မပေါ့ဆသင့်သော ခံတွင်းကျန်းမာရေး
|SEDONA ဟိုတယ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ယောက်သူဟာ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်ရတဲ့အတွက် နိုင်ငံစုံကလာရောက် အလုပ်လုပ်ကြတဲ့သူတွေနဲ့ ခင်မင်ပါတယ်။ တစ်နေ့မှာ နိုင်ငံခြားသား လူဖြူတစ်ယောက်နဲ့ ထမင်းအတူစားရင်း နိုင်ငံခြားသားက သူ့မိသားစုအကြောင်း မေးပါတယ်။ သူ့အမေအကြောင်းမေးတော့ ဆုံးသွားပါပြီလို့ ဖြေလိုက်ပါတယ်။ ဘယ်အရွယ်မှာ ဆုံးတာလည်းဆိုတော့ အသက်၅၆နှစ်လို့ သူကပြန်ဖြေပါတယ်။ နိုင်ငံခြားသားက ချက်ချင်း ပြန်မေးပါတယ်။မင်းအမေက သွားတွေ မကောင်းဘူး မဟုတ်လားတဲ့။ ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် သူတော်တော်အံ့သြသွားပါတယ်။ ဟုတ်ပါတယ်၊သူ့အမေဟာ သွားတွေ မကောင်းပါဘူး။သွားဖုံးတွေလည်း ပျက်စီးနေပြီး ခံတွင်းက တော်တော်နံတယ်ဆိုတာကို သူပြန်အမှတ်ရနေပါတယ်။ ခံတွင်းကအပုပ်တွေဟာ ဝမ်းတွင်းကို ဝင်ရောက်ပြီး နောက်အင်္ဂါအသီးသီးမှာ ခိုအောင်းပြီး ရောဂါဖြစ်အောင် ပြုလုပ်ကြပါတယ်။သူ့အမေဟာ အသက် ၅၆ နှစ်လောက်နဲ့ ရင်သားကင်ဆာဖြစ်ပြီး ကွယ်လွန်သွားရရှာတာပါ။
ဟိုးတုန်းက မြန်မာပြည်မှာ မြန်မာဆရာဝန်တွေ မရှိခင်က နိုင်ငံခြားသားဆရာဝန်တွေကိုသာ အားကိုးကြရပါတယ်။ အများဆုံးက အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ပန်ချာဘီဆရာဝန်တွေ ဖြစ်ပါတယ်။ နယ်မြို့လေးတစ်မြို့ကအမျိုးသမီးတစ်ယောက် ဒူးအရမ်းနာလို့ ပန်ချာဘီဆရာဝန်ကို သွားပြပါတယ်။ ဒူးတစ်ဘက်က ရောင်ကိုင်းနေပြီး လမ်းတောင်မလျှောက်နိုင်လို့ သူ့ကို ချီမပြီး ခေါ်သွားရတယ်။ ဆရာဝန်က သူ့ကို သေချာစစ်ဆေးပြီးနောက် ခင်ဗျားသွားတွေကောင်းရဲ့လားလို့ မေးပါတယ်။ ပါးစပ်ဟစမ်းဆိုတော့ အံသွားပေါက်တွေကို တွေ့သွားပါတယ်။ အံသွားတွေက ပြည်ပုပ်တွေဟာ ဒူးကို ရောက်သွားပြီး ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါ။ အဲဒီသွားတွေကို ဖာထေးပြုပြင်လိုက်တော့ ဒူးနာလည်း ကောင်းသွားပါတယ်။
နောက်တစ်ယောက်ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့သူ။ သူ့ရဲ့ သိုင်ရွိုက်ဂလင်းကနေ ဟိုမုန်းအထွက်နဲတော့ လူကလေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်လည်း တက်လာတယ်။ ရုပ်ပါပြောင်းသွားလို့ သူ့ကို မမှတ်မိကြဘူး။ ခံတွင်းက ဗက်တီးရီးယားနဲ့ အဆိပ်တွေက သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ်ထားလို့ ဟိုမုန်းကောင်းကောင်း မထွက်ဘူး။ သွားဆရာဝန်ဆီမှာ သေချာကုသလိုက်တဲ့ နောက်မှာတော့ ပြန်ကောင်းသွားပါတယ်။
နယ်က ကျောက်ကပ်ရောင်တဲ့ရောဂါ ဖြစ်နေတဲ့လူတစ်ယောက်။ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တော့ လူကဖောသွပ်သွပ် ဖြစ်လာတယ်။ မျက်ခွံပါမို့ပြီး ရုပ်ပြောင်းသွားတယ်။ ခြေထောက်တွေလည်း ဖောပြီး ရောင်ကိုင်းနေတာပဲ။ ကျောက်ကပ်ဆေးတွေ သောက်လည်း သိပ်မသက်သာဘူး။ နောက်ဆုံးမှာတော့ ပရဟိတလာလုပ်တဲ့ သွားဆရာဝန်တွေက ပါးစပ်ထဲမှာ ပျက်စီးနေတဲ့ သွားနဲ့သွားဖုံးတွေကို ပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက်ကပ်လည်း ပြန်ကောင်းသွားပါတယ်။
