ဘေဘီလေးရှိတဲ့ မေမေတို့ရေ ကလေးအတွက်ရှောင်ရန်နှင့်သိထားဖို့

Sharing is caring!

၁- ကလေးခြေထောက်ဆန့်/ဖြောင့်ပေးခြင်း
မွေးကင်းစကလေးငယ်လေးတွေရဲ့ အသားအရည်နဲ့ အရိုးအဆစ်တွေက နူးညံတာကြောင့် အားစိုက်ဖျစ်ညှစ် တာမျိးနဲ့ဆွဲဆန့်တာမျိုးမလုပ်သင့်ပါဘူး။ကလေးတွေရဲ့ဒူးနှစ်ဖက်ဟာ ၁နှစ်ခွဲကနေနှစ်ထိ ဘေးကိုကား ထွက်နေမှာဖြစ်ပြီး ၃ နှစ်ကနေ ၅ နှစ်ထိကျရင်တော့ ခြေနှစ်ချောင်းကအောက်ဘက်ကနေ ဘေးကိုကားတတ်ပြီး လမ်းသွားရင် ဘဲသြားပုံစံ သွားတတ်ကြပါတယ် ၆နှစ်ကနေ၈နှစ်ကျရင်တော့ အရိုးအစစ်သန်မာလာပြီမို့ ပုံမှန်လူကြီးတစ်ယောက်သွားလာသလိုမျိုး သွားရပါပြီ ဒါ့ကြောင့် ကလေးငယ်ရဲ့ခြေထောက်ဖြောင့်မဖြောင့်ဟာ ငယ်စဉ်အခါ ခြေထောက်ဆန့်ပေးခြင်းနှင့်မဆိုင်ပါဘူးတဲ့။ အဲ့လိုလုပ်ခြင်းက ကလေးလည်းအသားနာသလို အခန့်မသင့်ရင် အရိုးပါကျိုးတတ်ပါတယ်။ မရဘူး လုပ်မှာပဲဆိုရင်တောင် ညင်သာဖို့ပြောပါရစေ။

၂- နှာတံဖော်ခြင်း/နှာခေါင်းဖျစ်ပေးခြင်း
ကိုယ့်ရဲ့ဘေဘီလေး နှာခေါင်းပြားနေတယ် ဖျစ်ပေးရင် နှာတံပေါ်မလား။နှာခေါင်း လည်ချောင်းနဲ့နား ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်အရ နှာခေါင်းဖျစ်ပေးခြင်းက ကလေးရဲ့နှာရိုးကို ပိုမိုပြီးဒီထက်မပေါ်လာစေနိုင်ပါဘူး။ မကြာခဏဖျစ်ညှစ်ခြင်း ပြုလုပ်ရင်းကနေ ကေလးဟာ ငယ်သေးတာကြောင့် အသားတစ်သျူး မျှင်တွေပြတ်တောက်ပြီး ရောင်ရမ်းနိုင်ပါတယ်။

၃- ရှုးရှုးဖြင့်လျှာသုတ်ပေးခြင်း
ကလေးတွေမှတ်ခရုပေါက်တဲ့အခါ တချို့လူတွေက ကလေးသေးစိုဝတ်နှင့်လျှာကိုပွတ်ပေးဖို့ပြောတတ်ကြပါတယ်။ မေမေတို့လည်း ကလေးကိုပျောက်စေချင်ဇောနဲ့ လိုက်မလုပ်ပါနဲ့။သေချာစဉ်းစားကြည့်ပါ ဆီး ဆိုတာက ခန္ဓာကိုယ်က မလိုအပ်လို့စွန့်ပစ်တဲ့အညစ်အကြေးပါ အဲ့ဒါနဲ့ကလေးလျှာကို သုတ်ပေးရင် မပျောက်တဲ့အပြင် ပိုးဝင်လို့ အရင်ကထက် ပိုဆိုးတတ်ပါတယ်။

