သင်သိရင် အံ့ဩသွားမယ့် ရွှေဖရုံသီးအစေ့မှ ရရှိမည့် အကျိုးကျေးဇူးများ

Sharing is caring!

ရွှေဖရုံသီးအစေ့ကို စားခြင်းဟာ ကျန်းမာရေးကိုများစွာ အထောက်အကူပြုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တဲ့အတွက် မကြာမကြာ စားဖြစ်ပါတယ်။ ရွှေဖရုံသီးအစေ့ဟာ လူတွေစားလို့ရတဲ့ သစ်သီးအစေ့တစ်မျိုး (Edible kernels) ဖြစ်ပါတယ်။ သူဟာ

အာဟာရဓာတ်တွေ သိပ်သည်းကျစ်လစ်စွာ စုစည်းထားတဲ့အတွက် မကြာခဏလည်း စားပေးသင့်ပါတယ်။ သူ့မှာ အဓိက အားဖြင့် ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီဒင့်တွေနဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။

ရွှေဖရုံစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေကတော့ Tryptophan (ထရစ်တိုဖန်) နဲ့ Glutamate (ဂလူတမိတ်) တို့ပဲဖြစ်ပါတယ်။ Tryptophan ဟာ ခန္ဓာကိုယ်ထဲရောက်ရင် Serotonin နဲ့ Niacin အဖြစ် ပြောင်းလဲသွားပြီး တာဝန်ထမ်းဆောင်ပါတယ်၊

Tryptophan 60 mg စားခဲ့ရင် Niacin 1 mg ရရှိပါတယ်။ သူတို့ဟာ ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ပုံမှန်အိပ်စေဖို့ အထောက်အကူပြုတဲ့အတွက် ရွှေဖရုံစေ့ကို Nature’s sleeping pill လို့ တင်စားခေါ်ဝေါ်လေ့ရှိပါ

တယ်။ ဆရာ့ဆေးခန်းလာတဲ့ လူနာတွေ ညဘက်အိပ်မပျော်ဘူးဆိုရင် ညနေစာစားပြီးတဲ့အချိန်မှာ ရွှေဖရုံသီးစေ့လေး ပုံမှန်စားပေးရင် တဖြည်းဖြည်းနဲ့ အိပ်ချိန်မှန်လာတာကို တွေ့ရပါတယ်။ အိပ်ဆေးသောက်နေရတဲ့သူတွေကို စမ်းသပ်ပြီး ပြောင်းလဲကျင့်သုံးကြည့်နိုင်ပါ

တယ်။ Overdose လည်းမရှိ ဘေးထွက်ဆိုးကျိုးလည်း မပေးတဲ့အပြင် အာဟာရဓာတ်တွေ ဖြည့်တင်းပေးတော့ ပိုကောင်းပါတယ်။

အကျိုးရလဒ်များကတော့ ……

(၁) ဆီးကျိတ် နဲ့ ဆီးအိမ် ကျန်းမာရေး အတွက် ကောင်းတယ်

ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်း ကို လက္ခဏာတွေ လျော့ပါးသက်သာစေတယ် လို့ သုတေသနတွေ့ရှိချက် တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိချက်တွေအရ လည်း ဖရုံစေ့က ဆီးအိမ် လုပ်ဆောင်ချက် လွန်ကဲခြင်း ကို ကုသပေးနိုင်တယ် လို့ တွေ့ရှိရပါတယ်။

(၂) မဂ္ဂနီဆီယမ်ကြွယ်ဝတယ်

ဖရုံစေ့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝပါတယ်။ သွေးဖိအား၊ နှလုံး ကျန်းမာရေး၊ အရိုးကျန်းမာရေးထိန်းသိမ်းမှု၊ သွေးတွင်းသကြားဓာတ်တို့နဲ့ပတ်သက်ပြီး မဂ္ဂနီဆီယမ်ပမာဏ အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။

(၃) နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ဖရုံစေ့ မှာ နှလုံး ကျန်းမာစေဖို့ အထောက်အကူပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ အကျိုးပြုအဆီဓာတ်တွေ ပါဝင်မှု များပါတယ်။ လေ့လာမှုတွေ အရ ဖရုံစေ့က သွေးတိုး ကျစေပြီး အကျိုးပြု ကိုလက်စထရောဓာတ် တွေကို တိုးစေတယ် လို့ တွေ့ရပါတယ်။

(၄) အမျှင်ဓာတ်ကြွယ်ဝတယ်

လက်တစ်ဆုပ်စာ ဖရုံစေ့ပမာဏမှာ အမျှင်ဓာတ် ၁.၁ ဂရမ် ပါဝင်နိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် နှလုံးရောဂါ၊ အမျိုးအစား ၂ဆီးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုဖြစ်နိုင်ခြေလျော့နည်း စေနိုင်ပါတယ်။

