ပြည်ထောင်စုနေ့မှာစပြီး လမ်းကြောင်းပြောင်း နံပါတ်ပြောင်းပြီးပြေးဆွဲမယ့် YBS များစာရင်း

Sharing is caring!

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုဖြင့် YBS ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသော YBS ကုမ္ပဏီများမှ စီမံမှုအောက်ရှိ

ယာဉ်လိုင်းနံပါတ်တူ ဂိတ်ရင်း၊ ဂိတ်ဖျား မတူသောယာဉ်လိုင်းများအား ၁၂-၂-၂၀၂၂ ရက်နေ့မှစ၍ ဖော်ပြပါအတိုင်း ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ ပြေးဆွဲသွားမယ်လို့

သိရပါတယ်။လက်ရှိအချိန် YBS ယာဉ်လိုင်းများမှာ ခရီးစဉ် လမ်းကြောင်း အပြည့် မပြေးဆွဲခြင်း၊ ယာဉ်စီးခများ ထင်သလို ကောက်ခံခြင်း၊ စပယ်ယာများ၊ ဒရိုင်ဘာ မိန်းမများက

ယာဉ်စီးခများကို ကောက်ယူခြင်း၊ ညနေ ၃ နာရီဆိုလျှင် ကားများ မထွက်တော့ခြင်း၊ ကားများ စုတ်ချာလာခြင်း စတဲ့ ပြင်ဆင်ရမယ့် အချက်များ အများအပြား ရှိနေပါတယ်။

ထိုအချက်များကို ဦးစားပေး ပြင်ဆင်ခြင်း မပြုလုပ်ဘဲ ယာဉ်လိုင်းများကို ယခုလို ပြောင်းလဲ ပြေးဆွဲမည် ဆိုပါက ခရီးသွားပြည်သူများအနေနဲ့ အခက်အခဲတွေ ပိုမိုကြုံတွေ့ ရနိုင်ပါ

တယ်။

ကတ်စနစ်ကို အကောင်အထည်ဖော်နေတယ်ဆိုပေမယ့်လည်း ကတ်နဲ့ ဖြတ်လို့ ရတဲ့ စက်များကို ဒရိုင်ဘာများ ကိုယ်တိုင်က ဖြုတ်ထားခြင်း၊ ကတ်ငွေဖြည့်သည့် စနစ်များ အဆင်

လုံးဝ မပြေခြင်းကြောင့် ကတ်စနစ်ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ YBS စီးနင်းသူ ပြည်သူတဦးက မှတ်ချက်ပေးထားပါတယ်။

အများပြည်သူလူထု သက်သာချောင်ချိရေးအတွက် မစဉ်းစားဘဲ ရှေ့လူ လုပ်ထားသမျှကို အတင်းဝင်လုထားတဲ့ နောက်လူက ထင်သလို ပြင်ဆင်နေရင်တော့ စနစ်တခုလုံး

ကမောက်ကမနဲ့ ပြည်သူတွေ ပိုဒုက္ခရောက်နိုင်တယ်လို့လည်း ပြည်သူတဦးက ပြောကြားထားပါတယ်။

မကြာခင်ကာလမှာ ယာဉ်စီးခ ၄၀၀ ဖြစ်တော့မယ့် ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေဟာ ယခုလို အနာအဆာတွေ များလွန်းလှတဲ့ အခြေအနေကြောင့် ရေရှည်တည်တံ့မလား၊ အရင်တုန်း

ကလိုပဲ ဟိုင်းလတ်ကား ခြေနင်းခုံမှာ တန်းစီ တွယ်စီးရတဲ့ အဖြစ်ရောက်မလားဆိုတာကတော့…..

