မြန်မာပြည်က တရားဝင်လူသတ်သမားများ
|Tyreဟာသူ့ကိုအသုံးပြုနေချိန်မှာလူ့အသက်နဲ့သက်ဆိုင်ပါတယ်။ ဒီအတွက် Tyre Manufacture တွေဟာ standard reference test tire (SRTT) အတိုင်းပြုလုပ်ပြီး test standard ပြည့်မီကြောင်းapproval တွေရယူကြပါတယ်။ အများသိကြတာက
“DOT” symbol ဖြစ်ပါတယ်။ Ture မှာ DOT နံပါတ်နဲ့ Symbol ပါရင်စိတ်ချရပါတယ်။ ဒါဟာ U.S. Department of Transportation (DOT) National Highway Traffic Safety Administration (NHTSA) tire safety standards ပြည့်မီ
ကြောင်းဖြစ်ပြီးဒါပါမှာ US မှာရောင်းချခွင့်ရမှာဖြစ်ပါတယ်။ တာယာဝယ်ရင် DOT standard (or) ECE certificate ရှိမရှိလေ့လာပါ။ ECE က ECE stands for ‘Economic Commission for Europe’ ဖြစ်ပြီး Europe standard ပြည့်မီပါမယ်။
တာယာ Quality ပြည့်မီပြီးနောက်ထပ်အရေးကြီးတာက Date of Manufacture ပါ။ တာယာဟာထုတ်လုပ်တဲ့ခုနှစ်ကနေ ၅နှစ်အတွင်းအကောင်းဆုံးဖြစ်ပါတယ်။ တာယာdate လျော့တာနဲ့အမျှစျေးလျော့ပါတယ်။ ဥပမာ အသုံးများတဲ့သူအနေနဲ့အိမ်သုံးဆိုရင် 2019
date ကိုဝယ်ပါရင် 2021 date တာယာထက် စျေး ၄၀% ခန့်သက်သာပြီးစိတ်ချစွာ ၃နှစ်ခန့်သုံးနိုင်ပါတယ်။ Date အောကိသွားရင်..ဥပမာ ၂၀၁၇ dateTyre တွေအနေနဲ့ စွန့်ပစ်ရုံလဲလှယ်ရုံသာရှိပါမယ်။
တာယာ Date ပြင်ခြင်း
တာယာ Date လျော့တာကိုDate ပြင်ပြန်ရောင်းခြင်းဥပမာ တန်ဖိုးကြီးတာယာတွေမှာတွေ့ရတာများပါတယ်နိုင်ငံခြားသားမိတ်ဆွေတစ်ယောက်ကပြောတယ် မင်းတို့ဆီတာယာတွေကစျေးဘာလို့ပေါနေတာလဲ?
