မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝက မွေထိုင်းချန်ပီယံကို လက်ခမောင်းခတ်ပြတဲ့ အကြောင်းအရင်း

Sharing is caring!

မြန်မာ့ ရိုးရာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ ဒေဝ ဟာဆိုရင် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ ရှည်လျားတဲ့အရပ် ၊ ထိုးသတ်ပုံ သပ်ရပ်မှုတွေက သူ့ကိုချန်ပီယံအဖြစ်တွန်းပို့ခဲ့သလို ၊ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အစဉ်မပြတ်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာဆိုရင် မြန်မာရိုးရာလက်ဝှေ့ကို ချစ်ခင်လေးစားသူဖြစ်သလို ၊ တန်ဖိုးထားသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူဟာ မွေထိုင်းလက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်တဲ့ ဘွတ်ခေါင်ကို စိန်ခေါ်ခဲ့တာကြောင့် ပရိသတ်
က စိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။

ဒီအကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့်

” When I do the Lekkha Moun – I’m ready to die in the ring ပြိုင်ဖက်ကို လက်ခမောင်းခတ်ပြလိုက်တာဟာ ကျွန်တော်က သူ့စိန်ခေါ်မှုကိုလက်ခံပြီး မြန်မာ့လက်ဝှေ့ရဲ့ဂုဏ်ကျက်သရေအတွက် အသက်ပေးကာကွယ်ဖို့အဆင်သင့်ပဲဆိုတဲ့ အဓိပ္ပာယ်ပါ ” ဆိုပြီး ရေးသား အသိပေးလာတာဖြစ်ပါတယ်။

ဒီလိုစိန်ခေါ်မှုဟာ ပွဲဖြစ်လာမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ အသေအချာပဲ။ ဒေဝ ကတော့ စိန်ခေါ်သူပီပီ မြန်မာ့လက်ဝှေ့အတွက် ကြိုးဝိုင်းထဲမှာ အသက်ပေးကာကွယ်သွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

source- Day Wa

Zawgyi Version

ျမန္မာ့ ရိုးရာလက္ေဝွ႕ခ်န္ပီယံတစ္ဦးျဖစ္တဲ့ ေဒဝ ဟာဆိုရင္ ပရိသတ္ရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္။

သူ႕ရဲ႕ ရွည္လ်ားတဲ့အရပ္ ၊ ထိုးသတ္ပံု သပ္ရပ္မႈေတြက သူ႕ကိုခ်န္ပီယံအျဖစ္တြန္းပို႔ခဲ့သလို ၊ ပရိသတ္ေတြရဲ႕ အားေပးမႈကိုလည္း အစဥ္မျပတ္ရရွိခဲ့သူျဖစ္ပါတယ္။

သူဟာဆိုရင္ ျမန္မာရိုးရာလက္ေဝွ႔ကို ခ်စ္ခင္ေလးစားသူျဖစ္သလို ၊ တန္ဖိုးထားသူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ သူဟာ ေမြထိုင္းလက္ေဝွ႕ခ်န္ပီယံ တစ္ဦးျဖစ္တဲ့ ဘြတ္ေခါင္ကို စိန္ေခၚခဲ့တာေၾကာင့္ ပရိသတ္
က စိတ္ဝင္စားမႈျမင့္တက္ေနခဲ့ပါတယ္။

ဒီအေၾကာင္းကို သူ႕ရဲ႕ လူမႈကြန္ရက္ကေနတစ္ဆင့္

” When I do the Lekkha Moun – I’m ready to die in the ring ၿပိဳင္ဖက္ကို လက္ခေမာင္းခတ္ျပလိုက္တာဟာ ကြၽန္ေတာ္က သူ႔စိန္ေခၚမႈကိုလက္ခံၿပီး ျမန္မာ့လက္ေဝွ႔ရဲ႕ဂုဏ္က်က္သေရအတြက္ အသက္ေပးကာကြယ္ဖို႔အဆင္သင့္ပဲဆိုတဲ့ အဓိပၸာယ္ပါ ” ဆိုၿပီး ေရးသား အသိေပးလာတာျဖစ္ပါတယ္။

ဒီလိုစိန္ေခၚမႈဟာ ပြဲျဖစ္လာမယ္ဆိုရင္ေတာ့ ပရိသတ္ေတြအတြက္ ရင္ခုန္စရာေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္လာမွာ အေသအခ်ာပဲ။ ေဒဝ ကေတာ့ စိန္ေခၚသူပီပီ ျမန္မာ့လက္ေဝွ႕အတြက္ ၾကိဳးဝိုင္းထဲမွာ အသက္ေပးကာကြယ္သြားဖို႔ အသင့္ရွိေနတယ္လို႔ ဆိုပါတယ္။

source- Day Wa

Add a Comment

Your email address will not be published. Required fields are marked *