Zawgyi Version

ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) ႀကီးၾကပ္မႈျဖင့္ YBS ယာဥ္လိုင္းမ်ား ေျပးဆြဲလ်က္ရွိေသာ YBS ကုမၸဏီမ်ားမွ စီမံမႈေအာက္ရွိ

ယာဥ္လိုင္းနံပါတ္တူ ဂိတ္ရင္း၊ ဂိတ္ဖ်ား မတူေသာယာဥ္လိုင္းမ်ားအား ၁၂-၂-၂၀၂၂ ရက္ေန႔မွစ၍ ေဖာ္ျပပါအတိုင္း ယာဥ္လိုင္းနံပါတ္အသစ္မ်ားျဖင့္ ေျပာင္းလဲ ေျပးဆြဲသြားမယ္လို႔

သိရပါတယ္။လက္ရွိအခ်ိန္ YBS ယာဥ္လိုင္းမ်ားမွာ ခရီးစဥ္ လမ္းေၾကာင္း အျပည့္ မေျပးဆြဲျခင္း၊ ယာဥ္စီးခမ်ား ထင္သလို ေကာက္ခံျခင္း၊ စပယ္ယာမ်ား၊ ဒ႐ိုင္ဘာ မိန္းမမ်ားက

ယာဥ္စီးခမ်ားကို ေကာက္ယူျခင္း၊ ညေန ၃ နာရီဆိုလွ်င္ ကားမ်ား မထြက္ေတာ့ျခင္း၊ ကားမ်ား စုတ္ခ်ာလာျခင္း စတဲ့ ျပင္ဆင္ရမယ့္ အခ်က္မ်ား အမ်ားအျပား ရွိေနပါတယ္။

ထိုအခ်က္မ်ားကို ဦးစားေပး ျပင္ဆင္ျခင္း မျပဳလုပ္ဘဲ ယာဥ္လိုင္းမ်ားကို ယခုလို ေျပာင္းလဲ ေျပးဆြဲမည္ ဆိုပါက ခရီးသြားျပည္သူမ်ားအေနနဲ႔ အခက္အခဲေတြ ပိုမိုႀကဳံေတြ႕ ရႏိုင္ပါ

တယ္။

ကတ္စနစ္ကို အေကာင္အထည္ေဖာ္ေနတယ္ဆိုေပမယ့္လည္း ကတ္နဲ႔ ျဖတ္လို႔ ရတဲ့ စက္မ်ားကို ဒ႐ိုင္ဘာမ်ား ကိုယ္တိုင္က ျဖဳတ္ထားျခင္း၊ ကတ္ေငြျဖည့္သည့္ စနစ္မ်ား အဆင္

လုံးဝ မေျပျခင္းေၾကာင့္ ကတ္စနစ္ဟာ ေအာင္ျမင္ႏိုင္မွာ မဟုတ္ဘူးလို႔ YBS စီးနင္းသူ ျပည္သူတဦးက မွတ္ခ်က္ေပးထားပါတယ္။

အမ်ားျပည္သူလူထု သက္သာေခ်ာင္ခ်ိေရးအတြက္ မစဥ္းစားဘဲ ေရွ႕လူ လုပ္ထားသမွ်ကို အတင္းဝင္လုထားတဲ့ ေနာက္လူက ထင္သလို ျပင္ဆင္ေနရင္ေတာ့ စနစ္တခုလုံး

ကေမာက္ကမနဲ႔ ျပည္သူေတြ ပိုဒုကၡေရာက္ႏိုင္တယ္လို႔လည္း ျပည္သူတဦးက ေျပာၾကားထားပါတယ္။

မၾကာခင္ကာလမွာ ယာဥ္စီးခ ၄၀၀ ျဖစ္ေတာ့မယ့္ ဝိုင္ဘီအက္စ္ယာဥ္လိုင္းေတြဟာ ယခုလို အနာအဆာေတြ မ်ားလြန္းလွတဲ့ အေျခအေနေၾကာင့္ ေရရွည္တည္တံ့မလား၊ အရင္တုန္း

ကလိုပဲ ဟိုင္းလတ္ကား ေျခနင္းခုံမွာ တန္းစီ တြယ္စီးရတဲ့ အျဖစ္ေရာက္မလားဆိုတာကေတာ့…..

Add a Comment

Your email address will not be published.