နေရာက နေပူရှိန်ပြင်းလာတာနဲ့အမျှ ရေထဲပျော်ဝင်နေတဲ့ ဆပ်ပြာတွဟာ ရေနဲ့အတူအငွေ့ပြန်ပြီး မြေဆီလွှာမျက်နှာပြင်သို့ တက်လာပါတယ်။ မြေဆီလွှာအပေါ်မျက်နှာပြင်ရောက်တဲ့အခါ

ရေဟာ အငွေ့ပြန်ပြီးလေထဲကိုတက်သွားကာ ရေထဲပျော်ဝင်နေတဲ့ ဆပ်ပြာဟာ အငွေ့မပြန်နိုင်တော့ဘဲ မြေဆီလွှာမျက်နှာပြင်မှာ ဆပ်ပြာမှုန့်များအဖြစ် ဖွေးနေအောင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဓာတ်သဘောအရဆိုရင် မြေဆီလွှာအတွင်း ဖလှယ်နိုင်တဲ့ ဆိုဒီယမ် (Na) ပါဝင်မှု ပမာဏ များနေခြင်းကြောင့်လည်းကောင်း၊ မြေဆီလွှာချဉ်ငန်ကိန်း ၈ ဒသမ ၅ မှ ၁၁ အထိ ရှိနေခြင်းကြောင့်လည်းကောင်း၊ ဆိုဒီယမ်ကာဗွန်နိတ်(NaCO3) ၊ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်

(NaHCO3) ၊ ကယ်လ်စီယမ်ကာဗွန်နိတ် (CaCO3) နဲ့ ဆီလီကာများ ပျော်ဝင်ပျောက်ဆုံးမှုများလွန်းခြင်းကြောင့်လည်းကောင်း၊ နိုက်ထရိုဂျင်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်ချို့တဲ့ပြီး မြေစေးနဲ့ မြေဆွေးဓာတ်များ ပြန့်ကျဲနေခြင်းကြောင့်လည်းကောင်းဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

ဆပ်ပြာပေါက်မြေများဟာ စိုနေရင် စေးကပ်နေပြီး ခြောက်သွေ့နေရင် မာကျောကာ ရေစိမ့်ဝင်နိုင်မှု ညံ့ဖျင်းတာ၊ ရေပျံ့နှံ့မှု ညံ့ဖျင်းတာတွေ ဖြစ်ပေါ်စေပါတယ်။ဆပ်ပြာပေါက်မြေမှာ စပါးစိုက်ပျိုးပါက ကြုံတွေ့ရတဲ့ လက္ခဏာတွေက ရွက်ထိပ်ဖျားဖြူ၊ ကြီးထွားမှုရပ်တန့်၊

အပင်ပုပြီး နောက်ဆုံညှိုးခြောက်သေသွားပါတယ်။

စပါးပင်ငယ်စဉ်မှာ ဆပ်ပြာဒဏ်မခံနိုင်ပါ။ အသက်ရလာရင် ခံနိုင်ရည်ရှိသွားပါတယ်။ ပန်းပွင့်ချိန်မှာ ဆပ်ပြာဒဏ်မခံနိုင်တာ တွေ့ရပါတယ်။ ဆပ်ပြာအဆိပ်သင့်မှုဖြစ်ပါက စပါးရွက်တွေပေါ်မှာ အရောင်မညီ အနာကွက်တွေဖြစ်ပေါ်ပြီး ရွက်ဟောင်းတွေမှာမီးလောင်ကွက်လို

ဖြစ်ပေါ်လာကာ နောက်ဆုံး စပါးပင်သေသွားပါတယ်။ စပါးပင်အမြစ်ကစုပ်ယူတဲ့အာဟာရများနဲ့ ရေမှာဆိုဒီယမ်များနေသဖြင့် အဲဒီဆိုဒီယမ်များကစပါးပင်ရဲ့ အစာကြော၊ ရေကြောစီးကို ပိတ်ဆို့နေလို့ အပင်အပေါ်ပိုင်းကို အစာအာဟာရများနဲ့ ရေများမပို့နိုင်တော့ဘဲ ခြောက်

သေရတာ ဖြစ်ပါတယ်။

ဆပ်ပြာပေါက်မြေများကို ပြုပြင်ရန်နည်းလမ်းမှာ ဂျစ်ပဆန်ကျောက်မှုန့်ကိုတစ်ဧက ပေါင် ၃၀ မှ ၅၀ နှုန်းထည့်ပေးပြီးရေသွင်း၊ ရေလှောင် ထွန်နဲ့မွှေပြီး ရေပြန်လွှတ်တာ၊ ရေပြန်လှောင်တာ၊ တစ်ရာသီငါးကြိမ်၊ခြောက်ကြိမ် ရေသွင်းလိုက်၊ ထုတ်လိုက် ပြုလုပ်ပေးပါက

