သိသူနည်းတဲ့ ပီလောပီနံဥ အဆိပ်ဖယ်စားနည်း

Sharing is caring!

လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတယောက်နဲ့ စိုက်ပျိုးရေးခြံက အပြန်ပီလောပီနံဥတွေ လက်ဆောင်ပေးလိုက်တယ်။

အိမ်ရောက်တော့ ပြုတ်စားတယ်။ ပြောရရင် သိပ်စားမကောင်းတော့ များလည်းများနေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ်။ ဘာလုပ်ရင်ကောင်းမလည်းစဉ်းစားရင်း Google ခေါက်လိုက်တော့။ မြန်မာတွေပြောနေကျ စကားသွားသတိရတယ် ပီလောပီနံ ကို ပဲကြားလှော်နဲ့

တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို သေတယ်တို့ စသည်ဖြင့်ပေါ့။ တကယ်တမ်းက အဲ့တာတွေက ဘာအကိုးအကား အထောက်ထားမှ မတွေ့ရဘူး။ကျွန်တော် သွားတွေ့မိတာက ပီလောပီနံဥ (ကလောဥ) က အဆိပ်ပြင်းတဲ့ အကြောင်းသွားတွေ့တယ်။

ဆိုတော့ ဘယ်လို အဆိပ်ပြင်းသလည်းဆိုရင်..ပီလောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ်။အခါးဆိုတာတော့ ပြုပ်စားရင်တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာကတော့ ကန်စွန်းဥလို ချိုတာမျိုးမဟုတ်ပဲ မခါးလို့ အချိုမျိုးလို့ ခေါ်တာ။

အဲ့တော့ ပီလောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံးလောက် အလေးချိန်) မှာ အပေါ်က ပြောထားတဲ့ Cyanide အဆိပ်ဒြပ်ပေါင်း 300mg လောက်ပါပီးတော့အချိုမျိုးကတော့ 6mg လောက် ပါသေးတာကို တွေ့ရပါတယ်။

လူတယောက်သေဖို့ အတွက် Cyanide အဆိပ် 100mg ဆို လုံလောက်ပါတယ်။ခုလိုပြောလို့ အရမ်းတော့ လန့်မသွားပါနဲ့။ ဒီအဆိပ်တွေက ဘယ်မှာ ရှိလည်းဆိုရင် ပီလောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွား

တယ်လို့ဆိုပါတယ်။အရပ်စကားနဲ့ ပြောရရင် ပီလောပီနံ အဆိပ်သင့်တာကို တောက်တယ်လို့ ပြောကြတယ်။ ဘယ်လိုဖြစ်ပီး တောက်သလဲဆိုတာ ဖြစ်နိုင်ချေကို ပြန်စဉ်းစားရင် လူ ၁၀၀ မှာ ၉၉ ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီးတော့

ပြုတ်ထားတဲ့ အရည်တွေကလည်း အခွံပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။အခွံကို လက်နဲ့ မခွာပဲ ငှက်ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့ကလေးတွေလည်း ရှိကောင်းရှိမယ်။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အတော် နည်းသွားတော့ သေတဲ့ အဆင့်ထိ မရောက်ပဲ

မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုးလောက်ပုံ ကြုံရတာမျိုးပါ။အခုချိန်ကာလမှာ ပီလောပီနံတွေ ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်အောင် အချိန်မှီ သတိပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ရေးပီး ရှင်းပြပေးလိုက်ပါတယ်။

ပီလောပီနံဥစားမယ်ဆိုရင်✖အစိမ်းကို ယောင်လို့မှ မကိုက်မိပါစေနဲ့ ။✔အခွံကို ဓါးနဲ့ ခွာချပီး နူးအိနေအောင် သေခြာပြုတ်ပီးစားပါ။✔ရေခမ်းမပြုတ်ပဲ ရေများများနဲ့ ပြုတ်ပီးရင် ရေတွေ အကုန် သွန်ပစ်ပါ။✔ပြုတ်ပီးရင်လည်း စိတ်ချရအောင် အပေါ်က

ရေအေနဲ့ အနှံ့ဆေးချပေးမယ် ဆိုရင် စိတ်ချလက်ချစားလို့ ရပါပီ။

Zawgyi Version

လြန္ခဲ့တဲ့ (၃)ရက္က သူငယ္ခ်င္းတေယာက္နဲ႔ စိုက္ပ်ိဳးေရးၿခံက အျပန္ပီေလာပီနံဥေတြ လက္ေဆာင္ေပးလိုက္တယ္။

အိမ္ေရာက္ေတာ့ ျပဳတ္စားတယ္။ ေျပာရရင္ သိပ္စားမေကာင္းေတာ့ မ်ားလည္းမ်ားေနတာနဲ႔ စားမကုန္ဘူးျဖစ္သြားတယ္။ ဘာလုပ္ရင္ေကာင္းမလည္းစဥ္းစားရင္း Google ေခါက္လိုက္ေတာ့။ ျမန္မာေတြေျပာေနက် စကားသြားသတိရတယ္ ပီေလာပီနံ ကို ပဲၾကားေလွာ္နဲ႔

