အထူးကုဆရာဝန်ကြီးလို့ တောင်တင်စားခံရတဲ့ မျောက်ငိုသီးရဲ့ အစွမ်း
Sharing is caring!
အခေါ်အဝေါ်များ
ရုက္ခဗေဒအမည် Parkia Speciosa
မြန်မာ မျောက်ငိုသီး/
သစ်လိမ်သီး
ချင်း Zawng Tah (ဇောင်တ)
ကသည်း(အိန္ဒိယ) Yongchak
ထိုင်း Sator / Satow
မ လေး စင်္ကာပူ
အင်ဒိုနီးရှား Petai
ဖိလစ်ပိုင် U’ Pang
တရုတ် ချောင်တောင်း
တရုတ်(မန်ဒရင်း) Chou Dou ( ချို့ သို့ )
အင်္ဂလိပ် Stink Bean/
Bitter Bean
မှတ်ချက်။ အ ဝေရာပင် ဘောစကိုင်းပင် မဟုတ်ပါ။
ဆေးပညာရှင်များ လေ့လာဆန်းစစ်ချက်အရ မျောက်ငိုသီးမှာ သဘာဝသကြားသုံးမျိုးရှိတာကို တွေ့ ရ ပါ တယ်။ သစ်သီးသကြား၊ ဂလူးကို့စ်၊ ကြံသကာ တို့ဖြစ်ပါတယ်။ မျောက်ငိုသီးမှာအမျှင်ဓာတ်များပါဝင်တာမို့အားအင်ကိုဖြစ်စေပါတယ် ။ မျောက်ငိုသီးထဲ
မှာTryptophan ဓာတ် က လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသောကြောင့်စိတ်ကိုပေါ့ပါးစေ ပြီး စိတ်နေစိတ်ထားကိုပြောင်း လဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိုင်တဲ့စွမ်းအားရှိပါတယ်။ ဗီတာမင် B6 ပါရှိပြီးသွေးချိုကိုမျှတအောင်ညှိပေး
နိုင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ် ။ မြင့်မားသောသံဓာတ်ပါရှိတယ်။ မျောက်ငိုသီးရဲ့နှိုးဆွမှုကြောင့်သွေးထဲမှ (hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေး အားနည်းတဲ့အခါ အထောက်အကူပြုနိုင်ပါတယ်။
အထက်ပိုင်းဒေသမှာပေါက်ပြီး ထူးခြားတဲ့မျောက်ငိုသီး မှာ ပိုတက်ဆီယမ် (potassium) အများဆုံး ပါဝင်ပေမယ့် အငံဓာတ်က နည်းပါးတာမို့ အမေရိကန် စားသောက်ကုန်နှင့်ဆေးပညာ ဆိုင်ရာဌာနက မြောကျငိုသီးပာာ သွေးပေါင် ကိုကျ စေပြီး လေဖြတ်ခြင်းမှ ကာ
ကွယ်ပေးနိုင်ကြောင်း မျောက်ငိုသီးရဲ့စွမ်းအားကို မှတ်တမ်းတင်ထားပါတယ်။ နှလုံးရောဂါအတွက်လည်း အ ထောက်အကူပြုပါတယ်။ နေ့တိုင်း မနက်စာ၊ နေ့လည်စာတွင်မျောက်ငိုသီးကိုစားရင် ဦးနှောက်အတွက် အ ထောက်အကူပြုနိုင် ပါတယ်။ ပိုတက်ဆီယမ် များပါတာ
မို့ အသိဥာဏ် ပိုကောင်းလာခြင်း စိတ်ပျော်ရွှင်လန်းဆန်းစေပါတယ်။ အမျှင်ဓာတ်များပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ မျောက်ငိုသီး နှင့်ပျားရည်တို့စားခြင်းဖြင့် (အရက်မူးပြေစေပါတယ်) မျောက်ငိုသီးနှင့် ပျားရည်က အစာအိမ်ကိုအနားယူစေပြီးသွေးချို
ကို ညီမျှ အောင်ညှိပေးနိုင်စွမ်းရှိပါတယ်။ မျောက်ငိုသီးက လူ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အခါ သဘာဝ ခုခံနိင်သော အက်ဆစ် ဖြစ်သွားတာမို့ အစာအိမ်မ ကောင်းသူများအတွက် မကြာခဏ စားသုံးသင့်ပါတယ်။
ဝိတ်ကျ နိုင်စွန်းအားရှိပါတယ်။ ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးက သွေး ချိုကို ညှိပေးနိင်တာမို့ အော့အန်ခြင်းကို ကာကွယ်ပေးနိင်ပါတယ်။ ခြင်ကိုက်ခံရတဲ့ နေရာကို မျောက်ငိုသီးလိမ်းပေးခြင်းဖြင့် အ ရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှု
ကိုလျှော့စေတယ်။ မျောက်ငိုသီးတွင် ဗီတာမင် ဘီ ဓာတ်များပါဝင်တာမို့ အာရုံကြောအတွက် အ ထောက်အကူပြုပါတယ်။ မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာပြန် လည်ကောင်းမွန်ရန် အထောက်အကူပြုပါတယ်။
ဆေးလိပ်ဖြတ်ရာတွင် နီကိုတင်း(Nicotine )ကို ပျက်စီးစေပါတယ်။
“New England Journal of Medicine” လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်သေဆုံးရခြင်း အန္တရာယ်မှ ကင်းဝေးနှုန် း၄၀% ရှိပါတယ်။ မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (protein)၊ ကာဗွန်ဟိုက်ဒရိတ်(
carbohydrate) ၊ ဖော့စပရပ် သုံးဆ( phosphorus) ၊ ဗီတာမင်အေနှင့် သံဓာတ်က ငါးဆ။ အခြားဗီတာမင်နှင့် ပိုတက်ဆီယမ်များပါဝင်တာမို့ကျန်းမာရေးအတွက် အသင့်တော် ဆုံးအစားအစာ ဖြစ်ပါတယ်။ နေ့တိုင်းမျောက်ငိုသီးစားရင် ဆရာဝန်နဲ့ ကင်းဝေးတယ်လို့
တောင် ပြောကြပါတယ်။ ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ……….
မျောက်ငိုသီး (Petai) က မလေးရှား ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ စင်ကာပူ ၊ မြန်မာနိုင်ငံများတွင် ရှိပါတယ်။ ဒညင်းသီးလို အနံ့ အရသာတူတယ်လို့သိရပါတယ်။ ဒညင်းသီး အစား မျောက်ငိုသီး စားတာက ကျန်းမာရေးနဲ့ ပိုသင့်လျှော်ပါတယ် ။ ဈေးလည်းချိုအလွယ်တကူ
ရနိုင်တဲ့ အစားအစာမို့ သူငယ်ချင်းတွေ ကိုမျှဝေ ပေးလိုက်ပါတယ် ။
သူငယ်ချင်းများအားလုံးကျန်းမာကြပါစေ ~~
မျောက်ငိုသီးကိုအစေ့လည်း စားလို့ရပါတယ်သူ့အစေ့ကသာမန်ယောက်ျားလက်တဆစ်စာလောက် ကြီးပါတယ် ကြော်စားဆားရည်စိမ် တို့စရာအဖြစ်လည်းကောင်း ဒီအတိုင်းလည်း စားရပါတယ် အပင်ကမကြီးပင်တို့လိုနှစ်ရှည်ပင်ပါ တချို့အပင်တွေဟာလက်နဲ့ အတောင်
၃၀/၄၀ မြင့်ပြီး အပင်ရဲ့လုံးပါတ်ကလူ၂ဖက်စာလောက် ကြီးမားပါတယ်။ အခွံကိုဇွန်းနဲ့ခြစ် မီးနဲ့ဘဲကင်ကင် ပြုတ်ပြီးပဲစားစား စားကောင်းတယ် ငပိချက်နဲ့ရောချက်လည်း စားကောင်းတယ် အနံ့က ဒညင်းသီးနဲ့ ဆင်ပါတယ်။ ဘောစ(စ်)ကိုင်းပင်နဲ့ မတူပါဘူး။ ဘော
စ(စ်)ကိုင်းက အပူပိုင်းပေါက်ပင်ဖြစ်ပြီး မျောက်ငိုသီးပင်က အ အေးပိုင်းပေါက်ပင်ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ်နဲ့ ချင်းပြည်နယ် တွေမှာ အများအပြားရှိပါတယ်။
#Crd
Zawgyi Version
အေခၚအေဝၚမ်ား
မြန်မာ မျောက်ငိုသီး/
သစ်လိမ်သီး
ချင်း Zawng Tah (ဇောင်တ)
ထိုင်း Sator / Satow
မ လေး စင်္ကာပူ
အင်ဒိုနီးရှား Petai
ဖိလစ်ပိုင် U’ Pang
တရုတ် ချောင်တောင်း
အင်္ဂလိပ် Stink Bean/
Bitter Bean
#Crd
Add a Comment
Your email address will not be published. Required fields are marked *