(၅) မျိုးအောင်နိုင်စွမ်း ပိုကောင်းစေတယ်

ဇင့်ဓာတ် ချို့တဲ့ခြင်း က အမျိုးသားတွေ မှာ သုက်ပိုး အရည်အသွေး ကျဆင်းစေပြီး သားသမီး ရနိုင်စွမ်း နည်းစေနိုင်ပါတယ်။ ဖရုံစေ့ မှာ ဇင့်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အတွက် မျိုးအောင်နိုင်စွမ်း ပိုများစေပါတယ်။ ကျားဟော်မုန်းကို အထောက်အပံ့ပေးတဲ့ တခြားအာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လည်း ကြွယ်ဝပါသေးတယ်။

(၆) အိပ်ပျော်စေတယ်

ည အိပ်မပျော်နိုင် ဖြစ်နေရတယ် ဆိုရင် မအိပ်ခင် ဖရုံစေ့ နည်းနည်းစားကြည့်ပါ။ သူ့မှာ အိပ်စက်ခြင်း ကို အထောက်အကူ ပေးနိုင်တဲ့ အမိုင်နိုအက်စစ် တစ်မျိုး ဖြစ်တဲ့ tryptophan ပါဝင်ပါတယ်။ တစ်နေ့ကို tryptophan ၁ ဂရမ် စားသုံးခြင်းက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဇင့်၊၊ tryptophan၊ နဲ့ မဂ္ဂနီဆီယမ်တို့ စုံတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တဲ့ အတွက် အိပ်စက်ခြင်း အတွက် ကောင်းကျိုးပေးနိုင်တာ သေချာပါတယ်။

Zawgyi Version

ေ႐ႊဖ႐ုံသီးအေစ့ကို စားျခင္းဟာ က်န္းမာေရးကိုမ်ားစြာ အေထာက္အကူျပဳပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ႀကိဳက္တဲ့အတြက္ မၾကာမၾကာ စားျဖစ္ပါတယ္။ ေ႐ႊဖ႐ုံသီးအေစ့ဟာ လူေတြစားလို႔ရတဲ့ သစ္သီးအေစ့တစ္မ်ိဳး (Edible kernels) ျဖစ္ပါတယ္။ သူဟာ

အာဟာရဓာတ္ေတြ သိပ္သည္းက်စ္လစ္စြာ စုစည္းထားတဲ့အတြက္ မၾကာခဏလည္း စားေပးသင့္ပါတယ္။ သူ႔မွာ အဓိက အားျဖင့္ ဗီတာမင္၊ သတၱဳဓာတ္၊ အင္တီေအာက္ဆီဒင့္ေတြနဲ႔ အမိုင္ႏိုအက္ဆစ္ေတြ ပါဝင္ေနပါတယ္။

ေ႐ႊဖ႐ုံေစ့မွာပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္ေတြကေတာ့ Tryptophan (ထရစ္တိုဖန္) နဲ႔ Glutamate (ဂလူတမိတ္) တို႔ပဲျဖစ္ပါတယ္။ Tryptophan ဟာ ခႏၶာကိုယ္ထဲေရာက္ရင္ Serotonin နဲ႔ Niacin အျဖစ္ ေျပာင္းလဲသြားၿပီး တာဝန္ထမ္းေဆာင္ပါတယ္၊

Tryptophan 60 mg စားခဲ့ရင္ Niacin 1 mg ရရွိပါတယ္။ သူတို႔ဟာ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာေတြ ေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ ညဘက္မွာ ပုံမွန္အိပ္ေစဖို႔ အေထာက္အကူျပဳတဲ့အတြက္ ေ႐ႊဖ႐ုံေစ့ကို Nature’s sleeping pill လို႔ တင္စားေခၚေဝၚေလ့ရွိပါ

တယ္။ ဆရာ့ေဆးခန္းလာတဲ့ လူနာေတြ ညဘက္အိပ္မေပ်ာ္ဘူးဆိုရင္ ညေနစာစားၿပီးတဲ့အခ်ိန္မွာ ေ႐ႊဖ႐ုံသီးေစ့ေလး ပုံမွန္စားေပးရင္ တျဖည္းျဖည္းနဲ႔ အိပ္ခ်ိန္မွန္လာတာကို ေတြ႕ရပါတယ္။ အိပ္ေဆးေသာက္ေနရတဲ့သူေတြကို စမ္းသပ္ၿပီး ေျပာင္းလဲက်င့္သုံးၾကည့္ႏိုင္ပါ

တယ္။ Overdose လည္းမရွိ ေဘးထြက္ဆိုးက်ိဳးလည္း မေပးတဲ့အျပင္ အာဟာရဓာတ္ေတြ ျဖည့္တင္းေပးေတာ့ ပိုေကာင္းပါတယ္။

