သင် သတိမထားမိတဲ့ သွားတိုက်တံမှ ရလာနိုင်တဲ့ ကြောက်မက်ဖွယ်ဆိုးကျိုးများ

Sharing is caring!

မနက်ခင်း အိပ်ရာထပြီးနောက် ဒါမှမဟုတ် ညအိပ်ရာမဝင်မီ သွားတိုက်လှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်းသဘောမသိကြပါဘူး။ သုံးပြီးသား သွားတိုက်တံတွေမှာ ကူးစက်ရောဂါ ဖြစ်စေနိုင်ပြီး သာမာန်မျက်စိနဲ့ မမြင်ရတဲ့

ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။

မသန့်ရှင်းတဲ့ သွားပွတ်တံတစ်ချောင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးများစွာ ရှိပါတယ်။ ဒါပေမယ့် မိမိသွားပွတ်တံကို သန့်ရှင်းပြီး ရောဂါပိုးကင်းဝေးစေတဲ့ နည်းလမ်းများစွာ တွေ့ပါလိမ့်မယ်။ သွားတိုက်တံ မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ မဖြစ်မနေဆေးကြော

ပေးသင့်ကြောင်း သိနားလည်ဖို့ လိုပါတယ်။ အဲဒီအပြင် သွားတိုက်တံကို အသုံးမပြုမီနဲ့ သုံးပြီးတိုင်း ရေနွေးနဲ့ ခေတ္တ စိမ်ထားသင့်ပါတယ်။

ရောဂါပိုးကင်းတဲ့ သွားပွတ်တံဖြစ်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေက hydrogen peroxide လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေ (၁) ခွက်နဲ့ ရောစပ်ပြီး သွားပွတ်တံကို အသုံးမပြုခင် အဲဒီ အရည်ထဲ အနည်းဆုံး စက္ကန့် ၃၀ စိမ်ထားပေးပါ။ နောက်

သွားတိုက်တံကို ရေနွေးနဲ့ ဆေးကြော သန့်စင်ရပါမယ်။ Hydrogen peroxide အစား အရက်ပြန်ပါတဲ့ ပလုတ်ကျင်းဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

နောက် သွားတိုက်တံ သန့်ရှင်းစေတဲ့ နည်းလမ်းကောင်းတစ်ခုက စိမ်ထားဖို့ပါပဲ။ သွားတိုက်တံကို ရှာလကာရည်စစ်စစ်နဲ့ စိမ်ထားတာက အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ ရှာလကာရည်က ရောဂါပိုးနဲ့ ဘက်တီးရီးယားကို အဓိက ခြေမှုန်းပေးပါလိမ့်မယ်။ ပွက်ပွက်ဆူ

နေတဲ့ရေကိုလည်း အသုံးပြုနိုင်ပါတယ်။

အင်မတန်လွယ်ကူတဲ့နည်းလမ်းတစ်ခုက ပွက်ပွက်ဆူနေတဲ့ရေနွေးခွက်တစ်ခုထဲ သွားတိုက်တံကို ထည့်ထားလိုက်ရုံပါပဲ။ အထိရောက်ဆုံးဖြစ်ဖို့အတွက် ခွက်ထဲမှာ သွားတိုက်တံကို ၃ မိနစ်ကနေ ၅ မိနစ် ထားပေးရပါမယ်။

# Boldsky

Zawgyi Version

မနက္ခင္း အိပ္ရာထၿပီးေနာက္ ဒါမွမဟုတ္ ညအိပ္ရာမဝင္မီ သြားတိုက္လွမ္းယူတဲ့အခါ သြားတိုက္တံမွာ ေရာဂါပိုးပါႏိုင္ေၾကာင္း ကြၽႏ္ုပ္တို႔ ေကာင္းေကာင္းသေဘာမသိၾကပါဘူး။ သုံးၿပီးသား သြားတိုက္တံေတြမွာ ကူးစက္ေရာဂါ ျဖစ္ေစႏိုင္ၿပီး သာမာန္မ်က္စိနဲ႔ မျမင္ရတဲ့

ပိုးမႊားေတြ၊ ဗိုင္းရပ္စ္ေတြနဲ႔ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။

မသန္႔ရွင္းတဲ့ သြားပြတ္တံတစ္ေခ်ာင္းမွာ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ေရာဂါပိုးမ်ားစြာ ရွိပါတယ္။ ဒါေပမယ့္ မိမိသြားပြတ္တံကို သန္႔ရွင္းၿပီး ေရာဂါပိုးကင္းေဝးေစတဲ့ နည္းလမ္းမ်ားစြာ ေတြ႕ပါလိမ့္မယ္။ သြားတိုက္တံ မကိုင္ခင္ လက္ကို ဆပ္ျပာနဲ႔ ေရေႏြးနဲ႔ မျဖစ္မေနေဆးေၾကာ

ေပးသင့္ေၾကာင္း သိနားလည္ဖို႔ လိုပါတယ္။ အဲဒီအျပင္ သြားတိုက္တံကို အသုံးမျပဳမီနဲ႔ သုံးၿပီးတိုင္း ေရေႏြးနဲ႔ ေခတၱ စိမ္ထားသင့္ပါတယ္။

ေရာဂါပိုးကင္းတဲ့ သြားပြတ္တံျဖစ္ေအာင္ ထိန္းသိမ္းဖို႔ အေကာင္းဆုံးနည္းလမ္းေတြက hydrogen peroxide လက္ဖက္ရည္ဇြန္း (၁) ဇြန္းကို ေရ (၁) ခြက္နဲ႔ ေရာစပ္ၿပီး သြားပြတ္တံကို အသုံးမျပဳခင္ အဲဒီ အရည္ထဲ အနည္းဆုံး စကၠန္႔ ၃၀ စိမ္ထားေပးပါ။ ေနာက္

သြားတိုက္တံကို ေရေႏြးနဲ႔ ေဆးေၾကာ သန္႔စင္ရပါမယ္။ Hydrogen peroxide အစား အရက္ျပန္ပါတဲ့ ပလုတ္က်င္းေဆးရည္ကို အသုံးျပဳႏိုင္ပါတယ္။

ေနာက္ သြားတိုက္တံ သန္႔ရွင္းေစတဲ့ နည္းလမ္းေကာင္းတစ္ခုက စိမ္ထားဖို႔ပါပဲ။ သြားတိုက္တံကို ရွာလကာရည္စစ္စစ္နဲ႔ စိမ္ထားတာက အလြန္ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုပါ။ ရွာလကာရည္က ေရာဂါပိုးနဲ႔ ဘက္တီးရီးယားကို အဓိက ေျခမႈန္းေပးပါလိမ့္မယ္။ ပြက္ပြက္ဆူ

ေနတဲ့ေရကိုလည္း အသုံးျပဳႏိုင္ပါတယ္။

အင္မတန္လြယ္ကူတဲ့နည္းလမ္းတစ္ခုက ပြက္ပြက္ဆူေနတဲ့ေရေႏြးခြက္တစ္ခုထဲ သြားတိုက္တံကို ထည့္ထားလိုက္႐ုံပါပဲ။ အထိေရာက္ဆုံးျဖစ္ဖို႔အတြက္ ခြက္ထဲမွာ သြားတိုက္တံကို ၃ မိနစ္ကေန ၅ မိနစ္ ထားေပးရပါမယ္။

# Boldsky

Add a Comment

Your email address will not be published.