သင်္ဘောရွက်နဲ့ သင့်ဆံပင်ကို အရှည် မြန်အောင်လုပ်နည်း

Sharing is caring!

သင်္ဘောရွက်နဲ့ သင့်ဆံပင်ကို အရှည် မြန်အောင်လုပ်နည်းလေး ပြောပြပေးပါဆိုလို့ မျှဝေပေးလိုက်ပါတယ်။

ချစ်တို့ရေ… ဒီနေ့ Irene က မိန်းကလေးအများစု သိချင်နေကြတဲ့လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်နော်။

ဒါကတော့ ဆံပင်ရှည်မြန်အောင်လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။အားလုံး အလွယ်တကူရှာလို့ရတဲ့ သင်္ဘောရွက်ကို အဓိကသုံးပြီးလုပ်ပြသွားမှာမို့ အိမ်မှာကိုယ်တိုင်လုပ်နိုင်ပြီနော် 🤗

သင်္ဘောရွက်ဟာ ဆံပင်ရှည်မြန်စေရုံသာမက ဆံပင်ပါးတာ၊ ဆံလုံးသေးတာ၊ဆံပင်ဖြူတာအပြင် ဗောက်အတွက်ပါ အရမ်းကောင်းတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။

ကဲ… စာအများကြီးမရေးတော့ဘူး။ လုပ်နည်းလေးဆီပဲ သွားလိုက်ရအောင်နော်။

🔻ပါဝင်ပစ္စည်း
———–

1️⃣ သင်္ဘောရွက် – ၂ ရွက်

2️⃣ ဆန်ဆေးရည် – ပန်းကန်လုံးနဲ့ တစ်ခွက်

3️⃣ သံပုရာသီး – ၁ လုံး

🔻ပြုလုပ်ပုံ
——–

1️⃣ သင်္ဘောရွက် ၂ ရွက် ကို ရေဆေးပါ။

2️⃣ ကတ်ကြေး (သို့) ဓားဖြင့် အပိုင်းပိုင်းလှီးဖြတ်ပါ။

3️⃣ လှီးဖြတ်ထားသော သင်္ဘောရွက်များကို ဆန်ဆေးရည်တစ်ခွက်နဲ့ ရောပြီး Blender ထဲထည့်ကျိတ်ပါ။

4️⃣ အဖတ်များ​ကို ဇကာဖြင့်စစ်ထုတ်ပါ။

5️⃣ စစ်ထုတ်ပြီး ရလာတဲ့ အရည်ကို ဆူအောင်တည်ပါ။

7️⃣ အေးလာသည်အထိ အအေးခံထားပါ။

6️⃣ ပွက်ပွက်ဆူထားသော သင်္ဘောရည်ထဲသို့ သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။

🔻အသုံးပြုပုံ
———-

1️⃣ ခေါင်းမလျှော်မီ ဦးရေပြားနေရာအနှံ့ လိမ်းကာ နှိပ်နယ်ပေးပါ။

2️⃣ နာရီဝက် – ၁ နာရီ ခန့်အထိ ထားပါ။

3️⃣ ပုံမှန်သုံးနေကျအတိုင်း Shampoo ဖြင့် ခေါင်းလျှော်ပါ။

တစ်ပတ်တစ်ကြိမ်လုပ်ပါ။ ဆံပင်ရှည်မြန်လာပါလိမ့်မယ်။

📌 မှတ်ချက်မကျို/မချက်ထားသော အရည်ကိုမသုံးပါနဲ့။ အစေးကြောင့် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေရှင်🤍❤️

Credit Irene

Zawgyi Version

သေဘၤာ႐ြက္နဲ႔ သင့္ဆံပင္ကို အရွည္ ျမန္ေအာင္လုပ္နည္းေလး ေျပာျပေပးပါဆိုလို႔ မွ်ေဝေပးလိုက္ပါတယ္။

