ကြက်သွန်နီ အခွံတွေကို လွှင့်မပစ်ပါနဲ့..ဒီအတိုင်းသုံးလိုက်ပါ..
|သီးပင်စားပင်တွေအတွက် ကြက်သွန်နီအခွံ ဆေးရည်
ကြက်သွန်နီခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါး စတဲ့ အပင်အတွက် လိုအပ်တဲ့အဟာရဓါတ်များစွာ ပါဝင်တဲ့အပြင် ကြက်သွန်နီ အခွံအနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင်တားဆီးပေးစေပါတယ်။
ပြုလုပ်နည်း
=========
ကြက်သွန်နီခွံခြောက် ၅ ကျပ်သားနဲ့ ရေ ၁ လီတာကို ဘူးလွတ်တစ်ခုထဲ ထည့်၍ ၂၄ နာရီထားပါ။
နောက်ထပ် ရေ ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။
ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များသို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါတယ်။
ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ်ကျွေးနိုင်ပါတယ်။
credit
#Shared_Myay
Zawgyi Version
ပြုလုပ်နည်း
=========
credit
#Shared_Myay