ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကို လုပ်ပါ

Sharing is caring!

လူတစ်ယောက်ကျန်းမာချင်ရင် –

– ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် — လေ သန့်ရမယ်။- သွေး သန့်ရမယ်။- ဆီး သန့်ရမယ်။- ဝမ်း သန့်ရမယ်။

လေသန့်အောင်စွမ်းဆောင်မယ်။- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။- ညှော်နံ့တွေ ရှောင်ပါ။- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။

သွေးသန့်အောင်ပြုပြင်မယ်သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။

အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ — ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။

– ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

– အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

ဆီးသန့်အောင် ဆောင်ရွက်မယ်

– ဆီးအောင့်မထားပါနဲ့။- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။

– ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။- ဆေးကုလားမ ဖျော်ရည်သောက်ပါ။

– အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။

– မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။

– ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။

– ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။

(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ

အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

ထပ်မှာချင်ပါတယ်။- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။

ဆရာ ဦးရန်အောင်။

Zawgyi Version

လူတစ္ေယာက္က်န္းမာခ်င္ရင္ –

– ဝမ္းႏႈတ္ေဆးမစားဘဲ ဝမ္းမွန္သူ ျဖစ္ရပါမယ္။- ဆီး႐ႊင္႐ႊင္ သန္႔သန္႔သြားႏိုင္သူ ျဖစ္ရပါမယ္။- အရည္အခ်င္းမီေသာ ေသြးပိုင္ရွင္ ျဖစ္ရပါမယ္။

ဒီလိုျဖစ္ဖို႔က ဆီး၊ ဝမ္း၊ ေသြး၊ ေလ ညီၫြတ္မွ်တဖို႔ လိုပါတယ္။ ညီၫြတ္မွ်တရာမွာလည္း သန္႔သန္႔စင္စင္ေလးျဖစ္ဖို႔ လိုပါတယ္။

ဒါေၾကာင့္ — ေလ သန္႔ရမယ္။- ေသြး သန္႔ရမယ္။- ဆီး သန္႔ရမယ္။- ဝမ္း သန္႔ရမယ္။

ေလသန္႔ေအာင္စြမ္းေဆာင္မယ္။- ကရမက္ရည္က်ဲက်ဲေလး လိမ္းအိပ္ပါ။- ေညႇာ္နံ႔ေတြ ေရွာင္ပါ။- အသက္ရႉေလ့က်င့္ခန္းေလး ပုံမွန္တစ္ေန႔ႏွစ္ႀကိမ္ ျပဳလုပ္ေပးပါ။

ေသြးသန္႔ေအာင္ျပဳျပင္မယ္ေသြးသန္႔ဖို႔အတြက္ ကန္စြန္း႐ိုးနီကို စားရပါမယ္။ ကန္စြန္း႐ိုးနီဟာ အဆိပ္ကို ႏိုင္တယ္ဆိုတာလည္း ၾကားဖူးမွာပါ။

အဆိပ္မိလာတဲ့ေခြးေလးေတြကို ကန္စြန္း႐ိုးနီသတၱဳရည္ေလးနဲ႔ ထန္းလ်က္ေလးပါးစပ္ထဲထည့္ ေျခေထာက္ကေန ေဇာက္ထိုးဆြဲၿပီး ပတ္ခ်ာလွည့္လိုက္ရင္ အန္ထြက္လာမယ္။ ေနာက္ထပ္ သတၱဳရည္နဲ႔ ထန္းလ်က္ထပ္ေကြၽးလိုက္ရင္ အသက္မေသဘဲ ျပန္ရွင္ႏိုင္ပါတယ္။

ဒါေၾကာင့္ ကန္စြန္း႐ိုးနီနဲ႔ ေသြးကို ျပင္တဲ့ေနရာမွာ — ကန္စြန္း႐ိုးနီ ၁၅- ၂၀ ပင္ေလာက္ကို သန္႔စင္ၿပီး ေတာက္ေတာက္စင္းပါ။

