သင် ကြွက်ခနခနတက်နေတာ ဒီအချက်တွေကြောင့်ပါ…

Sharing is caring!

လူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သားနှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို…ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်

နိုင်သောကြွက်သားဟု ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။ ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်းတို့

ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု(သို့မဟုတ်)ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။ ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်

အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊ သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ ကိုယ်၀န်သက်တမ်း ဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှ

င့်လက်တို့မှာ ကြွက်တက်လေ့ရှိပါတယ်။

ကြွက်တက်ရသော အကြောင်းရင်း…

ရေဓာတ်အနည်းငယ်

ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာလူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ်

နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။ လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း

အချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်း လေ့ကျင့်ခဏ်းလုပ်ခြင်း၊

ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့်ကြွက် တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်(သို့မဟုတ်)ပိုတက်စီယမ်(သို့မဟုတ်)မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော(သို့မဟုတ်)ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများမှာ

သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။ ထို့ပြင် အယ်လဇိုင်းမား(ခေါ်)ဇရာ ကြိုရောဂါကု ဆေးဝါး၊ ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကို

လက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့ ပဋိဇီဝဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

ကြွက်တက်တဲ့အခါ

(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို အနားယူဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက်၏

ခြေချောင်းလေးများကို လက်ဖြင့်ကိုင်၍ချိုးပေးပါ(ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သား တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

နောက်တနည်း – မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်းဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့်၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂) အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။ ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်

ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမချင်း ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက် ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ (သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့ တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြေလျော့သွားစေပါတယ်။ (မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့်

နှိပ်နယ်ပါက ကြွက်တက်ခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)

ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန့် လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့် ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများနှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့ အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိ

သူများ နှင့်ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ (သို့မဟုတ်) သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို

ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်၀တဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

စိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊ သိုးသား တို့စားပေးပါ။

(၄) the National Institutes of Health မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့တာ ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ပါက ကြွက်သားများ ကျုံ့သွားစေနိုင်ပါ

တယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အရိုးပါဝါးစားလို့ ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊ ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေမှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်၀တဲ့ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊

အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသော အားဖြည့်ရေကို သောက်ပါ (သို့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့တာလုံးရေ သောက်နဲခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ ဘက်မှာရေ များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍ကြွက်တက်ခြင်းအတွက် အသုံး၀င်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။

Pauk Pauk

Zawgyi Version

လူ႔ခႏၶာကိုယ္မွာ (၁) ထိန္းခ်ဳပ္ႏိုင္ေသာ ႂကြက္သားႏွင့္ (၂) မထိန္းခ်ဳပ္ႏိုင္ေသာ ႂကြက္သား ဟူ၍ ႂကြက္သား ႏွစ္မ်ိဳးရွိပါတယ္။ ဥပမာ ေျခ ႏွင့္ လက္တို႔ မတင္ျခင္း၊ လႈပ္ရွားျခင္း၊ ေကြးျခင္း၊ ေခါက္ျခင္း စသည္တို…ျပဳလုပ္ခ်ိန္မွာ သုံးႏိုင္သည့္ႂကြက္သားကို ထိန္းခ်ဳပ္

ႏိုင္ေသာႂကြက္သားဟု ေခၚဆိုၿပီး၊ အေၾကာဆြဲျခင္း ႏွင့္ ႂကြက္တက္ျခင္းတို႔ျဖစ္ေစႏိုင္ေသာ ႂကြက္သားကိုေတာ့ မထိန္း ခ်ဳပ္ႏိုင္ေသာ ႂကြက္သားလို႔ေခၚပါတယ္။ ႐ုတ္တရက္မထင္မွတ္ဘဲ ႂကြက္သားမ်ားက်ဳံ႕သြားခ်ိန္မွာ ႂကြက္တက္ျခင္း (သို႔မဟုတ္) အေၾကာဆြဲျခင္းတို႔

ျဖစ္လာရပါတယ္။ ထိုအေၾကာဆြဲျခင္းက ႂကြက္သားတစ္ခု(သို႔မဟုတ္)ႂကြက္သားအုပ္စုတစ္စုကို ႐ုတ္တ တရက္ က်ဳံ႕သြားေစတာမ်ိဳးပါ။ ႂကြက္တက္တဲ့အခါ စကၠန္႔အနည္းငယ္(သို႔မဟုတ္)မိနစ္အနည္းငယ္မွ ယင္းထက္ပို၍လည္း ၾကာႏိုင္ပါတယ္။ က်ား၊မ အသက္အ႐ြယ္

