သင့်လက်တစ်ကမ်းမှာ ရှိတဲ့ ဘောစကိုင်းရဲ့ ဆေးဖက်ဝင်ပုံ

Sharing is caring!

စွယ်စုံရ ဘောစကိုင်း (Leucaena Glauca )

ဆေးအသုံးပြုနည်း။

၁။ အရွက် လက်တစ်ဆုပ်စာကို ရေနှင့် ၃ ခွက် ၁ ခွက်တင်ပြုတ်ပြီး လက်ဖက်ရည်ကြမ်း ပန်းကန်တစ်လုံး မနက် ၁ ကြိမ် ညနေ ၁ ကြိမ် သောက်ပါက သွေးတိုးရောဂါ ကျဆင်းစေပါသည်။

၂။ အရွက်နုများကိုပြုတ်၍ မကြာခဏတို့စားခြင်း သုပ်စားခြင်းများပြုလုပ်ပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်၍ရရှိစေပါသည်။ ကိုယ်ဝန်ပျက်ခြင်းမှ ကင်းဝေးစေပါသည်။

၃။ အရွက်များကို ရေဖြင့်စင်ကြယ်စွာဆေးပြီး ညက်နုအောင်ထောင်း၍ အနာဟောင်း အနာဆွေးများကို အုံပေးထားပါက အနာပျောက်မြန်စေသည်။

၄။ ပြည်တစိုစိုရှိနေသော အနာများကို အရွက်ကို ပြုတ်ပြီး ထိုပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းဖြင့် အနာများ အသားနုတက်မြန်စေပါသည်။

၅။ အရွက်နုကို ဟင်းချိုအဖြစ်၊တို့စရာအဖြစ်၊သုပ်စားပေးခြင်းဖြစ်စေ စားသုံးစေခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာ ပျောက်ကင်းစေပါသည်။

၆။ အစာမှားအဆိပ်ဖြစ်ခြင်း၊ မအီမလည်ဖြစ်ခြင်း၊ အော့အန်ခြင်းများဖြစ်နေပါက အရွက်ကြမ်းလက်တစ်ဆုပ်ခန့်ကို ၃ ခွက် ၁ ခွက်တင်ကျိုပြီး သောက်ပေးပါက အစားမှားခြင်း အဆိပ်သင့်ခြင်း တို့ကို သက်သာပျောက်ကင်းစေပါသည်။

ရိုးရာဆေးပင်နှင့်ဆေးနည်းများ စာအုပ်မှကူးယူဖော်ပြပါသည်။

-ဆေးဒါန

စြယ္စုံရ ေဘာစကိုင္း (Leucaena Glauca )

ေဆးအသုံးျပဳနည္း။

၁။ အ႐ြက္ လက္တစ္ဆုပ္စာကို ေရႏွင့္ ၃ ခြက္ ၁ ခြက္တင္ျပဳတ္ၿပီး လက္ဖက္ရည္ၾကမ္း ပန္းကန္တစ္လုံး မနက္ ၁ ႀကိမ္ ညေန ၁ ႀကိမ္ ေသာက္ပါက ေသြးတိုးေရာဂါ က်ဆင္းေစပါသည္။

၂။ အ႐ြက္ႏုမ်ားကိုျပဳတ္၍ မၾကာခဏတို႔စားျခင္း သုပ္စားျခင္းမ်ားျပဳလုပ္ေပးပါက ကိုယ္ဝန္ပ်က္က်တတ္ေသာ အမ်ိဳးသမီးမ်ား ကိုယ္ဝန္ျပန္၍ရရွိေစပါသည္။ ကိုယ္ဝန္ပ်က္ျခင္းမွ ကင္းေဝးေစပါသည္။

၃။ အ႐ြက္မ်ားကို ေရျဖင့္စင္ၾကယ္စြာေဆးၿပီး ညက္ႏုေအာင္ေထာင္း၍ အနာေဟာင္း အနာေဆြးမ်ားကို အုံေပးထားပါက အနာေပ်ာက္ျမန္ေစသည္။

၄။ ျပည္တစိုစိုရွိေနေသာ အနာမ်ားကို အ႐ြက္ကို ျပဳတ္ၿပီး ထိုျပဳတ္ရည္ျဖင့္ ဖန္ရည္ေဆးေပးျခင္းျဖင့္ အနာမ်ား အသားႏုတက္ျမန္ေစပါသည္။

၅။ အ႐ြက္ႏုကို ဟင္းခ်ိဳအျဖစ္၊တို႔စရာအျဖစ္၊သုပ္စားေပးျခင္းျဖစ္ေစ စားသုံးေစျခင္းျဖင့္ အစာအိမ္ေရာဂါကို သက္သာ ေပ်ာက္ကင္းေစပါသည္။

၆။ အစာမွားအဆိပ္ျဖစ္ျခင္း၊ မအီမလည္ျဖစ္ျခင္း၊ ေအာ့အန္ျခင္းမ်ားျဖစ္ေနပါက အ႐ြက္ၾကမ္းလက္တစ္ဆုပ္ခန္႔ကို ၃ ခြက္ ၁ ခြက္တင္က်ိဳၿပီး ေသာက္ေပးပါက အစားမွားျခင္း အဆိပ္သင့္ျခင္း တို႔ကို သက္သာေပ်ာက္ကင္းေစပါသည္။

႐ိုးရာေဆးပင္ႏွင့္ေဆးနည္းမ်ား စာအုပ္မွကူးယူေဖာ္ျပပါသည္။

-ေဆးဒါန

Add a Comment

Your email address will not be published.