– ေရျမဳပ္႐ုံထည့္ၿပီး ျပဳတ္ပါ။- ပြက္ပြက္ဆူလာရင္ ကန္စြန္း႐ြက္အိသြားၿပီး အေရာင္ျဖဴသြားပါလိမ့္မယ္။ ျပဳတ္ရည္က ေကာ္ဖီေရာင္ ေျပာင္းသြားပါလိမ့္မယ္။

– အဖတ္ကို စစ္ယူပါ။ သုပ္စားႏိုင္ပါတယ္။ ျပဳတ္ရည္ထဲကို ထန္းလ်က္တစ္ခဲနဲ႔ ဆားေလွာ္အနည္းငယ္ထည့္ၿပီး မီးမွ်ဥ္းမွ်ဥ္းေလးနဲ႔ တစ္ပြက္ႏွစ္ပြက္ဆူေအာင္ ျပန္တည္ပါ။ အဲသည့္ျပဳတ္ရည္ကို မနက္တစ္ခြက္၊ ညတစ္ခြက္ ေသာက္ပါ။

ဆီးသန္႔ေအာင္ ေဆာင္႐ြက္မယ္

– ဆီးေအာင့္မထားပါနဲ႔။- အထူးသျဖင့္ မနက္ေလးနာရီေလာက္မွာ သြားခ်င္တဲ့ဆီးကို ေအာင့္မထားပါနဲ႔။ ေအာင့္ထားပါက ဆီးပုပ္ၿပီး အဆိပ္ျပန္ျဖစ္ကာ ဒုကၡျပန္ေပးပါယ္။

– ေက်ာက္ဖ႐ုံသီးအစိမ္းကို ေၾကာ္ခ်က္၊ ဟင္းခ်ိဳ၊ အသားနဲ႔ ေရာေႏွာကာ ခ်က္စားပါ။- ေဆးကုလားမ ေဖ်ာ္ရည္ေသာက္ပါ။

– အုန္းႏုဇြန္းျခစ္ကို ရက္ျခားေသာက္ေပးပါ။ဝမ္းသန္႔ဖို႔ေအာက္ပါတစ္ခုခုစားေသာက္ပါ။

– မန္က်ည္းမွည့္ခ်ဥ္ခ်ိဳေလးကို ထန္းလ်က္နဲ႔ ေဖ်ာ္ေသာက္ပါ။ (ဆီးခ်ိဳသမားမ်ားလည္း ေသာက္သုံးႏိုင္ပါတယ္။) ခ်ဥ္ခ်ိဳအရသာ ျပဌာန္းဦးစီးရပါမယ္။

– ဒိန္ခ်ဥ္လည္း ေသာက္သုံးႏိုင္ပါတယ္။ ထန္းလ်က္ မမ်ားရ၊ ေရခဲ မထည့္ရ၊ ဒိန္ခ်ဥ္အရသာ ကဲပါေစ။

– ဖီးၾကမ္းငွက္ေပ်ာသီးမွည့္၊ ငွက္ေပ်ာ္ခ်ဥ္မွည့္ေလးလည္း စားႏိုင္ပါတယ္။

(၂၁) ရက္ေတာ့ လုပ္ေဆာင္ေပးပါ

အထက္ကေျပာခဲ့တဲ့ သန္႔ေလးသန္႔ျဖစ္ေအာင္ ၂၁ရက္ေလာက္ ေနထိုင္စားေသာက္ၿပီးရင္ ေဖာေယာင္တာေတြ က်သြားပါလိမ့္မယ္။ ေလ၊ ေသြး၊ ဆီး၊ ဝမ္း ေလးမ်ိဳးလုံး သန္႔သြားရင္ ေက်ာက္တည္တာကို ကာကြယ္ၿပီးသား ျဖစ္သြားပါၿပီ။

ထပ္မွာခ်င္ပါတယ္။- အသက္ရႉေလ့က်င့္ခန္းကို မွန္မွန္ လုပ္ေပးပါ။- ေရခ်ိဳးတိုင္း အခါး႐ြက္ျပဳတ္ရည္ေလးနဲ႔ ခ်ိဳးေပးပါ။- ေရခ်ိဳးၿပီးတိုင္း ကရမက္ကို တစ္ကိုယ္လုံး လိမ္းပါ။

ဆရာ ဦးရန္ေအာင္။

Add a Comment

Your email address will not be published.