အပိုင္းအျခားမေ႐ြး ႂကြက္တက္ႏိုင္ၿပီး၊ သက္ႀကီး႐ြယ္အိုမ်ား အိပ္ေနခ်ိန္မွာ ေသြးလည္ ပတ္မႈေႏွးေကြး သြားတာေၾကာင့္ ႂကြက္တက္ႏိုင္သလို၊ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ား ကိုယ္၀န္သက္တမ္း ဒုတိယသုံးလပတ္ ကာလအတြင္း ကိုယ္အေလးခ်ိန္ပိုလာတာေၾကာင့္ ေျခ ႏွ

င့္လက္တို႔မွာ ႂကြက္တက္ေလ့ရွိပါတယ္။

ႂကြက္တက္ရေသာ အေၾကာင္းရင္း…

ေရဓာတ္အနည္းငယ္

ဆုံးရႈံးမႈနဲ႔ အတူ ဆား (Na) ဓာတ္ ဆုံးရႈံးမႈေတြရဲ႕အက်ိဳးဆက္အျဖစ္ ေျခသလုံးႂကြက္သားေတြ နာက်င္ၿပီး ႂကြက္တက္တာကို ခံစားလာရပါတယ္။ ပူျပင္းတဲ့ရာသီမွာလူအမ်ားစုခံစားရေလ့ရွိၿပီး ႂကြက္သားေတြ အျပင္းအထန္လႈပ္ရွား၍ ပင္ပန္းႏြမ္းနယ္ေနတဲ့အခါ ေရဓာတ္

နဲ႔ ဆားဓာတ္ ဆုံးရႈံးမႈမ်ားေလ ႂကြက္တက္တာပိုဆိုးေလပါဘဲ။ ဒါ့ျပင္ အလြန္ခ်မ္းေအးတဲ့ ေဆာင္းရာသီမွာလည္း ေသြးလည္ပတ္မႈေႏွးေကြးသြားတာေၾကာင့္ ႂကြက္တက္ေလ့ရွိပါတယ္။ လႈပ္ရွားမႈမရွိျခင္း၊ ေလ့က်င့္ခန္းမ လုပ္ျခင္း၊ ကိုယ္ဟန္အေနအထား တစ္မ်ိဳးတည္း

အခ်ိန္အၾကာႀကီးရပ္ျခင္း၊ ကုလားထိုင္ေပၚတြင္ အၾကာႀကီးထိုင္ေနျခင္း (သို႔မဟုတ္) ေျခခ်င္းခ်ိတ္၍ အခ်ိန္အၾကာႀကီးထိုင္ၿပီးေနာက္ ႐ုတ္တရက္ မတ္တပ္ထရပ္ျခင္း၊ ၿငိမ္သက္စြာ အိပ္စက္ၿပီးေနာက္ ေျခ ေထာက္အေၾကာဆန္႔ျခင္း၊ ခပ္ျပင္းျပင္း ေလ့က်င့္ခဏ္းလုပ္ျခင္း၊

ေရကူးျခင္း စသည့္ အေၾကာင္းအမ်ိဳးမ်ိဳးတို႔ေၾကာင့္ႂကြက္ တက္ႏိုင္သလို၊ ခႏၶာကိုယ္ထဲမွာ ကယ္လ္စီယမ္(သို႔မဟုတ္)ပိုတက္စီယမ္(သို႔မဟုတ္)မဂၢနီစီယမ္ဓာတ္ခ်ိဳ႕တဲ့ျခင္း၊ ေရဓာတ္ခမ္း ေျခာက္ျခင္း၊ အာ႐ုံေၾကာ(သို႔မဟုတ္)ႂကြက္သားမ်ားဒဏ္ရာရျခင္း၊ ႂကြက္သားမ်ားမွာ

