ဆီးချိုရောဂါ စဖြစ်နေပြီတဲ့ ဘယ်လိုလုပ်ရမလဲ

Sharing is caring!

ဆီးသွားတာများတယ် ညတွေလည်း ထထ သွားရတယ်။ စားနေတာပဲကို ဆာနေတယ်၊ လူကလည်း နုံးနေတယ်၊ ဆီးချိုရောဂါ စဖြစ်နေပြီတဲ့ ဘယ်လိုလုပ်ရမလဲ

– ဘာတွေစားရမလဲ

ဆီးချိုဆန်စားရမလား

– ဘာတွေရှောင်ရမလဲ

အမဲသားတို့ နွားနို့တို့ရှောင်ရမှာလား

– ဘာဆေးတွေလုပ်ရမလဲ

Metformin က ကျောက်ကပ်ပျက်တယ် ဆိုတာဟုတ်လား

ဆီးချို  Diabetes_Mellitus

၁။ မနက်စောစော အစာမစားခင် Fasting Blood Sugar > 126 mg% (7 mmol/L) ကျော်မယ်

၂။ အစာစားပြီး (၂) နာရီ မှာ 2 Hour post prandial > 200 mg% (11.1 mmol/L) ကျော်မယ် ဆိုရင်

၃။ (၃) လ အတွင်း သွေးချိုထိန်း သိမ်းမှု အခြေအနေ HbA1C > 6.5 % ကျော်မယ် ဆိုရင် ဆီးချိုရှိတယ်လို့ သတ်မှတ်ပါတယ်။

ဆီးချိုရောဂါဘာလို့ဖြစ်တာလဲ

ကျွန်တော်တို့ အစာစားလို့ အူလမ်းကြောင်းက အစာခြေပြီးရင် သွေးထဲကို အာဟာရဓာတ် Glucose တွေစုပ်ယူလိုက်ပါတယ်၊ အစာစားပြီး သွေးထဲမှာ Glucose တွေများလာရင် #Pancreas (မုန့်ချိအိတ်) လို့ခေါ်တဲ့ အင်္ဂါက Insulin ဆိုတာကိုထုတ်ပါတယ်၊ ခန္ဓာကိုယ်က Cells တွေထဲကို Glucose က ဒီတိုင်းဝင်လို့မရပါဘူး၊ Insulin နဲ့တူတူလာမှ Cells တွေက ပေးဝင်ပါတယ်။ မြင်သာအောင်ပြောရရင် …..

ကလေးတစ်ယောက် ဗိုက်ဆာနေရင် အမေက ကျွေးမှ စားရသလိုပေါ့။ ထမင်းပန်းကန်ကြီး မြင်နေရလည်း အမေ မကျွေးရင် မစားရသလို သွေးထဲမှာ Glucose တွေ များနေလည်း Insulin မရှိရင် Cells တွေက ငတ်နေလည်း Glucose ကိုသုံးလို့မရပါဘူး ဆီးချိုရောဂါ ဆိုတာလွယ်လွယ်ပြောရရင်

၁။ Insulin အထွက်နည်းလာလို့ (Insulin Deficiency)

၂။ နည်းနည်းပဲ ထွက်တဲ့ Insulin ကို ခန္ဓာကိုယ်က မသုံးနိုင်လို့ ပါ (Insulin Resistance) အစာ စားပြီး သွေးထဲမှာ Glucoses တွေများနေပေမယ့် ခန္ဓာကိုယ် က သုံးနိုင်ဖို့ကူပေးမယ့် Insulin က မရှိတော့ သွေးထဲမှာ များနေတဲ့ Glucose ကို ခန္ဓာကိုယ် က မသုံးနိုင်ပဲ လူက ဆာပြီးရင်း ဆာ ဖြစ်နေပါတယ်၊ စားလေ Glucoses များလေ ဒါပေမယ့် ခန္ဓာကိုယ် က မသုံးနိုင်ပါဘူး။

ဘယ်လိုဖြေရှင်းကြမလဲ

၁။ ခန္ဓာကိုယ် ပျက်စီးမှုမဖြစ်ရအောင် Glucose ဖြစ်စေတဲ့ အစာတွေလျှော့စားတာတွေပါ။

၂။ နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ (Insulin resistance ဖြစ်နေတာကို)

၃။ အထွက်နည်းလာတဲ့ Insulin ကို ပိုထုတ်အောင် Pancreas ကို အတင်းခိုင်းတာ သွေးထဲမှာ Glucose က မရှိတာမဟုတ်ဘူး။ သုံးနိုင်တာပါ။ အဲ့ဒါကို ဆာလို့ ဆိုပြီး ထပ်ခါ ထပ်ခါ စားနေခြင်းဟာ သွေးတွင်း Glucose တရားလွန်တက်ပြီး ဆီးချိုဆိပ်တက်ပြီး အသက်အန္တရာယ်ကြီးပါတယ် (သေတတ်ပါတယ်)