တြဲ မစားရဘူးတို႔ ၊ သၾကားနဲ႔ ဆို ေသတယ္တို႔ စသည္ျဖင့္ေပါ့။ တကယ္တမ္းက အဲ့တာေတြက ဘာအကိုးအကား အေထာက္ထားမွ မေတြ႕ရဘူး။ကြၽန္ေတာ္ သြားေတြ႕မိတာက ပီေလာပီနံဥ (ကေလာဥ) က အဆိပ္ျပင္းတဲ့ အေၾကာင္းသြားေတြ႕တယ္။

ဆိုေတာ့ ဘယ္လို အဆိပ္ျပင္းသလည္းဆိုရင္..ပီေလာပီနံဥမွာ အခ်ိဳမ်ိဳးနဲ႔ အခါးမ်ိဳးဆိုတာရွိတယ္။အခါးဆိုတာေတာ့ ျပဳပ္စားရင္ေတာင္ ခါးသက္သက္နဲ႔ ၊ အခ်ိဳဆိုတာကေတာ့ ကန္စြန္းဥလို ခ်ိဳတာမ်ိဳးမဟုတ္ပဲ မခါးလို႔ အခ်ိဳမ်ိဳးလို႔ ေခၚတာ။

အဲ့ေတာ့ ပီေလာပီနံ အခါးမ်ိဳး 300g (ၾကက္ဥ ၅လုံးေလာက္ အေလးခ်ိန္) မွာ အေပၚက ေျပာထားတဲ့ Cyanide အဆိပ္ျဒပ္ေပါင္း 300mg ေလာက္ပါပီးေတာ့အခ်ိဳမ်ိဳးကေတာ့ 6mg ေလာက္ ပါေသးတာကို ေတြ႕ရပါတယ္။

လူတေယာက္ေသဖို႔ အတြက္ Cyanide အဆိပ္ 100mg ဆို လုံေလာက္ပါတယ္။ခုလိုေျပာလို႔ အရမ္းေတာ့ လန္႔မသြားပါနဲ႔။ ဒီအဆိပ္ေတြက ဘယ္မွာ ရွိလည္းဆိုရင္ ပီေလာပီနံဥ ရဲ႕ အခြံမွာ ရွိပါတယ္။ ပြက္ပြက္ဆူတဲ့ ေရမွာ အခ်ိန္ၾကာၾကာ ျပဳတ္လိုက္ရင္ ျဒပ္ပ်ယ္သြား

တယ္လို႔ဆိုပါတယ္။အရပ္စကားနဲ႔ ေျပာရရင္ ပီေလာပီနံ အဆိပ္သင့္တာကို ေတာက္တယ္လို႔ ေျပာၾကတယ္။ ဘယ္လိုျဖစ္ပီး ေတာက္သလဲဆိုတာ ျဖစ္ႏိုင္ေခ်ကို ျပန္စဥ္းစားရင္ လူ ၁၀၀ မွာ ၉၉ ေယာက္က ျပဳတ္တယ္ဆိုရင္လည္း အခြံပါ ထည့္ျပဳတ္ၾကတယ္။ ပီးေတာ့

ျပဳတ္ထားတဲ့ အရည္ေတြကလည္း အခြံေပၚမွာ စိုပီးက်န္ခဲ့အုန္းမယ္။အခြံကို လက္နဲ႔ မခြာပဲ ငွက္ေပ်ာသီးစားသလို သြားနဲ႔ ကိုက္ခြာလိုက္တဲ့ကေလးေတြလည္း ရွိေကာင္းရွိမယ္။ ျပဳတ္ထားတဲ့ အတြက္ အဆိပ္ပမာန အေတာ္ နည္းသြားေတာ့ ေသတဲ့ အဆင့္ထိ မေရာက္ပဲ

မူးတာ ၊ အန္တာ ၊ သတိလစ္သြားတာ မ်ိဳးေလာက္ပုံ ႀကဳံရတာမ်ိဳးပါ။အခုခ်ိန္ကာလမွာ ပီေလာပီနံေတြ ေပါလာတဲ့ အခ်ိန္ကာလမို႔ အႏၲရာယ္ မျဖစ္ေအာင္ အခ်ိန္မွီ သတိေပးလိုတာမို႔ အခ်ိန္ကုန္ခံပီး စာအရွည္ႀကီး ေရးပီး ရွင္းျပေပးလိုက္ပါတယ္။

ပီေလာပီနံဥစားမယ္ဆိုရင္✖အစိမ္းကို ေယာင္လို႔မွ မကိုက္မိပါေစနဲ႔ ။✔အခြံကို ဓါးနဲ႔ ခြာခ်ပီး ႏူးအိေနေအာင္ ေသျခာျပဳတ္ပီးစားပါ။✔ေရခမ္းမျပဳတ္ပဲ ေရမ်ားမ်ားနဲ႔ ျပဳတ္ပီးရင္ ေရေတြ အကုန္ သြန္ပစ္ပါ။✔ျပဳတ္ပီးရင္လည္း စိတ္ခ်ရေအာင္ အေပၚက

ေရေအနဲ႔ အႏွံ႔ေဆးခ်ေပးမယ္ ဆိုရင္ စိတ္ခ်လက္ခ်စားလို႔ ရပါပီ။

Add a Comment

Your email address will not be published. Required fields are marked *