ေသြးလည္ပတ္မႈ အားနည္းျခင္း၊ ေက်ာက္ ကပ္မေကာင္းျခင္း စသည့္ေရာဂါမ်ားေၾကာင့္လည္း ႂကြက္တက္ႏိုင္ပါတယ္။ ထို႔ျပင္ အယ္လဇိုင္းမား(ေခၚ)ဇရာ ႀကိဳေရာဂါကု ေဆးဝါး၊ ေျခတုန္လက္တုန္(ေခၚ)ပါကင္န္ဆဲန္ေရာဂါကု ေဆးဝါး၊ ေသြးတိုးေရာဂါ ေပ်ာက္ေဆး၊ ကို

လက္စထေရာ ေလွ်ာ့ခ်ေဆး၊ ဆီးေဆး၊ အသည္းေဆးမ်ား၊ ပဋိသေႏၶတားေဆး၊ steroids စတဲ့ ပဋိဇီဝေဆးမ်ားရဲ႕ေဘးထြက္ဆိုးက်ိဳးမ်ားက ႂကြက္တက္ျခင္း ကိုျဖစ္ေစႏိုင္ပါတယ္။

ႂကြက္တက္တဲ့အခါ

(၁) ႂကြက္တက္ရင္ လႈပ္ရွားမႈေတြရပ္တန္႔ၿပီး ႂကြက္တက္တဲ့ေျခေထာက္ကို အနားယူေျဖေလွ်ာ့ေပးပါ။ ဥပမာ မတ္တတ္ရပ္ေနစဥ္ ႂကြက္တက္ပါက ဦးစြာထိုင္ခ်ၿပီးေနာက္ ေျခေခ်ာင္း ႏွင့္ ဒူးကို အလိုက္သင့္ေကြးထားေပးပါ၊ ၿပီးရင္ ႂကြက္တက္ေနတဲ့ ေျခေထာက္၏

ေျခေခ်ာင္းေလးမ်ားကို လက္ျဖင့္ကိုင္၍ခ်ိဳးေပးပါ(ေျခေထာက္ဆန္႔တန္းထားေလ၊ ႂကြက္သား တင္းမာေလျဖစ္တာေၾကာင့္ နာက်င္မႈ ပိုလာေစပါမယ္)

ေနာက္တနည္း – မတ္တတ္ရပ္ေနစဥ္ ႂကြက္တက္ပါက နံရံကိုမ်က္ႏွာမူ၍ မတ္တပ္ရပ္ပါ၊ ၿပီးရင္ ေျခေထာက္ကို ျဖည္းျဖည္းျခင္းဆန္႔တန္း၍ ထိုနံရံ ကို ေျခေထာက္ျဖင့္ ကန္ထားပါ။ စကၠန္႔၂၀ ေလာက္ ကန္ထားျခင္းျဖင့္ ႂကြက္ သားေတြ သူ႔အလိုလိုျပန္က်သြားပါလိမ့္မယ္။

(၂) အကယ္၍ ေျခေထာက္ေကြးထားစဥ္မွာ လက္ဝဲဖက္ေျခေထာက္ ႂကြက္တက္ ေနၿပီဆိုပါစို႔။ ဦးစြာ လက္ယာဖက္ေျခေထာက္ကို ဆန္႔တန္း၍၊ ျပႆနာျဖစ္ေနတဲ့ လက္ဝဲဖက္ေျခေထာက္ကို ရင္ေခါင္းထိ ေရာက္ေအာင္ ဖိကပ္လိုက္ပါ။ ၿပီးရင္ ဖေနာင့္ကို ေျမျပင္ေပၚ

ေထာက္၍ ေျခေခ်ာင္းေလးေတြကိုေတာ့ မိုးေပၚေထာင္ထားေပးပါ။ ႂကြက္သားေတြျပန္ မက်မခ်င္း ဤနည္းအတိုင္းလုပ္ေပးပါ။

(၃) ႂကြက္တက္တဲ့အခါ ဖုထစ္နာက်င္ေနတဲ့ ႂကြက္သားေနရာကို အသာအယာ ဖ်စ္ညႇစ္ၿပီး ေျဖေလွ်ာ့ေပးႏိုင္သလို၊ ဓာတ္ဆားရည္နဲ႔ အီလက္ထ႐ိုလိုက္ ေဖ်ာ္ရည္ေတြ ေသာက္သုံးေပးပါ။

(၄) ႂကြက္သားေပၚကို ေရေႏြးအိတ္အပူ ဖိကပ္ေပးပါ (သို႔မဟုတ္) ႂကြက္တက္ေနတဲ့ ႂကြက္သားဖုေပၚကို ေရေႏြးပုလင္းျဖင့္ ေအာက္ ဖက္သို႔ ဆြဲခ်၍ အသာအယာ လွိမ့္ေပးပါ။