ဆီးချိုဆန်စားရမလား ကဆီဓာတ်နည်းတဲ့ အရသာမရှိတဲ့ ရေရှည်လည်းစားနိုင်မှာ မဟုတ်တဲ့ ဆီးချိုဆန် ကို စားဖို့ ကျွန်တော်ဆို အားမပေးပါဘူး။ စားနေကြဆန်ပဲ စားပါ။ ပမာဏလျှော့စားပါ လျှော့စားရင် ဗိုက်ပိုဆာ မှာပေါ့ ဟုတ်ပါတယ် *ဗိုက်မဆာရအောင် ဗိုက်လည်းပြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးသာမက အူမကြီးရဲ့ ကျန်းမာရေးပါကောင်းစေတဲ့ (Vitamins တွေအစုံပါဝင်တဲ့) ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။ အသား ကြိုက်နှစ်သက်ရာစားပါ (အဆီနည်းတဲ့အသားစားပါ)

ဝက်သားကအဆီများလွန်းတော့ ရှောင်သင့်ပါတယ်။

– အမဲသား၊ ဆိတ်သား၊ ကြက်သား စားလို့ရပါတယ် (အသားစားလို့ ဆီးချို အရမ်းမတက်ပါဘူး)

– ငါးကတော့ စားဖို့ အသင့်တော်ဆုံးပါ (ဆီးချိုရောဂါရှင်တွေက သွေးတွင်းအဆီတက်တဲ့အတွက် Omega-3 ပါဝင်တဲ့ ငါးစားခြင်းက သွေးတွင်းအဆီ ကျစေပါတယ်) အဆီကတော့ လျှော့စားရပါမယ်။ (ဆီးချိုသမားတွေ Keto Diet စားခြင်းဟာ Diabetes Ketoacidosis ဆိုတဲ့ ဆီးချိုဆိပ် တက်တာဖြစ်စေပြီး သေတတ်ပါတယ်)

– Low fat diary product (အဆီလျှော့/ထုတ်ထားတဲ့ နို့/နို့ထွက်ပစ္စည်း စားလို့ရပါတယ်)

– ဟင်းချက်ရာမှာ အသုံးသင့်ဆုံးဆီက ပဲဆီ ပဲဖြစ်ပါတယ်

– နေကြာဆီ တွေအသုံးများနေကြပါတယ် နေကြာဆီမှာ Omega-6 ပါတာများပါတယ်

– Omega-3 ကကောင်းတယ်ဆိုပေမယ့် Omega ပါတိုင်းကောင်းတာတော့မဟုတ်ပါဘူး

– Omega-6 ဟာ Inflammation-ရောင်ရမ်းမှုတွေ အားပေးလို့ စျေးကြီးပေးပြီး မစားသင့်ဘူးလို့ ယူဆပါတယ်။ အပေါ်မှာတော့ ပြောပြီးသားပါ၊

(အားဆေး အားဆေး ဆိုပြီး စျေးကြီးပေးသောက်နေကြတဲ့ Vitamins တွေအစုံပါဝင်တဲ့) ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။

ကြော်စားရင် ဆီ ပါတော့ ၊ ကြော်စားတာထက်စာရင် ဟင်းချိုလုပ် သောက်သောက်၊ ပြုတ်စားစား၊ ရေစင်အောင်ဆေးပြီး အစိမ်းပဲ စားစား ကြိုက်သလောက်စားပါ။ အရွက်စားရင် ဝမ်းမချုပ်တဲ့အတွက် အူမကြီးကင်ဆာအပါအဝင် အူမကြီးရောဂါတွေကို ကာကွယ်ပေးပါတယ်။

ပဲအမျိုးမျိုး စားလို့ရပါတယ် (အသားဓာတ်ရတာပေါ့)

အသီးအမျိုးမျိုး စားလို့ရပါတယ် (ချိုတဲ့ အသီးတွေကတော့ တဝ မစားပါနဲ့၊ အနည်းငယ်စားရင် ရပါတယ်) သွေးတွင်း Glucose တွေ ရုတ်တရက်မြင့်တက်စေတဲ့

– အချိုရည်၊ Energy drink၊ Bubble Tea၊ Coffee စတာတွေရှောင်ရပါမယ်

– Cake မုန့် အချိုတွေရှောင်ရပါမယ်

– အာလူးကြော်၊ ဘာဂါ၊ စတာတွေလည်းရှောင်ရပါမယ်

– ဆေးလိပ် လုံးဝ ဖြတ်ရပါမယ် (ဆီးချိုဝေဒနာရှင်ဟာ သွေးတိုး၊ နှလုံးရောဂါ အဖြစ်လွယ်လို့ သူများ သောက်တာတောင် အနံ့ခံလို့မရပါဘူး)

