ကပ်ဘေးကာလကြီးမှာ ‘ဆား’ ကို ဘယ်လို အသုံးချမလဲ

Sharing is caring!

𝑺𝒂𝒍𝒕 𝑩𝒆𝒏𝒆𝒇𝒊𝒕𝒔

.မနက်ဖြန် ဘာဖြစ်မလဲ မှန်းဆမရလောက်အောင် စိတ်ပင်ပန်းရတဲ့ကာလတွေမှာ တစ်ခုတည်းသော စိတ်ဖြေရာကတော့ ‘ပေးကမ်းလှူဒါန်းရခြင်း’ ပဲ ဖြစ်ပါတယ်၊ကြုံရင်ကြုံသလို ဆေးတွေလှူဖြစ်သလို ဒီရက်ပိုင်း အသိမိတ်ဆွေတွေကို ‘အော်ဂဲနစ်နနွင်းမှုန့်'(Organic

Turmeric Powder),ဟိမဝန္တာကျောက်ဆား'(Himalayan Rock Salt) ထုပ်လေးတွေ လက်ဆောင်ပေးဖြစ်တယ်၊လက်ဆောင်ရသူတိုင်း သဘောကျကြလို့ ဒီစာလေးရေးဖြစ်ပါတယ်။

.စာရေးဆရာမ Isak Dinesen က ပြောခဲ့ဖူးတယ်…..’The cure for anything is salt water: sweat, tears, or the sea’ တဲ့၊’အရာခပ်သိမ်းကို ပြေလည်စေနိုင်တာက ဆားရည်ပါ’လို့ ဆိုလိုပါတယ်။

.ဝမ်းနည်းစရာတွေ သက်သာဖို့ ငိုလိုက်ရတဲ့အခါ ကျလာတဲ့မျက်ရည်ဟာ ဆားသဘာဝရှိပါတယ်၊လူကို ရောဂါဖြစ်စေတဲ့ ပိုလျှံတဲ့အဆီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ ချွေးဟာလည်း ဆားသဘာဝရှိပါတယ်(ချွေးက ငန်ပါတယ်😥)၊ပင်လယ်နဲ့ နီး

တဲ့ဒေသတွေဟာ ရာသီဥတု သမ မျှတတာမို့ အသက်ရှုလမ်းကြောင်းရောဂါတွေကုသဖို့ သင့်တော်ပါတယ်၊ပင်လယ်ဟာလည်း ဆားရည်ပဲ ဖြစ်ပါတယ်။.ကပ်ရောဂါကို ကျော်ဖြတ်ဖို့ ကုသိုလ်ပြုကြရမှာ ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ ဆန်၊ဆီ၊ဆား၊ဆေး အလှူကို ပြုလုပ်လေ့

လည်း ရှိကြတာမို့ ဆားက မွန်မြတ်တဲ့ လှူဖွယ်ပစ္စည်းလည်း ဖြစ်နေပြန်ပါတယ်။.ကိုဗစ်နဲ့ ပတ်သက်လို့ ဗဟုသုတတွေ ဝေမျှတဲ့အခါ ဆား အကြောင်းပြောရင် အများစုစိတ်ဝင်စားကြတာမို့ ဆားဋီကာ ချဲ့ပါရစေ … ဒီစာမှာ ဆား ၃ မျိုးအသုံးပြုပုံအကြောင်းပြောပါမယ်။

အိမ်သုံးဆား Table Salt

ဟိမဝန္တာကျောက်ဆား Himalayan Rock Salt

ဆားခါး(ဆပ်ခါး) Epsom Salt

အိမ်သုံးဆား Table Salt

အိမ်သုံးဆားဆိုတာ ဆိုဒီယမ်ကလိုရိုဒ်(NaCl)ဖြစ်ပါတယ်၊ဆိုဒီယမ်က ရေကို ဆွဲတဲ့သဘာဝရှိတာမို့ ဆားများများစားရင် သွေးတိုးနိုင်ပါတယ်၊သွေးတိုးရောဂါမဖြစ်ရအောင် ဆားကို လိုတာထက် ပိုမစားဖို့ ဆေးပညာရှင်တွေ ပြောကြပါတယ်၊ခုပြောမှာက ဟင်းချက်ရင် သုံး