(၅) ဆပ္ျပာရည္ ေလာင္းခ်ေပးပါ။ ဆပ္ျပာရည္ရဲ႕ တန္ျပန္ဓာတ္ သက္ေရာက္မႈ ေၾကာင့္ ႂကြက္သားေတြကို စကၠန္႔အနည္းငယ္အတြင္းမွာပင္ ေျပေလ်ာ့သြားေစပါတယ္။ (မွတ္ခ်က္။ ႂကြက္တက္ေနခ်ိန္ အႏွိပ္ ခံျခင္းက သက္သာႏိုင္တယ္ဆိုေပမယ့္၊ မွားယြင္းေသာနည္းျဖင့္

ႏွိပ္နယ္ပါက ႂကြက္တက္ျခင္းကို ပိုမိုဆိုး႐ြားသြားေစႏိုင္လို႔ သတိျပဳပါ)

ႂကြက္တက္ျခင္းအတြက္ အိမ္တြင္းကုထုံးေလးမ်ား

(၁) အေညာင္းမိျခင္းေၾကာင့္ ႂကြက္တက္ႏိုင္ပါတယ္၊ ဒါေၾကာင့္ ေျခဆန္႔လက္ဆန္႔ လုပ္ျခင္း၊ ေသြးပူေလ့က်င့္ခန္းလုပ္ျခင္း၊ အေၾကာေလ်ာ့ျခင္းတို႔ျဖင့္ ႂကြက္တက္ျခင္းကို ႀကိဳတင္ကာကြယ္ထားႏိုင္ပါတယ္။

(၂) ဆိုဒီယမ္(ေခၚ)ဆားအငံဓာတ္ လြန္ကဲစြာ စားသုံးျခင္းက လူကို ေဘးျဖစ္ေစေသာ္လဲ၊ အာ႐ုံခံအဂၤါအဖြဲ႕အစည္းမ်ားႏွင့္ ႂကြက္သားမ်ား ေကာင္းစြာအလုပ္လုပ္ေစႏိုင္ဖို႔ အတြက္ သင့္တင့္ေသာ ဆိုဒီယမ္ပမာဏက မရွိမျဖစ္ေလးပါ။ ဒါေၾကာင့္ မၾကာခဏႂကြက္တတ္ေလ့ရွိ

သူမ်ား ႏွင့္ေခြၽးထြက္သန္ သူမ်ားအဖို႔ ဥပမာ အငံဓာတ္ပါရွိေသာ မုန္႔အငံစားပါ (သို႔မဟုတ္) သစ္သီးကို ဆားရည္အနည္းငယ္စိမ္၍ စားပါ။

(၃) the University of Maryland Medical Center မွ က်န္းမာေရးသုေတသီမ်ား၏ အႀကံျပဳခ်က္အရ၊ အ႐ြယ္ေရာက္ၿပီးသူ တစ္ဦးရဲ႕ တစ္ေန႔တာ ပိုတက္စီယမ္ဓာတ္ လိုအပ္ခ်က္ပမာဏမွာ ၄၇၀၀ မီလီဂရမ္ျဖစ္ၿပီး၊ ထိုဓာတ္ခ်ိဳ႕တဲ့ျခင္းက ႂကြက္တက္ျခင္းကို

ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ပိုတက္စီယမ္ႂကြယ္၀တဲ့ အစားအစာမ်ားျဖစ္ၾကေသာ ဌက္ေပ်ာသီး၊ ဖရဲသီး၊ ေရွာက္ သံပုရာ သံပ႐ိုသီးမ်ား၊ ေထာပတ္သီး၊ အာလူး၊ ကန္စြန္းဥ၊ ႏြားႏို႔၊ စြံပလြန္သီး၊ တ႐ုပ္ဇီးသီး၊ စပ်စ္သီး၊ စပ်စ္ေျခာက္၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ

စိမ္း၊ လိေမၼာ္သီး၊ ဂရိတ္ဖ႐ုသီး၊ ေရငံငါး အမ်ိဳးမ်ိဳး၊ ၀က္သား၊ သိုးသား တို႔စားေပးပါ။