– အရက်မသောက်ရပါဘူး

ကြိုက်တဲ့ အစားတွေ တရားလွန်စားတာ မလုပ်ရပါဘူး

စားချိန်သောက်ချိန်မှန်ရပါမယ် ဆီးချို တက်နေလို့ဆိုပြီး ဒီတစ်နပ် မစားတော့ဘူး ဆိုတာ မလုပ်ရပါဘူး (ဆေးသောက်နေတဲ့ လူနာတွေမှာ ပိုပြီး အရေးကြီးပါတယ်) နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းတဲ့အတွက် Cells တွေက Insulin resistance ဖြစ်နေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နည်းနည်းပဲ ထွက်တဲ့ Insulin ကို ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့အတွက် အပြင်းအထန်မဟုတ်တဲ့ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ

– တစ်နေ့ နာရီဝက်လောက်တော့ လျှောက်သင့်ပါတယ်

– ခြေတစ်လှမ်းကဋေတစ်သန်း နှုန်းနဲ့တော့ မလုပ်ပါနဲ့ သွက်သွက်လျှောက်ပါ (လမ်းစလျှောက်ပြီး ၁၀ မိနစ်လောက်ဆို ချွေးထွက်လာမှ အဆင်ပြေပါတယ်)

– လမ်းလျှောက်ပြီး မောလို့ဆိုပြီး အချိုရည် (လုံးဝ) လုံးဝ မသောက်ရပါဘူး

– ရေသောက်ပါ (ကြိုက်သလောက်သောက်ပါ)

“အန်တီက ဒူးနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ပါဘူးသားရယ်” အန်တီ ဝ ဝ ချစ်စရာကြီးတွေ အကြောင်းပြနေကြ စကားပါ ဒူးနာတာက ဝ လို့ပါ ၊ ဝ တာက မလှုပ်ရှားပဲ အစားချည်းစားနေလို့ပါ။

အဲ့ဒါကို ဒူးနာလို့ မလှုပ်ရှားရင် ပို ဝပြီး ပိုနာပါမယ်။ လမ်းမလျှောက်နိုင်ရင် လုပ်လို့ရတဲ့ နေရာလှုပ်ပါ။ လက်လှုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ You Tube မှာရှာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။ အထွက်နည်းလာတဲ့ Insulin ကို ပိုထုတ်အောင် Pancreas ကို အတင်းခိုင်းတာ အဲ့ဒါကတော့ ဆေးသောက်တာပါပဲ။ OHA ဆိုတဲ့ ဆီးချိုဆေးတွေဟာ ဆီးချိုကျအောင် Pancreas ကနေ Insulin ကို အတင်းညှစ်ထုတ်ခိုင်းပါတယ်။ အပေါ်မှာ ပြောထားတဲ့

– အစားဆင်ခြင်တာ

– လေ့ကျင့်ခန်းလုပ်တာ တွေမလုပ်ပဲ

ဆေးပဲ သောက်တာဟာ ခန္ဓာကိုယ်ကို/ကျောက်ကပ် ကို ဆီးချိုရောဂါနဲ့ တူတူ ကူပြီး ဖျက်ဆီးပေး တာပါပဲ။ လုပ်ကိုလုပ်ရမှာက Dietary Control – အစားဆင်ခြင်ရပါမယ်၊ Exercise လေ့ကျင့်ခန်း လုပ်ရပါမယ်။

နောက်တစ်ဆင့်က …..

ဆရာဝန်ညွှန်တဲ့ ဆေး မှန်မှန်သောက်ရပါမယ်။ ဆေးဆိုလို့ ပြောပြချင်တာက ဆီးချိုဆေးတွေထဲမှာ အကောင်းတကာ့အကောင်းဆုံးဆေးဟာ “Metformin” ပါMetformin ထက် ကောင်းတဲ့ ဆေး မရှိပါဘူး Metformin ဟာ #ကျောက်ကပ်_မပျက်စေပါဘူး။ အဲ့လိုကောင်းလွန်းတဲ့ ဆေး Metformin ကို လူနာရဲ့ ကျောက်ကပ်မကောင်းတဲ့အခါမှာ တော့ ပေးလို့မရပါဘူး။ သေသေချာချာ မှတ်ထားကြပါ Metformin က ကျောက်ကပ်မပျက်ပါဘူး ကျောက်ကပ်မကောင်းတဲ့ လူတွေမှ Metformin မသောက်ရတာပါ။ အကျိုးရှိကြမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာရေးဗဟုသုတတိုးပြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ။။။

#Crd

Add a Comment

Your email address will not be published. Required fields are marked *