ရေဆေးချသလိုဖြစ်သွားကာ ဆပ်ပြာ (ဆိုဒီယမ်ဓာတ် -Na) များရေနဲ့ပါသွားစေပါတယ်။ အခုလိုပြုလုပ်ပေးခြင်းဖြင့် မြေဆီလွှာအတွင်း ဆပ်ပြာပမာဏလျော့နည်းစေခြင်း၊ မြင့်မားနေတဲ့မြေချဉ်ငန်ကိန်းကို လျော့ကျစေခြင်း၊ ဘိုရွန်အဆိပ်သင့်ခြင်းမှ ကင်းလွတ်စေခြင်း၊

မြေစိုနေချိန်မြေဆီလွှာ အောက်ဆီဂျင်နည်းခြင်းမှ ကင်းဝေးစေခြင်း၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊မဂ္ဂနီးစ်ဓာတ်၊ ဖော့စဖရပ်ဓာတ်များ အပင်က စုပ်ယူနိုင်မှုမြင့်မားစေခြင်း၊ မြေဆီလွှာရုပ်ဂုဏ်သတ္တိများ ကောင်းမွန်လာစေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိပါတယ်။

credit

အောင်ဆန်း(စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများဂျာနယ်

Zawgyi Version

ျမန္မာႏိုင္ငံမွာ ေျမဆီလႊာဆပ္ျပာေပါက္တာကို ပဲခူး (အေရွ႕၊အေနာက္) အထက္ပိုင္း၊ မႏၲေလး၊ မေကြး၊ စစ္ကိုင္းတိုင္းေဒသႀကီးတို႔မွာ ျဖစ္ေပၚတာကို ေတြ႕ရပါတယ္။ ပူျပင္းေျခာက္ေသြ႕တဲ့ရာသီမွာ အဲဒီေဒသေတြက ေျမဆီလႊာအေပၚမ်က္ႏွာျပင္ေတြမွာ ဆပ္ျပာမႈန႔္ျဖဴးထား

သလို ဆပ္ျပာမႈန႔္ေတြ ေဖြးေနေအာင္ပြင့္ေနတာကို ေတြ႕ရပါတယ္။

ေျမဆီလႊာဆပ္ျပာေပါက္ျခင္းမွာ ေျမဆီလႊာေအာက္ရွိ ေရထဲမွာ ဆပ္ျပာေတြေပ်ာ္ဝင္ေနရာက ေနပူရွိန္ျပင္းလာတာနဲ႔အမွ် ေရထဲေပ်ာ္ဝင္ေနတဲ့ ဆပ္ျပာတြဟာ ေရနဲ႔အတူအေငြ႕ျပန္ၿပီး ေျမဆီလႊာမ်က္ႏွာျပင္သို႔ တက္လာပါတယ္။ ေျမဆီလႊာအေပၚမ်က္ႏွာျပင္ေရာက္တဲ့အခါ

ေရဟာ အေငြ႕ျပန္ၿပီးေလထဲကိုတက္သြားကာ ေရထဲေပ်ာ္ဝင္ေနတဲ့ ဆပ္ျပာဟာ အေငြ႕မျပန္ႏိုင္ေတာ့ဘဲ ေျမဆီလႊာမ်က္ႏွာျပင္မွာ ဆပ္ျပာမႈန႔္မ်ားအျဖစ္ ေဖြးေနေအာင္က်န္ရစ္ခဲ့ျခင္း ျဖစ္ပါတယ္။

ဓာတ္သေဘာအရဆိုရင္ ေျမဆီလႊာအတြင္း ဖလွယ္ႏိုင္တဲ့ ဆိုဒီယမ္ (Na) ပါဝင္မႈ ပမာဏ မ်ားေနျခင္းေၾကာင့္လည္းေကာင္း၊ ေျမဆီလႊာခ်ဥ္ငန္ကိန္း ၈ ဒသမ ၅ မွ ၁၁ အထိ ရွိေနျခင္းေၾကာင့္လည္းေကာင္း၊ ဆိုဒီယမ္ကာဗြန္နိတ္(NaCO3) ၊ ဆိုဒီယမ္ဘိုင္ကာဗြန္နိတ္

(NaHCO3) ၊ ကယ္လ္စီယမ္ကာဗြန္နိတ္ (CaCO3) နဲ႔ ဆီလီကာမ်ား ေပ်ာ္ဝင္ေပ်ာက္ဆုံးမႈမ်ားလြန္းျခင္းေၾကာင့္လည္းေကာင္း၊ ႏိုက္ထ႐ိုဂ်င္ဓာတ္နဲ႔ ေဖာ့စဖရပ္ဓာတ္ခ်ိဳ႕တဲ့ၿပီး ေျမေစးနဲ႔ ေျမေဆြးဓာတ္မ်ား ျပန႔္က်ဲေနျခင္းေၾကာင့္လည္းေကာင္းျဖစ္ေပၚရျခင္းျဖစ္ပါတယ္။

