ပိန်ချင်လွန်းလို့ သံပုယိုသီးရေစိမ်သောက်သူတွေ သတိထား..
|သံပုယိုသီးစိမ်ထားတဲ့ရေကိုအလွန်အကျွံသောက်သုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ
ခုခေတ်စားနေတဲ့ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့အပြင် ကိုယ်အလေးချိန်လျှော့ ချရာမှာလည်း အသုံးဝင်လှတဲ့သံပုယိုသီးစိမ်ထားတဲ့ရေ (Lemon water) ကို det၀x အကြောင်း စိတ်ဝင်စားသူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ၎င်းအရည်ကို ပုံမှန်အား
ဖြင့် မနက်ဘာမျှ မစားမသောက်မီ ဦးစွာသောက်သုံးလေ့ရှိကြပါတယ်။
ဒါပေမယ့်လည်း ဘယ်အရာမှအလွန်အကျွံဆိုတာမကောင်းပါဘူး။ lemon water ဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့်လည်း အများကြီးသောက်ပါက အောက်ပါပြဿနာအချို့ကို ကြုံတွေ့ရနိုင်ပါတယ်။
1. ရင်ပူခြင်း
သံပုယိုသီးစိမ်ထားတဲ့ရေဟာ ရင်ပူခြင်းခံစားနေရပါက ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဘာကြောင့် အဲလိုဖြစ်ရလဲဆိုတာ သံပုယိုရည်မှာပါတဲ့ အယ်လ်ကာလီသက်ရောက်မှုကြောင့် အက်စစ်တွေပြန်ဆန် တက်လာရခြင်းဖြစ်ပါတယ်။
2. သွားကြွေလွှာများပျက်စီးခြင်း
အက်စစ်ပါဝင်တဲ့အစားအသောက်တွေကို အများကြီးစားခြင်းကြောင့် သွားတွေပျက်စီးစေနိုင်ပါတယ်။ lemon water ကို သောက်ရင်းတဖြည်းဖြည်းနဲ့ သွားရဲ့ကြွေလွှာတွေပျက်စီးလာပြီး ပူတဲ့အစားအစာတွေနဲ့ အေးတဲ့အစားအစာတွေစားရင် မခံနိုင်ဖြစ်လာပါတယ်။ ဒါတွေ
ကာကွယ်နိုင်ဖို့ Lemon water သောက်ရင် ပိုက်နဲ့စုပ်သောက်သင့်ပါတယ်။ အကယ်၍ သွားတွေပျက်စီးနေပြီဆိုပါက သွားဆရာဝန်ထံသွား၍ ကုသမှုခံယူသင့်ပါတယ်။
3. ဆီးသွားများခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်း
သံပုယိုသီးမှာပါတဲ့ ဗီတာမင် C ဓာတ်ဟာ သဘာဝဆီးဆေးတစ်မျိ်ုးပဲဖြစ်ပါတယ်။ ဆိုလိုတာက ဆီးသွားများစေခြင်းကြောင့် ဆားဓာတ်နဲ့ရေဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ Lemon Water သောက်ခြင်းဟာ ခန္ဓာကိုယ်ကိုအကျိုးပြုနိုင်တယ်ဆိုပေမယ့်လည်း ရေဓာတ်
ခန်းခြောက်ခြင်း စတင်ခံစားနေရပြီဆိုပါ က လျှော့ပြီးသောက်သုံးသင့်ပါတယ်။ သံပုယိုသီးစိမ်ထားတဲ့ detox water ရေဟာ သဘဝပစ္စည်းတွေနဲ့ပြုလုပ်ထားတာကြောင့် အန္တရာယ်မရှိဘူးဆိုပေမယ့်လည်း အခြားကျန်းမာရေးပြဿနာတွေရှိပါက မသောက်သုံးမီ ဆရာဝန်နှင့်