တာမဟုတ်တဲ့အခြား အသုံးဝင်ပုံတွေပါ။

ဟိမဝန္တာကျောက်ဆား Himalayan Rock Salt

.ဒီဆားကတော့ ဟိမဝန္တာတောင်တန်းကနေ ဖြိုဖျက်ပြီး ရလာတဲ့ ဆားအတုံးကြီးတွေကို သန့်စင်ကာ စားသုံးဖို့ အသုံးပြုကြပါတယ်၊သူ့ရဲ့ အရောင်က ပန်းရောင်ဖျော့ဖျော့မို့ Pink Salt လို့လည်းခေါ်ပါတယ်၊အခြေခံအားဖြင့် ဟိမဝန္တာဆား ရဲ့ ၉၀% သောပါဝင်မှုက အိမ်

သုံးဆားနဲ့ အတူတူပါပဲ၊ထူးခြားတာကတော့ ကျန် ၁၀% မှာ အခြားသော သတ္ထုဓာတ်တွေပါဝင်ခြင်းဖြစ်ပါတယ်၊ပိုတက်ဆီယမ်(K),ကယ်လ်ဆီယမ်(Ca),မဂ္ဂနီဆီယမ်(Mg),ခရိုမီယမ်(Chromium),အိုင်အိုဒင်း(I) စသည်တို့ ဖြစ်ပါတယ်။

.အခြားသော သတ္ထုဓာတ်တွေ ပါဝင်တာမို့ ကျန်းမာရေးအတွက် ပိုကောင်းလိမ့်မယ်ဆိုပြီး ဟိမဝန္တာဆားကို ကမ္ဘာတစ်ဝန်း အသုံးများလာကြပါပြီ၊ခုဆို ရန်ကုန်က စျေးဝယ်စင်တာတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်၊ပစ္စည်းအစစ်အမှန်ဖြစ်ဖို့တော့ ဂရုပြုရွေးချယ်ရပါမယ်၊

စျေးလည်းမကြီးပါ၊အိမ်သုံးဆား သုံးတဲ့နေရာတိုင်းမှာ ဟိမဝန္တာဆားကို အစားထိုးအသုံးပြုလို့ရပါတယ်၊ကျနော်တို့ အိမ်မှာတော့ ဟိမဝန္တာဆားကိုပဲ အသုံးပြုလေ့ရှိပါတယ်။

ဆားခါး(ဆပ်ခါး) Epsom Salt

ဆားခါးကတော့ အပေါ်မှာပြောတဲ့ ဆား ၂ မျိုးနဲ့ မတူပါဘူး၊မဂ္ဂနီဆီယမ် ဆာလ်ဖိတ်(MgSO4) ဖြစ်ပါတယ်၊မဂ္ဂနီဆီယမ်က ဝမ်းသွားစေတာမို့ ဝမ်းပျော့ဆေးအနေနဲ့ အရင်က အသုံးပြုကြပါတယ်၊မဂ္ဂနီဆီယမ်ဟာ သွေးပေါင်ကို ကျစေတာမို့ ကိုယ်ဝန်ဆိပ်တက်ခြင်း

ရောဂါ(Pre-eclampsia) မှာ အကြောထဲကနေ ထိုးသွင်းပြီး အသုံးပြုကြပါတယ်(အကြောထဲသွင်းလို့ရတဲ့ဆေးအနေနဲ့ လာပါတယ်)။

‘ဆား’ ကို ဟင်းချက်တာအပြင် အခြားနေရာတွေမှာဘယ်လိုအသုံးပြုကြမလဲ

Purifying Negative Energy

အညံ့ဓာတ်ကို သန့်စင်ပေးနိုင်ခြင်း

.ဂျပန်ဆူမို နပန်းသမားတွေဟာ ပြိုင်ပွဲမစခင် စည်းဝိုင်းထဲမှာ ဆားကို ဖြန်းပက်ကြလေ့ရှိပါတယ်၊တစ်ဖက်လူကို အနိုင်ရဖို့ မမြင်နိုင်တဲ့ အညံ့ဓာတ်တွေ သန့်စင်သွားစေဖို့ ရည်ရွယ်တာပါတဲ့၊အသားငါး တွေကို အညှီတွေ မြန်မြန်သန့်စေချင်ရင် ဆားနဲ့ ဆေးကြောသန့်စင်ရပါ

