ပျိုပျိုမေတို့အတွက် သတင်းကောင်း

Sharing is caring!

မိန်းကလေးကိုယ်က အနံ့အသက်ကင်းစေမည့် သဘာဝနည်းလမ်းများ

အမျိုးသမီးတိုင်း မိန်းမကိုယ်အနံ့အသက်ဆိုးဝါးမှုကို ခံစားဖူးပေလိမ့်မည်။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ကျန်းမာရေးပါ။ ဒီလို အနံ့အသက်တွေ မကောင်းတာက ဘက်တီးရီးယားကြောင်းလည်း ဖြစ်တတ်သလို တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် နီမြန်းခြင်း၊ ယားယံခြင်း၊ ခြောက်သွေ့ခြင်းနှင့် မိန်းမကိုယ်တစ်ဝိုက် ငါးညှီနံ့ထွက်ခြင်းတွေ ခံစားရပြီဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ ဒီလို သဘာဝနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

(၁) မိန်းမကိုယ်အနံ့အသက်ကင်းစေမည့် ပစ္စည်းများ အသုံးပြုပါ
မိန်းမကိုယ်အနံ့အသက်ကင်းစေမယ့် ထုတ်ကုန်ပစ္စည်းတွေ အများကြီးရှိတာမို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားများကို ပယ်ရှားပေးနိုင်မည့် ထုတ်ကုန်ပစ္စည်းများကိုသာ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် PH level ထိန်းညှိပေးနိုင်မယ့် ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

(၂) ဒိန်ချဉ်အသုံးပြုပါ
နေ့စဉ် တစ်ရက်ကို ဒိန်ချဉ် (၂) ခွက်သောက်ပေးခြင်းက မိန်းမကိုယ်အနံအသက်ထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ဟာ မိန်းမကိုယ်တစ်ဝိုက်မှာရှိတဲ့ PH Levels ကို ထိန်းညှိပေးနိုင်တဲ့အတွက်ကြောင့်ပါ။

(၃) ရေကို အသုံးပြုပါ
ရေအများကြီး အသုံးပြုလိုက်တာက ခန္ဓာကိုယ်မှာရှိတဲ့ ဘက်တီးရီးယားနှင့် အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေသောက်နည်းခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ သကြားဓာတ်ကို လျော့နည်းစေနိုင်တာမို့ မိန်းမကိုယ်အနံ့အသက်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ရက်ကို ရေ ၈ ဖန်ခွက်ကနေ ၁ဝ ဖန်ခွက်အထိ သောက်ပေးသင့်ပါတယ်။

(၄) ရှာလကာရည်ဖြူ အသုံးပြုပါ
ရှာလကာရည်ဖြူဟာဆိုရင် PH level ကို ထိန်းညှိပေးနိုင်တာမို့ မိန်းမကိုယ်အနံ့အသက်ထွက်ခြင်းကို ပယ်ရှားပေးနိုင်ပါတယ်။ နည်းလမ်းကတော့ ရေနွေးနွေးလေးထဲမှာ ရှာလကာရည်ဖြူတစ်ဝက်ကို ထည့်ပါ။ ထို့နောက် မိနစ်အနည်းငယ်ကြာ မိမိရဲ့မိန်းမကိုယ်ကို စိမ်ပေးနိုင်ပါတယ်။

(၅) ပန်းသီးအရက် ရှာလကာရည်
ပန်းသီးအရက်ရှာလကာရည်ကို သင်ရေချိုးမည့်ရေထဲသို့ ထည့်ပြီး မိနစ်သုံးဆယ်ကြာ စိမ်ပါ။ ဒီလိုပြုလုပ်ခြင်းက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းကို တစ်ပတ်မှာ ၄ ကြိမ် သို့မဟုတ် ၅ ကြိမ် အသုံးပြုနိုင်ပါတယ်။

(၆) ကြက်သွန်ဖြူဖျော်ရည် သောက်ပါ
ကြက်သွန်ဖြူဟာဆိုရင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ သဘာဝအစားအစာတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်အနံ့အသက်ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူဖျော်ရည်ကို အစာမရှိချိန်မှာ သောက်ပေးနိုင်သလို ကြက်သွန်ဖြူမွှာလေးတွေကို မိန်းမကိုယ်ထဲထည့်သွင်းပြီး အနံ့အသက်တွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားနိုင်ပါတယ်။

(၇) မုန့်ဖုတ်ဆော်ဒါအသုံးပြုပါ
မုန့်ဖုတ်ဆော်ဒါ ထည့်ဖျော်ထားသော ရေဖြင့် မိန်းမကိုယ်ကို စိမ်ပေးနိုင်သလို ဆေးချနိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ဘက်တီးရီးယားနှင့် မှိုပေါက်ဖွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) လက်ဖက်ဆီ
လက်ဖက်ဆီအနည်းငယ်ထည့်ထားသော ရေဖြင့် မိန်းမကိုယ်ကို ဆေးကြောပေးပါ။

(၉) ဆီးဖြူသီး
မိန်းမကိုယ် အနံ့အသက်ကင်းစေဖို့ ဆီးဖြူသီးစားပေးပါ။ ဒီလိုနည်းလမ်းတွေနဲ့ ပြုလုပ်တာတောင် အနံ့ဆိုးထွက်ခြင်းတွေ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပါ။ မိန်းမကိုယ်သန့်ရှင်းဖို့ဆိုရင်တော့ တစ်ကိုယ်ရေသန့်ရှင်းမှု မှန်မှန်လုပ်ဖို့ လိုပါတယ်။ လစဉ်သုံးပစ္စည်းတွေကိုလည်း ၃ နာရီခြားတစ်ခါ လှဲလှယ်ပေးသင့်ပါတယ်။ မိန်းမကိုယ် သန့်ရှင်းမှုကိုလည်း မှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။

healthdigezt

Add a Comment

Your email address will not be published.