၄- ၆ လ အောက်ကလေး ငှက်ပျောသီး/အစာကျေွးခြင်း
တချို့မိခင်တွေဟာ ၄ လေလာက်ဆိုကလေးကို အဟာရမှုန့်ကျေွးတာနဲ့ ငှက်ပျောသီးကျေွးခြင်း တို့လုပ်တတ်ကြပါတယ်။ မွေးစကနေ ၆လအောက်ကလေးတွေရဲ့ အူဟာ အစာချေဖျက်ခြင်းနှင့်အစာစုတ်ယူခြင်းအတွက် အဆင်သင့်မဖြစ်သေးတာကြောင့် ငှက်ပျောသီးဟာ အူလမ်းကြောင်းမှာကပ်ကျန်နေတတ်ပြီး အူပုတ်ခြင်းနှင့်အူလမ်းကြောင်းပိတ်စို့ခြင့်းဖြစ်တတ်ပါတယ်။ ငှက်ပျောသီးမှမဟုတ်ပါဘူး နို့ကလွဲပြီး ၆ လ အောက်ကလေးကို မတိုက်မကျေွးသင့်ပါ။ တချို့ ပုံမှန်ထက်ပိုကြီး သင်ယူဖွံဖြိုးမှုကောင်းတဲ့ကလး တချို့ကျရင်တော့ ဆရာဝန္က ၅လေလာက္ကေန စပြီး ကျေွးခိုင်းတာလည်းရှိပါတယ်။မကျေွးခင် အရင်ဆုံး ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

၅- ကလေးနို့ဖျစ်ခြင်း
မွေးကင်းစကလေးရဲ့နို့ဟာ သာမာန်ထက်ပိုပြီးကြီးနေတဲ့အခါ နို့ကိုချေပေးရတယ် နို့ရည်တွေထွက်အောင် ညှစ်ပေးရတယ်ဆိုတဲ့စကားတွေကို မယုံပါနဲ့ မိခင်ဆီက ရရှိထားတဲ့ဟော်မုန်းကြောင့် နို့အုံဟာကြီးနေခြင်းပါ ကလေးကြီးလာတဲ့အခါ အလိုလိုပျောက်သွားမှာပါ။ဖျစ်ရင်းချေရင်းနေ ရောင်ရမ်းပိုးဝင်ရင် ခံစားရမယ့် ကေလးက သနားဖို့ကောင်းပါတယ်။

၆- ပျားရည်
ပျားရည်ကတော့ ကလေးကိုတိုက်လေ့တိုက်ထ မရှိပေမယ့် သိထားဖို့ပါ။၁နှစ်အောက်ကလေးတွေကို ပျားရည် လုံးဝ မတိုက်ကျေွးသင့်ပါဘူး။ ပျားရည်ထဲမှာရှိတဲ့ ဘတ်ထီရီးယားပိုးမွှားတစ်ချို့က (Botulism)ဆိုတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်သလိုမျိုးပါ။ ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက် အစားမဝင် မောပန်းခြင်း/အားအင်ကုန်ခမ်း တချို့ကျတော့ အသက်ရှုကျပ်တတ်ပြီး ဖြစ်ပြီးပျောက်ခဲ့ရင်တောင် အနာဂတ်မှာ အဝလွန်ခြင်းနဲ့ဆီးချိုရောဂါဝေဒနာကို ခံစားရနိုင်ပါသေးတယ်။အမေရိကန်နိုင်ငံမှာတော့ ၁ နှစ်အောက်ကလေးတွေရဲ့ဖြည်စွက်စာနှင့်တခြား အစားအစာအားလုံးမွာ ပျားရည်ကိုလုံးဝမသုံးဖို့ တားမြစ်ထားပါတယ်။ တချို့အချက်တွေက အစဉ်အလာလိုမျိုးလုပ်နေကျတာမို့ စာဖတ်သူအနေနဲ့သဘောမကျတာမျိုး ရှိကောင်းရှိ နိုင်ပါတယ်။ ရှေးထုံးလည်းမပယ်နဲ့ဈေးသုံးလည်းမကြွယ်နဲ့စကားပုံအရ လုပ်ပေးမယ်ဆိုရင်တောင် တန်ဆေးလွန်ဘေးမို့လို့ ဘယ်အရာမှလိုတာထက်မပိုသင့်ပါဘူး ခ်စ္လို့ လှစေချင်လို့ဝစေချင်လို့ လုပ်ပေးရင်းကျေွးရင်းကနေ မထင်မှတ်ပဲ တစ်ခုခုဖြစ်ခဲ့ရင်ချစ်ရာမရောက်ပဲ နှစ်ရာ ရောက်နေပါ့မယ်ရှင်🙏

Add a Comment

Your email address will not be published.