(၄) the National Institutes of Health မွ က်န္းမာေရးသုေတသီမ်ား၏ အႀကံျပဳခ်က္အရ၊ အ႐ြယ္ေရာက္ၿပီးသူ တစ္ဦး၏တစ္ေန႔တာ ကယ္လ္စီယမ္ လိုအပ္ ခ်က္ပမာဏမွာ ၁၀၀၀ မီလီဂရမ္ျဖစ္ၿပီး၊ ထိုဓာတ္ခ်ိဳ႕ တဲ့ပါက ႂကြက္သားမ်ား က်ဳံ႕သြားေစႏိုင္ပါ

တယ္တဲ့။ ႏြားႏို႔၁-ဖန္ခြက္မွ ကယ္လ္စီယမ္ ၂၄၄ မီလီလီတာ ရရွိႏိုင္မွာျဖစ္သလို၊ ကယ္လ္စီယမ္ဓာတ္ႂကြယ္၀တဲ့ အ႐ိုးပါဝါးစားလို႔ ရတဲ့ ငါးေသးမ်ား၊ ဒိန္ခ်ဥ္၊ ခ်ိစ္၊ ဗာဒံေစ့၊ သဖန္းသီး၊ ကတြတ္သီး၊ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္တို႔ စားေပးပါ။

(၅) အားနည္းျခင္း၊ ႂကြက္တက္ျခင္း ႏွင့္ ႂကြက္သားမ်ားက်ဳံ႕ျခင္းတို႔ဟာ မဂၢနီစီယမ္ဓာတ္အားနည္းတဲ့ လကၡဏာမ်ားျဖစ္ၾကပါတယ္။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြမွာ မဂၢနီစီယမ္ဓာတ္လိုအပ္မႈ မ်ားျပားပါတယ္။ ထိုဓာတ္ေတြႂကြယ္၀တဲ့ အစိမ္းေရာင္ပဲသီးအမ်ိဳးမ်ိဳး၊

အေစ့အဆံမ်ား၊ ေကာက္ႏွံ မ်ား၊ ဌက္ေပ်ာသီး ႏွင့္ ကၫြတ္ ဟင္းႏုနယ္႐ြက္ ကိုက္လံတို႔လို အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္တို႔ စားေပးပါ။

(၆) ညဘက္ ႂကြက္တက္ ေလ့ရွိသူမ်ားအဖို႔ quinine ဓာတ္ပါရွိေသာ အားျဖည့္ေရကို ေသာက္ပါ (သို႔မဟုတ္) quinine ဓာတ္ပါရွိေသာ Qualaquin ေဆးကိုမွီဝဲပါ။

(၇) အရက္ေသစာ ေသာက္စားျခင္းက ညအိပ္ေပ်ာ္ေနစဥ္မွာ ႂကြက္တက္ျခင္းႏွင့္ ဆက္စပ္မႈရွိေနလို႔ သတိျပဳသင့္ပါ တယ္။

(၈) တစ္ေန႔တာလုံးေရ ေသာက္နဲျခင္းကလည္း ညအိပ္ေပ်ာ္ေနစဥ္မွာ ႂကြက္တက္ႏိုင္တာေၾကာင့္၊ ေန႔ ဘက္မွာေရ မ်ားမ်ားေသာက္ေပးပါ။

(၉) အိပ္ေပ်ာ္ေနစဥ္ ႂကြက္တက္ေလ့ရွိသူမ်ားက၊ ညအိပ္ယာမ၀င္ခင္ ေျခသလုံးႂကြက္သား အေၾကာမ်ားကို ေျဖေလ်ာ့ႏွိပ္နယ္ေပးထားျခင္းျဖင့္ ႂကြက္မတက္ေအာင္ ႀကိဳတင္ကြယ္ရာေရာက္ပါတယ္။

(၁၀) Primrose oil (ေခၚ)အဝါေရာင္ပန္းပြင့္အဆီေတြက ေသြးေၾကာပိတ္ဆို႔၍ႂကြက္တက္ျခင္းအတြက္ အသုံး၀င္တာေၾကာင့္ ထိုပန္းပြင့္ျဖင့္ေဖာ္စပ္ ထားတဲ့အဝါေရာင္ေဆး အဆီလုံး (Primrose oil) ကို ညအိပ္ယာမ၀င္ခင္ ေသာက္ပါ။

Pauk Pauk

Add a Comment

Your email address will not be published.