တယ်၊လူသေဆုံးမှုတွေ များတဲ့ခုလိုကာလမှာ ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အညံ့ဓာတ်တွေရှိနေနိုင်ပါတယ်၊ဆားလက်တစ်ဆုပ်စာကို ရေနဲ့ ဖျော်ပြီး ခြံစည်းရိုးနံရံများ,အိမ်အဝင်ဝ နေရာများကို ဖြန်းပက်ပေးလို့ရပါတယ်၊ခြံ သို့မဟုတ် တိုက်ခန်းရဲ့ ထောင့် ၄ ထောင့်မှာ ဆား

ကို ပုံထားပါ…၄၈ နာရီပြည့်ရင် ပုံထားတဲ့ဆားကို ဖယ်လိုက်ပါ(ဆေးချလိုက်ပါ),ဒါမျိုးလည်း မကြာခဏလုပ်ပေးလို့ရပါတယ်၊အိမ်မှာ အညံ့ရှိတယ်ထင်ရင် အိပ်တဲ့ အိပ်ရာနား သို့မဟုတ် ကုတင်အောက်မှာ ပန်းကန်အသန့်ထဲ ဆားထည့်ပြီး ထားလို့ရပါတယ်။

Antimicrobial Action

ရောဂါပိုးများကို နှိမ်နင်းနိုင်ခြင်း

.လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးသလို ဆားရည်နဲ့လည်း လက်ဆေးလို့ရပါတယ်၊ဆားကို ရေနွေးနဲ့ ဖျော်ပြီး ပါးစပ်ထဲငုံခြင်း,အာလုတ်ကျင်းခြင်း ပြုလုပ်ပေးလို့ရပါတယ်၊အာသီးရောင်ခြင်း,လည်ချောင်းနာခြင်း,သွားဖုံးရောင်ခြင်း စတဲ့အချိန်တွေမှာ ပြုလုပ်ပေးသင့်ပါ

တယ်။

Nasal Cleansing Power

နှာခေါင်းပိတ်ခြင်း/နှာစေးခြင်းကို သက်သာစေခြင်း

.နှာခေါင်းပိတ်ရင် နေရထိုင်ရအလွန်ခက်ပါတယ်၊အသက်ရှုမဝ,သလိုလည်း ဖြစ်တတ်ပါတယ်၊ခေါင်းအုံ ခေါင်းကိုက် အိပ်မပျော်ဖြစ်တတ်ပါတယ်၊အဲ့ဒီအခါ ဆားရည်နဲ့ နှာခေါင်းအတွင်းသန့်စင်ပေးလို့ရပါတယ်(အောက်ကပုံမှာကြည့်ပါ)။

Air Purifying Action

လေသန့်စင်ပေးနိုင်သော အာနိသင်

.အခန်းထဲမှာ လေသန့်စင်ဖို့ ဆားရည်ငွေ့ထုတ်စက် သို့မဟုတ် ဆားမီးအိမ် ကိုအသုံးပြုလို့ရပါတယ်၊ဆားက လေထဲက ဖုန်မှုန့် နဲ့ ရောဂါပိုးတွေကို စုပ်ယူပြီး သန့်စင်ပေးလိုက်နိုင်တယ်လို့ ဆိုကြပါတယ်၊အခန်းနံရံတွေကို ဟိမဝန္တာဆားတုံးတွေကို နံရံပြုလုပ်ပြီး ဆားခန်းလုပ်

တာမျိုးလည်း နိုင်ငံခြားမှာ လုပ်ကြပါတယ်၊တစ်ပတ်ကို တစ်ညလောက် ဆားခန်းမှာ အိပ်ရင် အသက်ရှုလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းတယ်လို့ ယူဆကြပါတယ်၊ဆားနဲ့ ရောဂါတွေကုတာကို Halotherapy လို့ခေါ်ပါတယ်။

Mind Calming Property

စိတ်နဲ့အာရုံကြောကို ပြေလျော့စေသောအစွမ်းသတ္တိ

.ဆားခါးကို အိပ်ပျော်စေဖို့,ကြွက်သားများပြေလျော့စေဖို့လည်း သုံးနိုင်ပါတယ်၊ဇလုံထဲ ရေကိုခြေမျက်စိမြုပ်အောင်ထည့်ပြီး ဆားခါးဟင်းခပ်ဇွန်း ၅ ဇွန်းခန့်ထည့်ဖျော်ပြီး ခြေထောက်ကို ၁၅ မိနစ်ခန့်စိမ်ပေးပါ၊ဆားခါးကို ရေနဲ့ ဖျော်ပြီး Bath-tub(ရေချိုးဇလုံ) ထဲထည့်

