နွားတင်ပို့မှု ရပ်ဆိုင်းထားတာ မသိပဲ နွားမှောင်ခိုကူးတဲ့ လင်မယားနှစ်ဦးအဖြစ်

Sharing is caring!

ပြည်သူ့မဏ္ဍိုင် ပရဟိတ အဖွဲ့ဆိုတဲ့အမည်ခံပြီးတော့ ၁၂ ဘီးကား ၁၀ စီးနဲ့ နွား အကောင် ၂၂၀ ကို တရားမဝင် သယ်ဆောင်လာသူ ၂ ဦးကို ရဲတပ်ဖွဲ့က မသင်္ကာမှုနဲ့ စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ၎င်းတို့ နှစ်ဦးမှာ နေပြည်တော်ဟစ်တိုင် သတင်းမီဒီယာမှ မဖြိုးရတနာကျော် နှင့် သူ့ယောက်ျားဖြစ်သူ စောကျော်လင်း တို့ဖြစ်ကြောင်း နားမခေါ်ရဲကင်းမှူး ဒုရဲအုပ် ကျော်သူအောင်က အတည်ပြုပြောဆိုပါတယ်။

သူတို့ဟာ ပြည်သူ့မဏ္ဍိုင်ပရဟိတအဖွဲ့ဆိုတဲ့ အမည်နဲ့ နွားတွေကို မန္တလေး – အုန်းချော- မူဆယ် အထိ သယ်ဆောင်လာတဲ့ လမ်း နမ္မတူ တိုးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ဟာ နွားသယ်ဆောင်ခွင့်ပြုသည့်စာရွက်ကို ပြပေမယ့် ၂၀၁၉ ခုနှစ်တုန်းကခွင့်ပြုထားတဲ့စာအဟောင်း ဖြစ်တဲ့အပြင်၎င်းစာမှာလည်းအကောင် ၁၀၀ သယ်ဆောင်ခွင့်သာ ပါဝင်ပါတယ်။ အခု သယ်ဆောင်လာကတော့ အကောင် ၂၂ ၀ ဖြစ်တဲ့အပြင် နွားသယ်ဆောင်ခွင့်ကိုလည်း လွန်ခဲ့တဲ့ ၅ လခန့်ကတည်းက ရပ်ဆိုင်းထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် နွားများ တရားမဝင်သယ်ဆောင်လာတဲ့ နေပြည်တော်ဟစ်တိုင်သတင်းမီဒီယာမှ မဖြိုးရတနာကျော် နဲ့ ခင်ပွန်းဖြစ်သူတို့နှင့်တကွ ယာဉ်မောင်းများကို အရေးကြီးဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါတယ်။

Source- People Media

Zawgyi Version

ျပည္သူ႔မ႑ိဳင္ ပရဟိတ အဖြဲ႕ဆိုတဲ့အမည္ခံၿပီးေတာ့ ၁၂ ဘီးကား ၁၀ စီးနဲ႔ ႏြား အေကာင္ ၂၂၀ ကို တရားမဝင္ သယ္ေဆာင္လာသူ ၂ ဦးကို ရဲတပ္ဖြဲ႕က မသကၤာမႈနဲ႔ စစ္ေဆးဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

သတင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ၎တို႔ ႏွစ္ဦးမွာ ေနျပည္ေတာ္ဟစ္တိုင္ သတင္းမီဒီယာမွ မၿဖိဳးရတနာေက်ာ္ ႏွင့္ သူ႔ေယာက္်ားျဖစ္သူ ေစာေက်ာ္လင္း တို႔ျဖစ္ေၾကာင္း နားမေခၚရဲကင္းမႉး ဒုရဲအုပ္ ေက်ာ္သူေအာင္က အတည္ျပဳေျပာဆိုပါတယ္။

သူတို႔ဟာ ျပည္သူ႔မ႑ိဳင္ပရဟိတအဖြဲ႕ဆိုတဲ့ အမည္နဲ႔ ႏြားေတြကို မႏၲေလး – အုန္းေခ်ာ- မူဆယ္ အထိ သယ္ေဆာင္လာတဲ့ လမ္း နမၼတူ တိုးဂိတ္မွာ ဖမ္းဆီးခံခဲ့ရတာပါ။

သူတို႔ဟာ ႏြားသယ္ေဆာင္ခြင့္ျပဳသည့္စာ႐ြက္ကို ျပေပမယ့္ ၂၀၁၉ ခုႏွစ္တုန္းကခြင့္ျပဳထားတဲ့စာအေဟာင္း ျဖစ္တဲ့အျပင္၎စာမွာလည္းအေကာင္ ၁၀၀ သယ္ေဆာင္ခြင့္သာ ပါဝင္ပါတယ္။ အခု သယ္ေဆာင္လာကေတာ့ အေကာင္ ၂၂ ၀ ျဖစ္တဲ့အျပင္ ႏြားသယ္ေဆာင္ခြင့္ကိုလည္း လြန္ခဲ့တဲ့ ၅ လခန႔္ကတည္းက ရပ္ဆိုင္းထားျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ ႏြားမ်ား တရားမဝင္သယ္ေဆာင္လာတဲ့ ေနျပည္ေတာ္ဟစ္တိုင္သတင္းမီဒီယာမွ မၿဖိဳးရတနာေက်ာ္ နဲ႔ ခင္ပြန္းျဖစ္သူတို႔ႏွင့္တကြ ယာဥ္ေမာင္းမ်ားကို အေရးႀကီးဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရွိရပါတယ္။

Source- People Media

Add a Comment

Your email address will not be published. Required fields are marked *