သွားကိုက်ခြင်းအတွက် သက်သာပျောက်ကင်းတဲ့ သဘာဝဆေးနည်းများ

Sharing is caring!

သွားနာ၊ သွားကိုက်ခြင်းများနဲ့ပတ်သက်ပြီး သဘာဝဆေးနည်းများကို မကြာခဏ တောင်းဆိုလာကြသူများအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့်ကြိတ်ပြီး ဆားအနည်းငယ်နှင့်အတူ သွားတိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမို ခိုင်မာလာစေပြီး ဖြူစင်စေပါတယ်။

(၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဥ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဥ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်း

တို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်းများကို ပျောက်စေပါတယ်။

(၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ ခွက် ၁ ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါတယ်။

(၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို ပျောက်စေပါတယ်။

(၅) တမာ၏ အရိုးတံကို သွားကြားထိုးတံအဖြစ် အသုံးပြု၍ မကြာခဏ သွားတိုက်ပေးခြင်းဖြင့် သွားရောဂါများ ကင်းဝေးစေပါတယ်။

(၆) နနွင်းမှုန့်ကို ရေနွေးဖြင့် ဖျော်၍ ငုံပေးခြင်း၊ ဆားများများထည့်၍ သွားရင်းတွင် သိပ်ပေးခြင်းတို့ဖြင့် သွားဖုံးရောင်ခြင်း၊ သွားနာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပါတယ်။

(၇) ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးလေးများလုံးကာ ပိုးစားသည့် သွားအပေါ်ကို ထည့်ပေးပါ။

(၈) ပင်စိမ်းနှင့်ထန်းလျက်ကို ဆတူရောကြိတ်၍ ပျားရည်နှင့်လုံးထားကာ မနက်တစ်လုံး ညတစ်လုံး စားပေးပါက သွားဖုံးရောင်၊ သွားကိုက်ခြင်းများ ပျောက်ကင်းစေပါတယ်။

(၉) ၀ါစေ့ကို ပြုတ်၍ ငုံပေးသော် သွားနာ သွားကိုက်များ ပျောက်စေပါတယ်။

(၁၀) ချင်းစိမ်းကို ၀ါး၍ ကိုက်နေသော သွားပေါ်တွင် အုပ်ထား ငုံထားပါက သွားကိုက် သွားနာများ ပျောက်စေပါတယ်။သွားကိုက်၊ သွားနာရောဂါများကို ခံစားနေရသော ဝေဒနာရှင်များအားလုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)

သြားကိုက္ျခင္းအတြက္ သဘာဝေဆးနည္းမ်ား
သြားနာ၊ သြားကိုက္ျခင္းမ်ားနဲ႔ပတ္သက္ၿပီး သဘာဝေဆးနည္းမ်ားကို မၾကာခဏ ေတာင္းဆိုလာၾကသူမ်ားအတြက္ မွ်ေဝေပးလိုက္ပါတယ္။

(၁) တမာ႐ြက္ကို ကြၽမ္းေအာင္ေလွာ္၍ အမႈန႔္ႀကိတ္ၿပီး ဆားအနည္းငယ္ႏွင့္အတူ သြားတိုက္ေပးေသာ္ သြားကိုက္၊ သြားနာစတဲ့ သြားေရာဂါမ်ား ကင္းေဝးေစ၍ သြားမ်ားကို ပိုမို ခိုင္မာလာေစၿပီး ျဖဴစင္ေစပါတယ္။

(၂) သြားအတြက္ အေကာင္းဆုံးေဆးပင္မွာ ဒႏၲသုခပင္ ျဖစ္ပါသည္။ ဒႏၲသုခပင္၏ ပၪၥငါးပါးျပဳတ္ရည္ကို ငုံေပးျခင္း၊ ပၪၥငါးပါးကို ျပာခ်၍ ၄င္းျပာျဖင့္ သြားဖုံး၊ သြားၾကားတို႔ကို သိပ္ေပးျခင္း၊ ဒႏၲသုခပင္၏ အျမစ္ကို အစိမ္းအတိုင္း ႀကိတ္၍ သြားၾကားကို သိပ္ေပးျခင္း

တို႔ျဖင့္ သြားမ်ားကို ခိုင္မာေစ၍ သြားနာ၊ သြားကိုက္ျခင္းမ်ားကို ေပ်ာက္ေစပါတယ္။

(၃) နန္းလုံးႀကိဳင္ပင္၏ အေခါက္ကို ေရ ၃ ခြက္ ၁ ခြက္က်ိဳ၍ ၄င္းေရျဖင့္ ပလုတ္က်င္းျခင္း၊ ငုံျခင္းမ်ား ျပဳလုပ္ေပးပါက သြားနာ၊ သြားကိုက္၊ သြားက်င္၊ သြားဖုံးေရာင္ျခင္းမ်ား ေပ်ာက္ကင္းေစပါတယ္။

(၄) ကေစာ့ခါးသီးပင္၏ အျမစ္ကို ေသြး၍ သိပ္ေပးျခင္း၊ အျမစ္ကို အမႈန႔္ႀကိတ္၍ မႈိင္းတိုက္ကာ အခိုးအေငြ႕ကို ရႈျခင္းတို႔ျဖင့္ သြားကိုက္၊ သြားက်င္၊ သြားပိုးစား စသည့္ သြားေရာဂါမ်ားကို ေပ်ာက္ေစပါတယ္။

(၅) တမာ၏ အ႐ိုးတံကို သြားၾကားထိုးတံအျဖစ္ အသုံးျပဳ၍ မၾကာခဏ သြားတိုက္ေပးျခင္းျဖင့္ သြားေရာဂါမ်ား ကင္းေဝးေစပါတယ္။

(၆) နႏြင္းမႈန႔္ကို ေရေႏြးျဖင့္ ေဖ်ာ္၍ ငုံေပးျခင္း၊ ဆားမ်ားမ်ားထည့္၍ သြားရင္းတြင္ သိပ္ေပးျခင္းတို႔ျဖင့္ သြားဖုံးေရာင္ျခင္း၊ သြားနာက်င္ကိုက္ခဲျခင္းတို႔ကို သက္သာေစပါတယ္။

(၇) ပင္စိမ္းသတၳဳရည္ႏွင့္ င႐ုတ္ေကာင္း၊ ပ႐ုတ္တို႔ကို ႀကိတ္ၿပီး အလုံးေလးမ်ားလုံးကာ ပိုးစားသည့္ သြားအေပၚကို ထည့္ေပးပါ။

(၈) ပင္စိမ္းႏွင့္ထန္းလ်က္ကို ဆတူေရာႀကိတ္၍ ပ်ားရည္ႏွင့္လုံးထားကာ မနက္တစ္လုံး ညတစ္လုံး စားေပးပါက သြားဖုံးေရာင္၊ သြားကိုက္ျခင္းမ်ား ေပ်ာက္ကင္းေစပါတယ္။

(၉) ၀ါေစ့ကို ျပဳတ္၍ ငုံေပးေသာ္ သြားနာ သြားကိုက္မ်ား ေပ်ာက္ေစပါတယ္။

(၁၀) ခ်င္းစိမ္းကို ၀ါး၍ ကိုက္ေနေသာ သြားေပၚတြင္ အုပ္ထား ငုံထားပါက သြားကိုက္ သြားနာမ်ား ေပ်ာက္ေစပါတယ္။သြားကိုက္၊ သြားနာေရာဂါမ်ားကို ခံစားေနရေသာ ေဝဒနာရွင္မ်ားအားလုံး သက္သာေပ်ာက္ကင္းႏိုင္ၾကပါေစ။

Add a Comment

Your email address will not be published.