နားအေးရင်ပြီးရော ပူဆာတာကျွေးတတ်တဲ့ မိဘတွေ သတိထား
Sharing is caring!
ကိုယ်တွေ့ဖြစ်ရပ် – ကိုရီးယားအကင်ကြိုက်တဲ့ သားသား ဟော့ဒေါ့ (၃) ချောင်းစားပြီး ဖြစ်သွားတာပါ အရေးကြီးလို့ ကလေးရှိတဲ့ မေမေတွေမကျော်သွားပါနဲ့နော်..အရေးကြီးလို့ ကလေးရှိတဲ့ မေမေတွေမကျော်သွားပါနဲ့နော်.. သားသားက ကိုရီးယားအကင် အရမ်း
ကြိုက်တဲ့ သူပါ.. မေမေကလည်း ကျွေးနေကျမို့ သူပူဆာလို့ ကျွေးမိပါတယ်.. ခုပြောချင်တာက ခါတိုင်းစားရင် ဘာမှ မဖြစ်တတ်ပဲ ဟော့ဒေါ့ချောင်း ကြက်နီ တံဆိပ်ကို အိမ်မှာ ဝယ်ပီး ကျော်ကျွေးမိတယ်.. သားသားက ၃ ချောင်း စားမိတယ်.. စားပီး တစ်နာရီ
ကျော် ကြာတော့ သားသား မအီမလယ် ဖြစ်လာပါတယ်.. နှုတ်ခမ်းတွေ ပြာတတ်ပီး ညတစ်ကိုယ်လုံး ဖြူစုတ်လာပါတယ်..အစာမကျေဘူး ထင်ပီး မေမေကတော့ မြန်မာ လျက်ဆား လေး ကျွေးတယ်.. ခနနေတော့ သားသားက အကုန် ပြန် အန်ထွက်တယ်..
ဆေးခန်း သွားတော့ GP ဆရာဝန် က vitamin C 500 အား တိုက်ပီး အခြေနေ ကြည့်ခိုင်းပါတယ်.. သားသားက နှုတ်ခမ်း ပြာတတာတွေ မရော့သွားပါဘူး.. အမျိူး ဆရာဝန်က အောက်ဆီဂျင်တိုင်း ခိုင်းတော့ 91 ပဲ ရှိတယ်.. ဆရာက သူ့ဆီ အမြန်လာခိုင်း
တော့ ဆရာ့ဆီ ရောက်တော့ အောက်ဆီဂျင်က 76 ပဲရှိတော့တယ်.. ဆရာက ဆေးရုံ အမြန်ပြေးခိုင်းပါတယ်.. ဆေးရုံရောက်တော့ သားသားက ဒီ case နဲ့ ဆေးရုံ ရောက်လာတာ ၄ ယောက်မြောက်တဲ့.. အရင် လူတွေက သားသား ထက်ပိုဆိုးတယ်တဲ့..
ပြာပီး တတ်ပါ တတ်တာတဲ့.. ဆရာဝန်တွေလဲ လို အပ်တာ လုပ်ပေးပီး ခုတော့ သားသား ပြန်သက်သာ လာပါပီ.. အောက်ဆီဂျင်ကတော့ တစ်ညလုံး ရှုရပါတယ်.. သား ဆေးရုံကတောင် မဆင်းရသေးဘူး သားသားလိုမျိူး ကြက်အူချောင်းအနီ စားပီးဆေးရုံ
ရောက်လာတာ နောက်ထပ် ၂ ယောက်.. ပြာတတ် လာပီး အောက်ဆီ ဂျင်တွေ ကျလာတာ..ကလေးတွေ သနားပါတယ်.. ဆရာဝန် ကြီးတွေ round လှည့်တော့ သူတို့ဆေးရုံတွေမှာလည်း ကြက်အူချောင်း စားလို့ ရောက်လာတဲ့ ကလေးတွေ ၁၀ ယောက်လောက်ရှိ
ပီတဲ့.. ဒီမေမေလည်း အရမ်ပြာပီး ငိုဖို့ ကလွဲပီး ဘာမှ မတတ်နိုင်ခဲ့ဘူး.. သားသား လိုမျိူး ကလေးတွေ ထပ်မဖြစ်အောင် မေမေတွေ ဂရုစိုက်ပီး ကျွေးပါနော်.. ဒေါက်တာညီညီ (အင်းစိန်) နှင့်ပါရမီဆေးရုံမှ ဆရာ ဆရာမ များကို ကျေးဇူးအထူးတင်ပါတယ်..