2018 Date tyreတွေနိုင်ငံခြားမှာစျေးက ပေါလွန်းလှပါတယ်။ Tyre တင်သွင်းစဥ် ဥပဒေအကာအကွယ်မရှိပါ။DATE ပေါ်မှာဘာမှစည်းကြပ်မှုမရှိပါ။ ဒီအတွက်date ပြင်ရောင်းမဲ့သူတွေအတွက်အတားအစီးမရှိပါ။ အမှန်အကန်တင်သွင်းသူတွေအတွက်လဲယှဥ်ရောင်းလို့ကိုမ
ရနိုင်ပါ။Date လျော့တာကိုပြင်တာထက်ဆိုးတာဟာ Date အောက်တဲ့တာယာတွေကိုပြင်တာပါ။ ဒါကတော့အမှိုက်ပုံထဲကနေအသက်သွင်းပြင်းလူသတ်တဲ့အဆင့်ပါ။
တာယာ Date ပြင်တာအမျိုးသမီးအများစုမသိနိုင်ပါ။ နောက်ပိုင်းကြည့်တတ်လာတယ်။ဒါပေမဲ့နောက်ပိုင်းစက်ပြင်(စက်ရုံတွေကပြင်လာချိန်) ခွဲလို့ခက်လာပါပြီ။
(ပုံမှာလေ့လာပါ) တော်တော်များများကခံရပါတယ်။ အဓိကစျေးကြည့်ကြတာပါ။ စျေးတွေပါတ်မေးတယ်။ တာယာ brand တူ Date တူရင်ပေါတဲ့နေရာလဲကြပါတယ်။ အသိတွေထဲကြုံရတာအများကြီးပါ။ ပုံပို့ပေးတယ်။ အစ်ကို့ဆီကစျေးများတယ်…ကိုယ်ကသိနေပြီ။
စီးပွားရေးမှာ မှန်ကန်တဲ့စျေးကွက်ဝေစုကိုမျှတစွာပြိုင်ဆိုင်ခြင်းသာပြုလုပ်လိုပါတယ်။ ဆိုင်မှာလဲလာရောင်းပါတယ်။ကုန်သည်ကပြောရောင်းပါတယ်။ခွဲမရပါ။ ကျွန်တော်လုံးဝမဝယ်ပါ။ မရောင်းပါ။ စျေးကြီး/စျေးကွာလို့မရောင်းရလဲတခြားရှိတာလေးရောင်းပြီသာနေပါတော့
မည်။ ကျွန်တော်ငွေရှာရလွယ်မှန်းအမြတ်များမှန်းသိပါသည်။လူသတ်သူအထောက်အပံ့မဖြစ်လိုပါ။
တောင်ကြီးမြို့၊အေးသာယာ၊စက်မှုဇုန်လမ်းဘေး
Credit – အောင်မြင်မိုး Tyre78
Zawgyi Version
Tyreဟာသူ႔ကိုအသုံးျပဳေနခ်ိန္မွာလူ႔အသက္နဲ႔သက္ဆိုင္ပါတယ္။ ဒီအတြက္ Tyre Manufacture ေတြဟာ standard reference test tire (SRTT) အတိုင္းျပဳလုပ္ၿပီး test standard ျပည့္မီေၾကာင္းapproval ေတြရယူၾကပါတယ္။ အမ်ားသိၾကတာက
“DOT” symbol ျဖစ္ပါတယ္။ Ture မွာ DOT နံပါတ္နဲ႔ Symbol ပါရင္စိတ္ခ်ရပါတယ္။ ဒါဟာ U.S. Department of Transportation (DOT) National Highway Traffic Safety Administration (NHTSA) tire safety standards ျပည့္မီ
ေၾကာင္းျဖစ္ၿပီးဒါပါမွာ US မွာေရာင္းခ်ခြင့္ရမွာျဖစ္ပါတယ္။ တာယာဝယ္ရင္ DOT standard (or) ECE certificate ရွိမရွိေလ့လာပါ။ ECE က ECE stands for ‘Economic Commission for Europe’ ျဖစ္ၿပီး Europe standard ျပည့္မီပါမယ္။
တာယာ Quality ျပည့္မီၿပီးေနာက္ထပ္အေရးႀကီးတာက Date of Manufacture ပါ။ တာယာဟာထုတ္လုပ္တဲ့ခုႏွစ္ကေန ၅ႏွစ္အတြင္းအေကာင္းဆုံးျဖစ္ပါတယ္။ တာယာdate ေလ်ာ့တာနဲ႔အမွ်ေစ်းေလ်ာ့ပါတယ္။ ဥပမာ အသုံးမ်ားတဲ့သူအေနနဲ႔အိမ္သုံးဆိုရင္ 2019
date ကိုဝယ္ပါရင္ 2021 date တာယာထက္ ေစ်း ၄၀% ခန္႔သက္သာၿပီးစိတ္ခ်စြာ ၃ႏွစ္ခန္႔သုံးႏိုင္ပါတယ္။ Date ေအာကိသြားရင္..ဥပမာ ၂၀၁၇ dateTyre ေတြအေနနဲ႔ စြန္႔ပစ္႐ုံလဲလွယ္႐ုံသာရွိပါမယ္။
တာယာ Date ျပင္ျခင္း
တာယာ Date ေလ်ာ့တာကိုDate ျပင္ျပန္ေရာင္းျခင္းဥပမာ တန္ဖိုးႀကီးတာယာေတြမွာေတြ႕ရတာမ်ားပါတယ္ႏိုင္ငံျခားသားမိတ္ေဆြတစ္ေယာက္ကေျပာတယ္ မင္းတို႔ဆီတာယာေတြကေစ်းဘာလို႔ေပါေနတာလဲ?
