မိန်းကလေးတွေကို အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး
Sharing is caring!
အက်စထရိုဂျင် (Estrogen) ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊ ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေ အလှတွေ လျော့တာပါပဲ၊ အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ ရာသီမှန်ပါစေ။ ဒီဟော်မုန်းလျော့ရင် ရင်သားတွေတင်ပါးတွေလျော့လာတယ်၊ အသားတွေပျော့တွဲလာ
တယ် Soy bean အခြေခံ အစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊ ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်း သောက်လို့ရတယ်
Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း၊ သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊ အဆီပိုတွေ ဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊ ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊ side effect များပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါ လေ့ကျင့်ခန်းလုပ်ပါ ချွေးထုတ်ခန်းဝင်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊
DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့အသက် ၃၀ ကျော်တာနဲ့ အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ် အဆီစားပါ၊ အခွံမာသီးစားပါ၊ ထောပတ်သီးစားပါ၊ fatty fish စားပါ၊ ပရိုတင်း ကိုမနက်
စာမှာ အသင့်တင့်ထည့်စားပါ၊
Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊ ၃၅ နှစ်လောက်ဆို လျော့တတ်တယ်၊ ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊ တင်းတိပ်၊ မှဲ့ခြောက်ထွက်တယ်၊ ငှက်ပျောသီး ခရမးချဉ်သီး၊ ဆန်၊ ပြောင်း၊ ဒါတွေစားပေးပါ အရက်၊ ဆေးလိပ်၊ ကဖိန်းသိပ်များရင်လည်း ဖြစ်တတ်တယ်
ရှောင်ပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊
Cortisol
Stress ဟော်မုန်း၊ သူမညီမျှရင် အသားရည်ခြောက်တယ်၊ အရွယ်ကျတယ်၊ အရေးကြောင်းတွေပေါ်တယ်၊ ဝက်ခြံထွက်တယ် အခေါက်ထူတယ် ရေသောက်ပါ၊ စိတ်အေးချမ်းအောင်တွေးပါ၊ သီချင်းနားထောင်ပါ၊ stress လျော့ပါ၊
Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ် ရေဓာတ်တွေလျော့နည်းမယ်၊ ကော်လာဂျင်တွေ မတင်းတော့ဘူး၊ ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊ အတွန့်တွေပေါ်လာမယ်၊ အချိုလျော့၊ ဗီတာမင် E နဲ့ ဗီတာမင် C ၊ ရေနွေးကြမ်း
သောက်ပါ။ လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျမတို့ဇရာကို မလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့ တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊
#Pan Koe
Zawgyi Version
Growth ဟော်မုန်း
DEHA
Melatonine
Cortisol
Insulin
#Pan Koe
Add a Comment
Your email address will not be published.