ကလေးငယ်များနှင့် အစားအသောက် အန္တရာယ်.. အခု ရက်ပိုင်းအတွင်း ကလေးတွေမှာ အသက်အန္တရာယ်ထိ ကျရောက်နိုင်တဲ့ အစားအသောက်နဲ့ ဆက်စပ်နေတဲ့ ရောဂါတစ်မျိုးကို တွေ့လာရပါတယ်။
(၁) ဘာရောဂါလဲ?.. ဒီရောဂါ ကို Acquired Methemoglobinemia လို့ခေါ်ပါတယ်။ (၂) ဘယ်လို ကလေး တွေ မှာ ဖြစ်တာ လဲ?.. ဒီရောဂါဟာ အသင့်စား အစားအစာ Fast Food တွေမှာ ကြာရှည်ခံအောင် အသုံးပြုတဲ့ Nitrate ပါဝင်မှုများတဲ့
အစားအစာများကို စားသုံးမိတဲ့ ကလေးတွေမှာ တွေ့ရပါတယ်။ ဆေးတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုတလော နိုင်ငံခြားက တင်သွင်း ထားတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အကင် စားမိတဲ့ ကလေးတွေမှာ
အတွေ့များလာပါတယ်။ (၃) ရောဂါ လက္ခဏာ တွေက ဘာတွေလဲ?.. နေကောင်းကျန်းမာနေတဲ့ ကလေးတစ်ယောက် အထက်ပါ အစားအစာ စားမိပြီး ရုတ်တရက် ပြာလာရင် ဒီရောဂါ ဖြစ်ဖို့များပါတယ်။ ပြင်းထန်ရင် ကလေး ရုတ်တရက် မောတာ၊ တက်တာ၊ မှိန်း
လွန်းတာ သတိလစ်တာ၊ နှလုံးခုန်နှုန်း မမှန်တာ အဆိုးဆုံးကအသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်နိုင်ပါတယ်။ (၄) ဘာ ကြောင့် အခုလို လက္ခဏာ တွေ ပြရတာလဲ?.. လူတိုင်းအတွက် အောက်စီဂျင်ဟာ အလွန် အရေးကြီးပါတယ်.. လေထုထဲက အောက်စီဂျင်ကို အဆုတ်
က ရှူသွင်းပြီး သွေးထဲကို ပို့ဆောင်ပါတယ်.. ပြီးမှ လိုအပ်တဲ့ နေရာတွေကို သွေးဥနီမှာပါတဲ့ ဟီမိုဂလိုဘင် (Hb) က ပို့ဆောင်ပေးရပါတယ်.. အစားအသောက်တွေမှာ ကြာရှည်ခံအောင်သုံးတဲ့ Nitrate ကြောင့် Hb ကို metHb ပုံစံသို့
ပြောင်းသွားစေပါတယ်။ metHb ဟာ ပုံမှန်လုပ်ရမဲ့ သွေးထဲက Oxygen ကို လိုအပ်တဲ့ နေရာကို မပို့ပေးနိုင်တဲ့အတွက် သွေးထဲမှာ oxygen များနေပေမဲ့ အသုံးမချနိုင်တဲ့ အတွက် ခန္ဓာကိုယ်မှာ အောက်စီဂျင် ပြတ်တောက် သွားတဲ့အတိုင်း (Hypoxia) ခံစားရတာ
ဖြစ်ပါတယ်။ တနည်းအားဖြင့် oxygen delivery system shut down ဖြစ်သွားခြင်းပင်ဖြစ်ပါတယ်။ မိမိကလေးမှာ အပေါ်မှာ ဖေါ်ပြထားတဲ့ လက္ခဏာ တစုံတခုရှိရင် နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နှင့်အမြန်ဆုံး ပြသစေလိုပါတယ်။ မိမိတို့ ကလေးတွေ အန္တရာယ်
မဖြစ်ရအောင် လတ်တလော အခြေအနေအရ နိုင်ငံခြားမှ လာသော အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်း နှင့် အကင်များ စားသုံးခြင်းကို ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။
Dr. AK Thein
Zawgyi Version
ဆေးခန်း သွားတော့ GP ဆရာဝန် က vitamin C 500 အား တိုက်ပီး အခြေနေ ကြည့်ခိုင်းပါတယ်.. သားသားက နှုတ်ခမ်း ပြာတတာတွေ မရော့သွားပါဘူး.. အမျိုး ဆရာဝန်က အောက်ဆီဂျင်တိုင်း ခိုင်းတော့ 91 ပဲ ရှိတယ်.. ဆရာက သူ့ဆီ အမြန်လာခိုင်း
ပြာပီး တတ်ပါ တတ်တာတဲ့.. ဆရာဝန်တွေလဲ လို အပ်တာ လုပ်ပေးပီး ခုတော့ သားသား ပြန်သက်သာ လာပါပီ.. အောက်ဆီဂျင်ကတော့ တစ်ညလုံး ရှုရပါတယ်.. သား ဆေးရုံကတောင် မဆင်းရသေးဘူး သားသားလိုမျိုး ကြက်အူချောင်းအနီ စားပီးဆေးရုံ
ပီတဲ့.. ဒီမေမေလည်း အရမ်ပြာပီး ငိုဖို့ ကလွဲပီး ဘာမှ မတတ်နိုင်ခဲ့ဘူး.. သားသား လိုမျိုး ကလေးတွေ ထပ်မဖြစ်အောင် မေမေတွေ ဂရုစိုက်ပီး ကျွေးပါနော်.. ဒေါက်တာညီညီ (အင်းစိန်) နှင့်ပါရမီဆေးရုံမှ ဆရာ ဆရာမ များကို ကျေးဇူးအထူးတင်ပါတယ်..
Dr. AK Thein
Add a Comment
Your email address will not be published.