ကြိုတင်ဆွေးနွေးသင့်ပါတယ်။
Crd Dr. Thinzar
Zawgyi Version
သံပုယိုသီးစိမ္ထားတဲ့ေရကိုအလြန္အကြၽံေသာက္သုံးျခင္းရဲ႕ေဘးထြက္ဆိုးက်ိဳးမ်ား
ခုေခတ္စားေနတဲ့ ကိုယ္ခႏၶာထဲက အဆိပ္အေတာက္ေတြဖယ္ရွားေပးတဲ့အျပင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ ခ်ရာမွာလည္း အသုံးဝင္လွတဲ့သံပုယိုသီးစိမ္ထားတဲ့ေရ (Lemon water) ကို det၀x အေၾကာင္း စိတ္ဝင္စားသူတိုင္း ၾကားဖူးၾကပါလိမ့္မယ္။ ၎အရည္ကို ပုံမွန္အား
ျဖင့္ မနက္ဘာမွ် မစားမေသာက္မီ ဦးစြာေသာက္သုံးေလ့ရွိၾကပါတယ္။
ဒါေပမယ့္လည္း ဘယ္အရာမွအလြန္အကြၽံဆိုတာမေကာင္းပါဘူး။ lemon water ဟာ က်န္းမာေရးကို အေထာက္အကူျပဳတယ္ဆိုေပမယ့္လည္း အမ်ားႀကီးေသာက္ပါက ေအာက္ပါျပႆနာအခ်ိဳ႕ကို ႀကဳံေတြ႕ရႏိုင္ပါတယ္။
1. ရင္ပူျခင္း
သံပုယိုသီးစိမ္ထားတဲ့ေရဟာ ရင္ပူျခင္းခံစားေနရပါက ပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။ ဘာေၾကာင့္ အဲလိုျဖစ္ရလဲဆိုတာ သံပုယိုရည္မွာပါတဲ့ အယ္လ္ကာလီသက္ေရာက္မႈေၾကာင့္ အက္စစ္ေတြျပန္ဆန္ တက္လာရျခင္းျဖစ္ပါတယ္။
2. သြားေႂကြလႊာမ်ားပ်က္စီးျခင္း
အက္စစ္ပါဝင္တဲ့အစားအေသာက္ေတြကို အမ်ားႀကီးစားျခင္းေၾကာင့္ သြားေတြပ်က္စီးေစႏိုင္ပါတယ္။ lemon water ကို ေသာက္ရင္းတျဖည္းျဖည္းနဲ႔ သြားရဲ႕ေႂကြလႊာေတြပ်က္စီးလာၿပီး ပူတဲ့အစားအစာေတြနဲ႔ ေအးတဲ့အစားအစာေတြစားရင္ မခံႏိုင္ျဖစ္လာပါတယ္။ ဒါေတြ
ကာကြယ္ႏိုင္ဖို႔ Lemon water ေသာက္ရင္ ပိုက္နဲ႔စုပ္ေသာက္သင့္ပါတယ္။ အကယ္၍ သြားေတြပ်က္စီးေနၿပီဆိုပါက သြားဆရာဝန္ထံသြား၍ ကုသမႈခံယူသင့္ပါတယ္။
3. ဆီးသြားမ်ားျခင္းနဲ႔ ေရဓာတ္ခန္းေျခာက္ျခင္း
သံပုယိုသီးမွာပါတဲ့ ဗီတာမင္ C ဓာတ္ဟာ သဘာဝဆီးေဆးတစ္မ်ိ္ုးပဲျဖစ္ပါတယ္။ ဆိုလိုတာက ဆီးသြားမ်ားေစျခင္းေၾကာင့္ ဆားဓာတ္နဲ႔ေရဓာတ္ေတြကို ဆုံးရႈံးေစႏိုင္ပါတယ္။ Lemon Water ေသာက္ျခင္းဟာ ခႏၶာကိုယ္ကိုအက်ိဳးျပဳႏိုင္တယ္ဆိုေပမယ့္လည္း ေရဓာတ္
ခန္းေျခာက္ျခင္း စတင္ခံစားေနရၿပီဆိုပါ က ေလွ်ာ့ၿပီးေသာက္သုံးသင့္ပါတယ္။ သံပုယိုသီးစိမ္ထားတဲ့ detox water ေရဟာ သဘဝပစၥည္းေတြနဲ႔ျပဳလုပ္ထားတာေၾကာင့္ အႏၲရာယ္မရွိဘူးဆိုေပမယ့္လည္း အျခားက်န္းမာေရးျပႆနာေတြရွိပါက မေသာက္သုံးမီ ဆရာဝန္ႏွင့္
ႀကိဳတင္ေဆြးေႏြးသင့္ပါတယ္။
Crd Dr. Thinzar