အက်ိဳးရလဒ္မ်ားကေတာ့ ……

(၁) ဆီးက်ိတ္ နဲ႔ ဆီးအိမ္ က်န္းမာေရး အတြက္ ေကာင္းတယ္

ဖ႐ုံေစ့က ဆီးက်ိတ္ေရာင္ျခင္း ကို လကၡဏာေတြ ေလ်ာ့ပါးသက္သာေစတယ္ လို႔ သုေတသနေတြ႕ရွိခ်က္ ေတြ ထြက္ေပၚထားပါတယ္။ ေနာက္ထပ္ ေလ့လာေတြ႕ရွိခ်က္ေတြအရ လည္း ဖ႐ုံေစ့က ဆီးအိမ္ လုပ္ေဆာင္ခ်က္ လြန္ကဲျခင္း ကို ကုသေပးႏိုင္တယ္ လို႔ ေတြ႕ရွိရပါတယ္။

(၂) မဂၢနီဆီယမ္ႂကြယ္ဝတယ္

ဖ႐ုံေစ့မွာ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ မဂၢနီဆီယမ္ႂကြယ္ဝပါတယ္။ ေသြးဖိအား၊ ႏွလုံး က်န္းမာေရး၊ အ႐ိုးက်န္းမာေရးထိန္းသိမ္းမႈ၊ ေသြးတြင္းသၾကားဓာတ္တို႔နဲ႔ပတ္သက္ၿပီး မဂၢနီဆီယမ္ပမာဏ အလုံအေလာက္ရရွိဖို႔ အေရးႀကီးပါတယ္။

(၃) ႏွလုံးက်န္းမာေရးအတြက္ေကာင္းတယ္

ဖ႐ုံေစ့ မွာ ႏွလုံး က်န္းမာေစဖို႔ အေထာက္အကူေပးတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ၊ မဂၢနီဆီယမ္၊ ဇင့္ နဲ႔ အက်ိဳးျပဳအဆီဓာတ္ေတြ ပါဝင္မႈ မ်ားပါတယ္။ ေလ့လာမႈေတြ အရ ဖ႐ုံေစ့က ေသြးတိုး က်ေစၿပီး အက်ိဳးျပဳ ကိုလက္စထေရာဓာတ္ ေတြကို တိုးေစတယ္ လို႔ ေတြ႕ရပါတယ္။

(၄) အမွ်င္ဓာတ္ႂကြယ္ဝတယ္

လက္တစ္ဆုပ္စာ ဖ႐ုံေစ့ပမာဏမွာ အမွ်င္ဓာတ္ ၁.၁ ဂရမ္ ပါဝင္ႏိုင္ပါတယ္။ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြက အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ ႏွလုံးေရာဂါ၊ အမ်ိဳးအစား ၂ဆီးခ်ိဳေရာဂါ၊ အဝလြန္ျခင္းတို႔ကိုျဖစ္ႏိုင္ေျခေလ်ာ့နည္း ေစႏိုင္ပါတယ္။

(၅) မ်ိဳးေအာင္ႏိုင္စြမ္း ပိုေကာင္းေစတယ္

ဇင့္ဓာတ္ ခ်ိဳ႕တဲ့ျခင္း က အမ်ိဳးသားေတြ မွာ သုက္ပိုး အရည္အေသြး က်ဆင္းေစၿပီး သားသမီး ရႏိုင္စြမ္း နည္းေစႏိုင္ပါတယ္။ ဖ႐ုံေစ့ မွာ ဇင့္ဓာတ္ ပါဝင္မႈ ျမင့္မားတဲ့ အတြက္ မ်ိဳးေအာင္ႏိုင္စြမ္း ပိုမ်ားေစပါတယ္။ က်ားေဟာ္မုန္းကို အေထာက္အပံ့ေပးတဲ့ တျခားအာဟာရဓာတ္ေတြနဲ႔ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ လည္း ႂကြယ္ဝပါေသးတယ္။

(၆) အိပ္ေပ်ာ္ေစတယ္

ည အိပ္မေပ်ာ္ႏိုင္ ျဖစ္ေနရတယ္ ဆိုရင္ မအိပ္ခင္ ဖ႐ုံေစ့ နည္းနည္းစားၾကည့္ပါ။ သူ႔မွာ အိပ္စက္ျခင္း ကို အေထာက္အကူ ေပးႏိုင္တဲ့ အမိုင္ႏိုအက္စစ္ တစ္မ်ိဳး ျဖစ္တဲ့ tryptophan ပါဝင္ပါတယ္။ တစ္ေန႔ကို tryptophan ၁ ဂရမ္ စားသုံးျခင္းက ေကာင္းေကာင္း အိပ္ေပ်ာ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဇင့္၊၊ tryptophan၊ နဲ႔ မဂၢနီဆီယမ္တို႔ စုံတဲ့ အရင္းအျမစ္တစ္ခု ျဖစ္တဲ့ အတြက္ အိပ္စက္ျခင္း အတြက္ ေကာင္းက်ိဳးေပးႏိုင္တာ ေသခ်ာပါတယ္။

Add a Comment

Your email address will not be published.