စိမ်ရင် အကြောတွေပြေလျော့ပြီး အရမ်းနေလို့ ကောင်းပါတယ်🛁၊ကြွက်သားနာတာ ခါးနာတာတွေ သိသိသာသာသက်သာစေပါတယ်၊Bath-tub မရှိရင် ရေပုံးထဲထည့်ဖျော်ပြီး သုံးသပ်ကာ ချိုးလို့ရပါတယ်၊စိတ်တွေမကြည်လင်ဘူး,စိတ်တွေညစ်ညူးနေရင် ဆားခါးနဲ့

ရေချိုးလိုက်ဖို့ အကြံပြုကြပါတယ်။

Money Attracting Power

ငွေကို ဆွဲခေါ်နိုင်ခြင်း

.ဒါလေးကတော့ တကယ်စိတ်ဝင်စားစရာပါ၊နာမည်ကျော် Yoga ပညာရှင်တွေ,Coaching ပညာရှင်တွေက ဆားက ငွေကို ဆွဲခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်၊ဆားကို အဝတ်အိတ်လေးနဲ့ ထုပ်ပြီး ပိုက်ဆံအိတ်ထဲဆောင်ထားလို့ရပါတယ်၊စျေးဆိုင်တွေမှာ ငွေ

သိမ်းကောင်တာလိုနေရာတွေမှာ ဆားပန်ကန်ထားတာ,အလှအပစီခြယ်ပြီး ဆားကို အိတ်နဲ့ ထည့်ဆောင်တာမျိုး ပြုလုပ်လို့ရပါတယ်။

အကုန်အကျသက်သက်သာသာနဲ့ ပြုလုပ်လို့ရတဲ့ ပွဲတွေ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါပြီ၊ဆားဗဟုသုတများ ပြောပြပေးကြသော ဆရာမ Chaw Sukhita,Dr.Eric Berg,Dr.Alan Mandell တို့ကို ကျေးဇူးတင်ပါတယ်။

ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ

#ဒေါက်တာရဲပြည့်ဟိန်း

Zawgyi Version

𝑺𝒂𝒍𝒕 𝑩𝒆𝒏𝒆𝒇𝒊𝒕𝒔
















.အခြားသော သတ္ထုဓာတ်တွေ ပါဝင်တာမို့ ကျန်းမာရေးအတွက် ပိုကောင်းလိမ့်မယ်ဆိုပြီး ဟိမဝန္တာဆားကို ကမ္ဘာတစ်ဝန်း အသုံးများလာကြပါပြီ၊ခုဆို ရန်ကုန်က ဈေးဝယ်စင်တာတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်၊ပစ္စည်းအစစ်အမှန်ဖြစ်ဖို့တော့ ဂရုပြုရွေးချယ်ရပါမယ်၊

ဈေးလည်းမကြီးပါ၊အိမ်သုံးဆား သုံးတဲ့နေရာတိုင်းမှာ ဟိမဝန္တာဆားကို အစားထိုးအသုံးပြုလို့ရပါတယ်၊ကျနော်တို့ အိမ်မှာတော့ ဟိမဝန္တာဆားကိုပဲ အသုံးပြုလေ့ရှိပါတယ်။










Antimicrobial Action



တယ်။

Nasal Cleansing Power



Air Purifying Action




Mind Calming Property







.ဒါလေးကတော့ တကယ်စိတ်ဝင်စားစရာပါ၊နာမည်ကျော် Yoga ပညာရှင်တွေ,Coaching ပညာရှင်တွေက ဆားက ငွေကို ဆွဲခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်၊ဆားကို အဝတ်အိတ်လေးနဲ့ ထုပ်ပြီး ပိုက်ဆံအိတ်ထဲဆောင်ထားလို့ရပါတယ်၊ဈေးဆိုင်တွေမှာ ငွေ




#ဒေါက်တာရဲပြည့်ဟိန်း

Add a Comment

Your email address will not be published. Required fields are marked *