ခ်စ္တို႔ေရ… ဒီေန႔ Irene က မိန္းကေလးအမ်ားစု သိခ်င္ေနၾကတဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ေျပာျပမယ္ေနာ္။

ဒါကေတာ့ ဆံပင္ရွည္ျမန္ေအာင္လုပ္ႏိုင္မယ့္ အိမ္တြင္းနည္းလမ္းေကာင္းေလးပဲ ျဖစ္ပါတယ္။အားလုံး အလြယ္တကူရွာလို႔ရတဲ့ သေဘၤာ႐ြက္ကို အဓိကသုံးၿပီးလုပ္ျပသြားမွာမို႔ အိမ္မွာကိုယ္တိုင္လုပ္ႏိုင္ၿပီေနာ္ 🤗

သေဘၤာ႐ြက္ဟာ ဆံပင္ရွည္ျမန္ေစ႐ုံသာမက ဆံပင္ပါးတာ၊ ဆံလုံးေသးတာ၊ဆံပင္ျဖဴတာအျပင္ ေဗာက္အတြက္ပါ အရမ္းေကာင္းတဲ့ အ႐ြက္တစ္မ်ိဳးျဖစ္ပါတယ္။

ကဲ… စာအမ်ားႀကီးမေရးေတာ့ဘူး။ လုပ္နည္းေလးဆီပဲ သြားလိုက္ရေအာင္ေနာ္။

🔻ပါဝင္ပစၥည္း
———–

1️⃣ သေဘၤာ႐ြက္ – ၂ ႐ြက္

2️⃣ ဆန္ေဆးရည္ – ပန္းကန္လုံးနဲ႔ တစ္ခြက္

3️⃣ သံပုရာသီး – ၁ လုံး

🔻ျပဳလုပ္ပုံ
——–

1️⃣ သေဘၤာ႐ြက္ ၂ ႐ြက္ ကို ေရေဆးပါ။

2️⃣ ကတ္ေၾကး (သို႔) ဓားျဖင့္ အပိုင္းပိုင္းလွီးျဖတ္ပါ။

3️⃣ လွီးျဖတ္ထားေသာ သေဘၤာ႐ြက္မ်ားကို ဆန္ေဆးရည္တစ္ခြက္နဲ႔ ေရာၿပီး Blender ထဲထည့္က်ိတ္ပါ။

4️⃣ အဖတ္မ်ား​ကို ဇကာျဖင့္စစ္ထုတ္ပါ။

5️⃣ စစ္ထုတ္ၿပီး ရလာတဲ့ အရည္ကို ဆူေအာင္တည္ပါ။

7️⃣ ေအးလာသည္အထိ အေအးခံထားပါ။

6️⃣ ပြက္ပြက္ဆူထားေသာ သေဘၤာရည္ထဲသို႔ သံပုရာသီး တစ္လုံး ညႇစ္ထည့္ပါ။

🔻အသုံးျပဳပုံ
———-

1️⃣ ေခါင္းမေလွ်ာ္မီ ဦးေရျပားေနရာအႏွံ႔ လိမ္းကာ ႏွိပ္နယ္ေပးပါ။

2️⃣ နာရီဝက္ – ၁ နာရီ ခန႔္အထိ ထားပါ။

3️⃣ ပုံမွန္သုံးေနက်အတိုင္း Shampoo ျဖင့္ ေခါင္းေလွ်ာ္ပါ။

တစ္ပတ္တစ္ႀကိမ္လုပ္ပါ။ ဆံပင္ရွည္ျမန္လာပါလိမ့္မယ္။

📌 မွတ္ခ်က္မက်ိဳ/မခ်က္ထားေသာ အရည္ကိုမသုံးပါနဲ႔။ အေစးေၾကာင့္ ယားယံတာမ်ိဳး ျဖစ္တတ္ပါတယ္။

အားလုံးပဲ အဆင္ေျပၾကပါေစရွင္🤍❤️

Credit Irene

Add a Comment

Your email address will not be published.