ဆပ္ျပာေပါက္ေျမမ်ားဟာ စိုေနရင္ ေစးကပ္ေနၿပီး ေျခာက္ေသြ႕ေနရင္ မာေက်ာကာ ေရစိမ့္ဝင္ႏိုင္မႈ ညံ့ဖ်င္းတာ၊ ေရပ်ံ႕ႏွံ႔မႈ ညံ့ဖ်င္းတာေတြ ျဖစ္ေပၚေစပါတယ္။ဆပ္ျပာေပါက္ေျမမွာ စပါးစိုက္ပ်ိဳးပါက ႀကဳံေတြ႕ရတဲ့ လကၡဏာေတြက ႐ြက္ထိပ္ဖ်ားျဖဴ၊ ႀကီးထြားမႈရပ္တန႔္၊

အပင္ပုၿပီး ေနာက္ဆုံညႇိဳးေျခာက္ေသသြားပါတယ္။

စပါးပင္ငယ္စဥ္မွာ ဆပ္ျပာဒဏ္မခံႏိုင္ပါ။ အသက္ရလာရင္ ခံႏိုင္ရည္ရွိသြားပါတယ္။ ပန္းပြင့္ခ်ိန္မွာ ဆပ္ျပာဒဏ္မခံႏိုင္တာ ေတြ႕ရပါတယ္။ ဆပ္ျပာအဆိပ္သင့္မႈျဖစ္ပါက စပါး႐ြက္ေတြေပၚမွာ အေရာင္မညီ အနာကြက္ေတြျဖစ္ေပၚၿပီး ႐ြက္ေဟာင္းေတြမွာမီးေလာင္ကြက္လို

ျဖစ္ေပၚလာကာ ေနာက္ဆုံး စပါးပင္ေသသြားပါတယ္။ စပါးပင္အျမစ္ကစုပ္ယူတဲ့အာဟာရမ်ားနဲ႔ ေရမွာဆိုဒီယမ္မ်ားေနသျဖင့္ အဲဒီဆိုဒီယမ္မ်ားကစပါးပင္ရဲ႕ အစာေၾကာ၊ ေရေၾကာစီးကို ပိတ္ဆို႔ေနလို႔ အပင္အေပၚပိုင္းကို အစာအာဟာရမ်ားနဲ႔ ေရမ်ားမပို႔ႏိုင္ေတာ့ဘဲ ေျခာက္

ေသရတာ ျဖစ္ပါတယ္။

ဆပ္ျပာေပါက္ေျမမ်ားကို ျပဳျပင္ရန္နည္းလမ္းမွာ ဂ်စ္ပဆန္ေက်ာက္မႈန႔္ကိုတစ္ဧက ေပါင္ ၃၀ မွ ၅၀ ႏႈန္းထည့္ေပးၿပီးေရသြင္း၊ ေရေလွာင္ ထြန္နဲ႔ေမႊၿပီး ေရျပန္လႊတ္တာ၊ ေရျပန္ေလွာင္တာ၊ တစ္ရာသီငါးႀကိမ္၊ေျခာက္ႀကိမ္ ေရသြင္းလိုက္၊ ထုတ္လိုက္ ျပဳလုပ္ေပးပါက

ေရေဆးခ်သလိုျဖစ္သြားကာ ဆပ္ျပာ (ဆိုဒီယမ္ဓာတ္ -Na) မ်ားေရနဲ႔ပါသြားေစပါတယ္။ အခုလိုျပဳလုပ္ေပးျခင္းျဖင့္ ေျမဆီလႊာအတြင္း ဆပ္ျပာပမာဏေလ်ာ့နည္းေစျခင္း၊ ျမင့္မားေနတဲ့ေျမခ်ဥ္ငန္ကိန္းကို ေလ်ာ့က်ေစျခင္း၊ ဘို႐ြန္အဆိပ္သင့္ျခင္းမွ ကင္းလြတ္ေစျခင္း၊

ေျမစိုေနခ်ိန္ေျမဆီလႊာ ေအာက္ဆီဂ်င္နည္းျခင္းမွ ကင္းေဝးေစျခင္း၊ ကယ္လ္စီယမ္ဓာတ္၊ သံဓာတ္၊မဂၢနီးစ္ဓာတ္၊ ေဖာ့စဖရပ္ဓာတ္မ်ား အပင္က စုပ္ယူႏိုင္မႈျမင့္မားေစျခင္း၊ ေျမဆီလႊာ႐ုပ္ဂုဏ္သတၱိမ်ား ေကာင္းမြန္လာေစျခင္းစတဲ့ အက်ိဳးေက်းဇူးမ်ား ရရွိပါတယ္။

credit

ေအာင္ဆန္း(စိုက္ပ်ိဳးေရး)ျမန္မာေတာင္သူႀကီးမ်ားဂ်ာနယ္

Add a Comment

Your email address will not be published.