ကျွန်တော့်ငယ်သူငယ်ချင်း တစ်ယောက်။ ငယ်ငယ်ကတည်းက ပါးစပ် တော်တော်နံတဲ့ကောင်။ မျက်နှာချင်းဆိုင် စကားပြောလို့တောင် အဆင်မပြေဘူး။ ခံတွင်းရောဂါတွေနဲ့။သူဟာ ငယ်ငယ်ကတည်းက မကျန်းမာဘူး။အသက်၄၀ကျော်လောက်မှာပဲ အသည်းကင်ဆာဖြစ်ပြီး သေသွားပါတယ်။ ဒီလို ဥပမာတွေ အများကြီးပဲဗျ၊စာရှည်မှာစိုးလို့ ဒီလောက်နဲ့ပဲ ဖြတ်လိုက်မယ်။
ယ္ခုအခါမှာ လူတွေကရောဂါတွေ တအားဖြစ်ကြတယ်။ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ အူလမ်းကြောင်း၊ ဆီးချို၊ နှလုံး၊ သွေးကြော၊ ဦးနှောက်၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ ကင်ဆာရောဂါမျိုးစုံ၊ အရိုးအဆစ် နာကျင်ကိုက်ခြဲခင်းတို့ဟာ ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့ အဆိပ်တွေကြောင့် အများဆုံး ဖြစ်နေကြပါတယ်။ ခံတွင်းမသန့်လေ ရောဂါထူလေပဲ ဖြစ်တယ်။ ပါးစပ်နံလေ ရောဂါများလေ အသက်တိုလေပဲ ဖြစ်ပါတယ်။
သွားဖုံးအရင်းမှာ အစိမ်းရောင်အဝါရောင်ရှိတဲ့ ပြည်တွေထဲမှာ အလွန်အဆိပ်ပြင်းတဲ့ ရောဂါပိုးတွေ ပါတယ်။ ဒါကြောင့်ခံတွင်းထဲက ဗက်တီးရီးယားတွေကို အမြဲတန်းရှင်းလင်းပေးဖို့ လိုပါတယ်။ ခံတွင်းကရောဂါပိုးနဲ့ အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့ ဆီနဲ့ ပလုတ်ကျင်းပေးခြင်းပြဲဖစ်ပါတယ်။ ဆီကအဆိပ်စုပ်အားကောင်းတယ်။
သွားတွေအကြားနဲ့ သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့ အဏုဇီဝရောဂါပိုးတွေကို ဆီကဆွဲ ထုတ်ပေးနိုင်တယ်။ မနက်စောစောအိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို ၁၀ မိနစ်လောက် ငုံထားပြီး ပလုတ်ကျင်းပေးပါ။ ရောဂါပိုးတွေထွက်သွားလိမ့်မယ်။ ပြီးမှသွားတိုက်ပါ။ ပလုတ်ကျင်းဖို့ အကောင်းဆုံးဆီကတော့ မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရတဲ့ အုန်းဆီဖြစ်ပါတယ်။ သံလွင်ဆီ၊ နှမ်းဆီတွေနဲ့ ပလုတ်ကျင်းလို့လည်းရပါတယ်။ နေ့စဉ်မလုပ်နိုင်ရင်တောင် တစ်ပတ်ကို ၂ ခါ ၃ ခါ လောက်လုပ်ပေးသင့်ပါတယ်။ ထိုင်းနိုင်ငံကော့စမွေကျွန်းက ဆရာမခွန်းကော်တို့လည်း ဒီနည်းကိုစသုံးနေပါပြီ။ အိန္ဒိယနိုင်ငံကပေးတဲ့နည်းလို့ ပြောပါတယ်။
တကယ်ကိုကောင်းတဲ့နည်းပါပဲ။ လူဆိုတာကခံတွင်းသန့်ဖို့သိပ်အရေးကြီးတယ်။ ခံတွင်းသန့်ရင် စိတ်လည်းကြည်လင်လန်းဆန်းတယ်။ မျက်လုံးကိုလည်းကြည်စေတယ်။ နေ့စဉ်လူမှုဆက်ဆံရေးတွေမှာ ပါးစပ်နံရင်သိပ်အထင်သေးခံရတတ်တယ်။ ခံတွင်းသန့်ရင်ရုပ်ရည်လည်းသန့်ပါတယ်။ ယောက်ျား ခံတွင်းသန့်ရင် မိန်းမတွေ သိပ်ကြိုက်တယ်။ ယောက်ျားကလည်း မိန်းမခံတွင်းသန့်ရင်သိပ်ကြိုက်တယ်။ ပြီးတော့ရောဂါကင်းပြီးအသက်လည်းရှည်တယ်။ ဒါကြောင့် အချိန်တိုင်းခံတွင်းသန့်နေအောင် လုပ်ကြဖို့လိုပါတယ်။ ချစ်ခင်လေးစားလျှက်…………
#မင်းကျော်ဝင်း