2018 Date tyreေတြႏိုင္ငံျခားမွာေစ်းက ေပါလြန္းလွပါတယ္။ Tyre တင္သြင္းစဥ္ ဥပေဒအကာအကြယ္မရွိပါ။DATE ေပၚမွာဘာမွစည္းၾကပ္မႈမရွိပါ။ ဒီအတြက္date ျပင္ေရာင္းမဲ့သူေတြအတြက္အတားအစီးမရွိပါ။ အမွန္အကန္တင္သြင္းသူေတြအတြက္လဲယွဥ္ေရာင္းလို႔ကိုမ
ရႏိုင္ပါ။Date ေလ်ာ့တာကိုျပင္တာထက္ဆိုးတာဟာ Date ေအာက္တဲ့တာယာေတြကိုျပင္တာပါ။ ဒါကေတာ့အမႈိက္ပုံထဲကေနအသက္သြင္းျပင္းလူသတ္တဲ့အဆင့္ပါ။
တာယာ Date ျပင္တာအမ်ိဳးသမီးအမ်ားစုမသိႏိုင္ပါ။ ေနာက္ပိုင္းၾကည့္တတ္လာတယ္။ဒါေပမဲ့ေနာက္ပိုင္းစက္ျပင္(စက္႐ုံေတြကျပင္လာခ်ိန္) ခြဲလို႔ခက္လာပါၿပီ။
(ပုံမွာေလ့လာပါ) ေတာ္ေတာ္မ်ားမ်ားကခံရပါတယ္။ အဓိကေစ်းၾကည့္ၾကတာပါ။ ေစ်းေတြပါတ္ေမးတယ္။ တာယာ brand တူ Date တူရင္ေပါတဲ့ေနရာလဲၾကပါတယ္။ အသိေတြထဲႀကဳံရတာအမ်ားႀကီးပါ။ ပုံပို႔ေပးတယ္။ အစ္ကို႔ဆီကေစ်းမ်ားတယ္…ကိုယ္ကသိေနၿပီ။
စီးပြားေရးမွာ မွန္ကန္တဲ့ေစ်းကြက္ေဝစုကိုမွ်တစြာၿပိဳင္ဆိုင္ျခင္းသာျပဳလုပ္လိုပါတယ္။ ဆိုင္မွာလဲလာေရာင္းပါတယ္။ကုန္သည္ကေျပာေရာင္းပါတယ္။ခြဲမရပါ။ ကြၽန္ေတာ္လုံးဝမဝယ္ပါ။ မေရာင္းပါ။ ေစ်းႀကီး/ေစ်းကြာလို႔မေရာင္းရလဲတျခားရွိတာေလးေရာင္းၿပီသာေနပါေတာ့
မည္။ ကြၽန္ေတာ္ေငြရွာရလြယ္မွန္းအျမတ္မ်ားမွန္းသိပါသည္။လူသတ္သူအေထာက္အပံ့မျဖစ္လိုပါ။
ေတာင္ႀကီးၿမိဳ႕၊ေအးသာယာ၊စက္မႈဇုန္လမ္းေဘး
Credit – ေအာင္ျမင္မိုး Tyre78